1676 - 1680

308 24 0
                                    


အပိုင်း (၁၆၇၆) ချီရန်ရှန် နောက်ဆုတ်ခြင်း

     “ဒီလိုအင်အား"
     ချီရန်ရှန် ချက်ချင်းတုံ့ပြန်လိုက်သည်။ သူသည် သူ၏ အတွေးများကို ပို့လွှတ်ကာ ကောင်းကင်သို့ ပျံသန်းသွားပြီး လက်နှစ်ဖက်ဖြင့် ထူးဆန်းသော လက်ဟန်သင်္ကေတတစ်ခု ပြုလုပ်လိုက်သည်။

    ဒုန်း…

     ခေါင်းလောင်းကြီးတီးလိုက်သလို သူ၏ နှလုံးသားထဲ ကျယ်လောင်သောအသံထွက်ပေါ်လာသည်။

   သူ၏ ပတ်၀န်းကျင်တွင် မရေမတွက်နိုင်သော  ရွှေရောင်မီးလျှံများပေါ်လာသည်။ မီးလျှံများသည် လောင်ကျွမ်းသော အော်ရာဖြင့် ခပ်ဝါးဝါးရှေးဟောင်းပုံစံတစ်ခုအဖြစ် ပြောင်းလဲသွားသည်။

     “ဖျက်ဆီးခြင်းစစ်လက်သီး"
     ချင်နန်သည် ကောင်းကင်မှ သက်ဆင်းလာပြီး ရှေ့သို့ လက်သီးပစ်သွင်းလိုက်သည်။ သူ၏  သန်မာသော စွမ်းအင်သည် ချက်ချင်းပင် မီးလျှံများကို ဖျက်ဆီးလိုက်သည်။

    ကျန်ရှိသော စွမ်းအင်သည် ချီရန်ရှန်၏ ရင်ဘတ်ကို နဂါးတစ်ကောင်အမြီးဖြင့် ရိုက်ချလိုက်သလို ကျရောက်သွားသည်။ ချီရန်ရှန် နောက်လွင့်သွားပြီး ဒဏ်ရာများ အက်ကွဲကာ သွေးများ ထွက်လာသည်။

     ချီရန်ရှန်သည် နာကျင်မှုကိုတောင့်ခံရင်း အလျင်အမြန်လက်ဟန်သင်္ကေတတစ်ခု ပြုလုပ်လိုက်သည်။
     သူသည် ကောင်းကင်ပုံရိပ်ယောင်ရှေးဟောင်းဂိုဏ်း၏ အဓိကတပည့်တစ်ယောက်ဖြစ်သည်။ သူ အောက်စည်းသို့ ရောက်နေသည့်တိုင် သူအလွယ်တကူရှုံးမည်မဟုတ်ချေ။
     သူ တစ်စုံတစ်ခုကို သေချာသတိထားမိသည်။ ချင်နန်၏ အစောက တိုက်ခိုက်မှုသည် အခြေခံလောက်သာဖြစ်သည်။ နောက်ဆက်တွဲတိုက်ခိုက်မှုများက ပိုလို့တောင်  ကြောက်ဖို့ကောင်းလိမ့်မည်ဖြစ်သည်။
      သူထင်ထားသလိုပင် ချင်နန်သည် လက်သီးဖြင့်ထိုးပြီးနောက် သူသည် ကောင်းကင်ဖြိုဖျက်ခြင်းဆေဘာကိုမြှောက်ကာ ရှေ့ကို ပိုင်းခုတ်လိုက်သည်။
     လွှမ်းမိုးနိုင်စွမ်းကြီးသော ဆေဘာစွမ်းအင်သည် လီဆယ်ချီအတွင်းမှ ဧရိယာကို လွှမ်းခြုံသွားသည်။

အဆန်းကြယ်ဆုံး သိုင်း၀ိဉာဥ် အတွဲ ၂ ( ၁၀၀၁ မှ ၁၉၈၀) ခွင့်ပြုချက်ရပြီးWhere stories live. Discover now