1711 - 1715

265 25 0
                                    

အပိုင်း (၁၇၁၁) အင်မော်တယ်ဘုံတုန်လှုပ်ခြင်း

       မကြာခင်၌ တာအို‌တစ်သောင်းအင်မော်တယ်တံဆိပ်ထဲတွင် သတင်းအချက်အလက်များစွာပေါ်ပေါက်လာပြီး ကိုးကောင်းကင်အင်မော်တယ်ဘုံမှ ကျင့်ကြံသူများ အလွန်အံ့ဩတုန်လှုပ်သွားသည်။

    “သောက်ခွေးပဲ တကယ်လားဟ"

    “သူကအဆင့်တက်လိုက်ရုံနဲ့ မြေအင်မော်တယ်အဆင့်သုံးကိုရောက်သွားတာလား…ပြီးတော့ သူက တာအိုအဆင့်ရဲ့ ကြီးမားတဲ့အောင်မြင်မှုအဆင့်ကိုလည်းရောက်ထားတယ်ပေါ့"

     “ဟူး…ဒီချင်နန်က ပြိုင်ဘက်ကင်းပါရမီရှင်ခြောက်ဆယ်ကို တစ်ယောက်တည်းရင်ဆိုင်ခဲ့တယ်ပေါ့…ဒါရူးချင်စရာကောင်းလိုက်တာ"

      “ရူးချင်စရာကောင်းတယ်... ဟုတ်လား…ဒါက ထူးထူးခြားခြားပါရမီရှင်တစ်ယောက်ရဲ့အစွမ်းပဲကို…သူ့ကို ဘယ်သူက ဆန့်ကျင်နိုင်မှာလဲ"

     “သနားစရာပဲ…သနားစရာပဲ…ဒီကလေးရဲ့ တာအိုအခြေခံအုတ်မြစ်ကို လျှို့ဝှက်ဆန်းကြယ်တဲ့ ကိုးကောင်းကင်အဓိပတိတစ်ယောက်က ဖျက်ဆီးသွားတယ်"

      “ဟုတ်တယ်…မဟုတ်ရင် သူဘယ်လောက်သန်မာလာမလဲဆိုတာ ခန့်မှန်းလို့မရဘူး"

      “အပင်မြင့်လေ လေတိုက်လေပါပဲ…ချင်နန်ရဲ့ ပင်ကိုပါရမီက အရမ်းတုန်လှုပ်စရာကောင်းလွန်းတယ်…ဧကရီဖေးယွဲ့တောင်မှ သူ့ခေတ်တုန်းက သူ့လောက်မထူးချွန်ဘူး"

      “ချင်နန်က အသန်မာဆုံးအင်မော်တယ်ဖြစ်သေးတယ်ပေါ့....စိတ်မကောင်းစရာပဲ…အသန်မာဆုံးအင်မော်တယ်က အခုသူ့အတွက် ဘွဲ့သက်သက်ဖြစ်သွားပြီ"

      ရှေးဟောင်းတည်ရှိမှုများစွာနှင့် ပြိုင်ဘက်ကင်းအုပ်စိုးသူများစွာ သက်ပြင်းချလိုက်သည်။
     ထူးထူးခြားခြားပါရမီရှင်ဖြစ်ဖို့ မည်မျှခက်ခဲကြောင်းကို သူတို့သိသည်။
      သို့သော်လည်း ရလဒ်မည်သို့ဖြစ်စေကာမူ ချင်နန်၏ နာမည်သည် ကိုးကောင်းကင်အင်မော်တယ်ဘုံတစ်ခုလုံးကို ပျံ့နှံ့သွားပြီး ကျင့်ကြံသူများ၏ နှလုံးသားထဲတွင် အချိန်ခဏကြာအထိ ဖယ်ရှား၍မရသော ခံစားချက်တစ်ခု ကျန်ရှိခဲ့သည်။

အဆန်းကြယ်ဆုံး သိုင်း၀ိဉာဥ် အတွဲ ၂ ( ၁၀၀၁ မှ ၁၉၈၀) ခွင့်ပြုချက်ရပြီးWhere stories live. Discover now