1731 - 1735

243 24 0
                                    

အပိုင်း (၁၇၃၁) အဓိပတိ၏ သွန်သင်ချက်များ

     စကားပြောလိုက်သူမှာ အဓိပတိရူတောက်ဖြစ်သည်။ သူမ သူ့အား ခေါ်ဆိုပုံကို ကြားချိန်၌ ချင်နန် လုံး၀ကြက်သေသေသွားသည်။ ချင်နန် သူ့ကိုယ်သူ နားကြားမှားသည်ဟုပင် ထင်နေမိသည်။

    အဓိပတိရူတောက်သည် အဘယ်ကြောင့် သူ့ကို ယောက်ျားဟု ခေါ်ပါသနည်း…

       “အာ…ငါသိပါတယ်…ယောက်ျားအတွက် တအားအံ့ဩစရာမလို့ အခုလို ဖြစ်သွားတာပါ…တာအိုအရည်‌ဖျော်အင်မော်တယ်မီးတောက်ကို သန့်စင်တဲ့လူဘယ်သူမဆို ငါရဲ့ ယောက်ျားဖြစ်ရမယ်ဆိုတာ အရင်က ပြောဖို့ မေ့နေခဲ့တာ"
    အဓိပတိရူတောက် မျက်တောင်ပုတ်ခတ်လိုက်သည်။
     “စိတ်မပူပါနဲ့…ယောက်ျားရဲ့ ကျင့်ကြံမှုက အားနည်းသေးပေမဲ့ ပြဿနာမဟုတ်ပါဘူး…အဲကိစ္စကြောင့်နဲ့မလို့ ငါ
ယောက်ျားကို အနိုင်မကျင့်ပါဘူး"

      ချင်နန်သည် ထိုအချိန်၌  စိတ်နှင့် လူနှင့် မကပ်ဖြစ်နေသည်။ နောက်ဆုံး၌ သူ တဖြည်းဖြည်းသတိပြန်၀င်လာခဲ့သော်လည်း တောင့်တောင့်တင်းတင်း ဖြစ်နေဆဲဖြစ်သည်။
      “ဟုတ်ကဲ့…စီနီယာရူတောက်…ကျုပ်…ကျုပ် မသိခဲ့ဘူး"

     အဓိပတိရူတောက်၏ မျက်နှာတည်သွားပြီးနောက် အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။
      “ငါ့ကို စီနီယာလို့ခေါ်နေတုန်းလား"

     “အာ…မန်ယောင်…"
     ချင်နန်သည် ချက်ချင်းပင် ထိုအမျိုးသမီးအား ခေါ်ဆိုပုံကို ပြောင်းလဲလိုက်သည်။ သူသည် သူ၏ အတွေးများကို စုစည်းကာ မချိပြုံးပြုံးလိုက်သည်။
      “မန်ယောင်…ဒါက ကျုပ်အတွက် အရမ်းရုတ်တရက်ဆန်လွန်းတယ်…ဒါ့အပြင်…"

     သူ၏ စကားမဆုံးခင်မှာပင် အဓိပတိရူတောက် မကျေမနပ်ဖြင့် စကားဖြတ်ပြောလိုက်သည်။
       “ဒါကဘာသဘောလဲ…မင်းက ငါ့ရဲ့ လက်တွဲဖော်မဖြစ်ချင်ဘူးလား…ဒါမှမဟုတ် ငါက မင်းရဲ့ မိန်းမဖြစ်ဖို့မထိုက်တန်ဘူးလို့ထင်နေတာလား"
     သူမသည် ‘မထိုက်တန်ဘူး'ဟုသော စကားလုံးကို အလေးပေးကာပြောလိုက်သည်။

     “မဟုတ်…မဟုတ်…အဲလိုမဟုတ်ပါဘူး…"
    ချင်နန် အမှတ်တမဲ့ ခေါင်းခါယမ်းလိုက်သည်။ သို့သော်လည်း သူပြောသည့် စကားသည် အခြေအနေအား ပို၍ဆိုးရွားသွားစေနိုင်ကြောင်းကို သူ နားလည်လိုက်သည်။ သူ၏ အတွေးများကိုစုစည်းကာ အသက်ပြင်းပြင်းရှိုက်၍ ပြောလိုက်သည်။
      “မန်ယောင်…ပြဿနာက ကျုပ်မှာ လက်တွဲဖော်တွေရှိနေပြီ"

အဆန်းကြယ်ဆုံး သိုင်း၀ိဉာဥ် အတွဲ ၂ ( ၁၀၀၁ မှ ၁၉၈၀) ခွင့်ပြုချက်ရပြီးWhere stories live. Discover now