၁၅၂၁ - ၁၅၂၅

367 41 1
                                    

အပိုင်း (၁၅၂၁) ကောင်းကင်တွင် ပြည့်နှက်နေသည့်အလင်းစက်များ

    ထိုစဉ်အတောအတွင်း အထက်ကောင်းကင်ဘုံ၊ ကိုးကောင်းကင်အင်မော်တယ်ဘုံထဲမှ လျှို့ဝှက်ဆန်းကြယ်သောတစ်နေရာတွင်.....

   အဆုံးမဲ့အမှောင်ထုသည် အရပ်မျက်နှာအသီးသီးကို ဒီရေလှိုင်းလုံးကြီးပမာ လွှမ်းခြုံထားသည်။ အကယ်၍ တစ်စုံတစ်ယောက်သာ အနီးတစ်ဝိုက်တွင်ရှိနေပါက အမှောင်ထုထဲတွင် ကြောက်မက်ဖွယ်ရာအလင်းတစ်ခု ထုတ်လွှတ်နေသည့် အလောင်းတစ်လောင်းကို မြင်တွေ့နိုင်သည်။

     ရုတ်တရက် အမှောင်ထုသည် အေးခဲသွားပြီး မရေမတွက်နိုင်သော လူသားပုံရိပ်များထင်ဟပ်နေသည့် ကြီးမားသော မျက်လုံးကြီးတစ်စုံ ပွင့်လာသည်။

     ဝှစ်…

    မျက်လုံးများထဲမှ ကြောက်မက်ဖွယ်ရာအလင်းတစ်ခုထွက်ပေါ်လာပြီး ကြီးမြတ်သောတာအိုကိုထွင်းဖောက်ကြည့်သည့်အလား ကောင်းကင်၏ လျှို့ဝှက်ချက်များကို ကြည့်လိုက်သည်။

      “ဘာ…ဒါက ဘယ်လိုအော်ရာမျိုးလဲ"

    ခမ်းနားထည်ဝါသောအသံ ပဲ့တင်ထပ်လာသည်။

      “မကြာသေးတုန်းခင်က အတော်လေးထူးဆန်းတဲ့ တာအိုသင်္ကေတမွေးဖွားလာခဲ့တယ်… ပြီးတော့ အခု ဒီလိုတုန်လှုပ်ဖို့ကောင်းတဲ့အော်ရာ…ကြည့်ရတာ သူ ပြန်လာတော့မဲ့ပုံပဲ"

     ခမ်းနားထည်ဝါသောအသံ အေးစက်သွားသည်။

     “သွားစုံစမ်းစမ်း"

   စကားလုံးများသည် ကောင်းကင်နှင့် မြေပြင်အကြားတွင် ပဲ့တင်ထပ်သွားသည်။

    အမှောင်ထုထဲတွင် မျက်လုံးဟောက်ပက်နှင့် ရှိနေသော အင်မော််တယ်အလောင်းများမှ အနက်ရောင်မီးလျှံများ တောက်လောင်လာသည်။

     ထိုစဉ်အတောအတွင်း အောက်ဘုံ၊ ကန်းလန်တိုက်ထဲက နတ်ဘုရားတစ်၀က်ဒေသတွင် …

      “ဒုတိယတိုက်မှာ ဘာတွေဖြစ်နေတာလဲ"

    “ဘာလို့ ချက်ချင်းကြီးသွေးနီရောင်ဖြစ်သွားတာလဲ"

အဆန်းကြယ်ဆုံး သိုင်း၀ိဉာဥ် အတွဲ ၂ ( ၁၀၀၁ မှ ၁၉၈၀) ခွင့်ပြုချက်ရပြီးWhere stories live. Discover now