1796 - 1800

195 12 0
                                    

အပိုင်း(၁၇၉၆)မူလဝိညာဉ်ရေးရာစည်းတံဆိပ်

       ချင်နန်၏ မျက်လုံများအေးစက်သွားသည်။ သူ့အား ထိုကဲ့သို့ ခြိမ်းခြောက်သူများကို သူ အမုန်းဆုံးဖြစ်သည်။

      “ကောင်လေး…မင်းတော့ သူ့ဒေါသကို သွားဆွမိပြီ"
    တောက်ပခြင်းရှစ်ပါးနတ်ဆိုးအင်ပါယာ ရှေ့တက်လာပြီး အပြုံးဖြင့် ပြောလိုက်သည်။
      “ချင်နန် ဒီကျက်သတုံးကောင်ကို ငါနဲ့ထားခဲ့လိုက်စမ်းပါ…ငါအချိန်အတော်ကြာ မသုံးတာကြာပြီဖြစ်တဲ့ နည်းလမ်းတချို့ကို သုံးလိုက်မယ်"
    ချင်နန် ခေါင်းညိတ်ပြီးနောက် ဘေးဖယ်ပေးလိုက်၏။

     “ခင်ဗျား…ခင်ဗျားဘာလုပ်မလို့လဲ"
    လူငယ်  နှလုံးခုန်မြန်သွားသည်။
    ထို့နောက် ဂူထဲတွင် နာကျင်စွာအော်သံများနှင့် တောင်းပန်သံများ ထွက်ပေါ်လာသည်။
    အဆုံး၌ တောက်ပခြင်းရှစ်ပါးနတ်ဆိုးအင်ပါယာသည် တစ်ချိန်က နတ်‌ဆိုးအင်ပါယာတစ်ယောက်ဖြစ်သည်။
    သူ၏ စွမ်းအားသည် ချင်နန်ထက်နိမ့်ကျသော်လည်း တစ်စုံတစ်ယောက်အား နှိပ်စက်သည့်နေရာတွင် ချင်နန်‌ဆယ်ယောက်ရှိလျှင်ပင် သူ့ထက်သာလိမ့်မည်မဟုတ်ချေယ

      “အဟမ်း…အဟမ်း…ကျင့်ကြံသူ တောက်ပခြင်းရှစ်ပါး…ဒီလောက်ဆိုရလောက်ပါပြီ…သူအခုကစပြီး သူ ကောင်းကောင်းမွန်မွန်ပြုမူတော့မှာပါ"
   ယွမ်ကျိသည် နောက်ထပ်ရပ်မနေနိုင်တော့ဘဲ ဝင်ပြောလိုက်သည်။

     “အိုး... ငါ ပျော်တောင် မပျော်ရသေးဘူး"
    တောက်ပခြင်းရှစ်ပါးနတ်ဆိုးအင်ပါယာသည် ဆန္ဒမရှိစွာဖြင့် သူ၏ နှိပ်စက်မှုကို ရပ်တန့်လိုက်သည်။

    လူငယ်၏မျက်နှာမှာ အလွန်ဖြူဖျော့နေသည်။ သူ့တစ်ကိုယ်လုံးလည်း ချွေးများရွှဲနေ၏။
     သူ၏ မျက်လုံးထဲတွင် နာကျင်မှုများနှင့် ကြောက်ရွံ့မှုများ ပြည့်နှက်နေပြီး ယွမ်ကျိကို ကျေးဇူးတင်မှုအနည်းငယ်လည်း ယှက်ပြေးနေသည်။
       ဤလူစုထဲတွင် ထိုဘုန်းတော်ကြီးကသာ နှလုံးသားရှိသူဖြစ်သည်။

      “မင်းမှာတခြားဘာတွေရှိလဲဆိုတာ ကြည့်ရအောင်"
    တောက်ပခြင်းရှစ်ပါးနတ်ဆိုးအင်ပါယာသည် လူငယ်၏ သိုလှောင်အိတ်ကိုဆုပ်ကိုင်လိုက်ပြီးနောက် အတွင်းကို နတ်ဘုရားအာရုံဖြင့် စစ်ဆေးလိုက်သည်။

အဆန်းကြယ်ဆုံး သိုင်း၀ိဉာဥ် အတွဲ ၂ ( ၁၀၀၁ မှ ၁၉၈၀) ခွင့်ပြုချက်ရပြီးWhere stories live. Discover now