၁၂၇၆ - ၁၂၈၀

362 42 0
                                    


အပိုင်း (၁၂၇၆) ကောင်းကင်နှင့် မြေပြင်၏ စည်းမျဉ်းများပြောင်းလဲခြင်း

      အမျိုးသမီး ချက်ချင်းလှုပ်ရှားလိုက်သည်။ သူမသည် သူမ၏ လက်ကိုမြှောက်ကာ သူမ၏ လက်ချောင်းကို လှုပ်ယမ်းလိုက်သည်။ ချက်ချင်းပင် ကြောက်မက်ဖွယ်ရာအလင်းတစ်ခုရှေ့သို့ ထိုးတက်သွားပြီး ကောင်းကင်တောင်ပိုင်းဂိတ်နှင့် တွေ့ဆုံသွားကာ အလွန်ကျယ်လောင်သည့် ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားသွားသည်။
     စွမ်းအင်ကြောင့် ခမ်းနားထည်ဝါသည့် ကောင်းကင်တောင်ပိုင်းဂိတ် နောက်လွင့်သွားသည်။ ကောင်းကင်တောင်ပိုင်းဂိတ်မှ ထုတ်ဖော်နေသည့် အပြာရောင်အလင်းများမှာလည်း လုံး၀ပျောက်ပျက်သွားပြီး ဂိတ်တံခါး၏ အလယ်မှတစ်ဆင့် အစွန်းထိ အက်ကြောင်းများထလာသည်။

      “ပျက်စီးစမ်း"
     အမျိုးသမီး တိုက်ခိုက်မှု ရပ်တန့်ခြင်းမရှိပေ။ သူမ နောက်ထပ် တဖန်တိုက်ခိုက်ကာ ကောင်းကင်တောင်ပိုင်းဂိတ်ကို အပိုင်းအစများဖြစ်အောင်ဖျက်ဆီးလိုက်သည်။
       ကောင်းကင်တောင်ပိုင်းဂိတ် အပိုင်းအစများအဖြစ် ပေါက်ကွဲသွားသည်။

      “ဟား…ဟား…ဟား.…စီနီယာဖေးယွဲ့ဆိုတဲ့အတိုင်းပါပဲ…ဒီနှစ်ယောက်ကို ကျုပ်နဲ့ထားလိုက်ပါ"
     သိုင်းကံကြမ္မာနန်းဆောင်၏ လျှို့ဝှက်ဆန်းကြယ်သော လူငယ်ရယ်မောလိုက်သည်။ သူ လက်မြှောက်လိုက်ရာ သူ၏ လက်ဖဝါးထဲမှ နက်နီရောင်သံကြိုးများ ထွက်ပေါ်လာပြီး ဘုရင်အဆင့်၏ စိတ်ဝိညာဉ်နှင့် နတ်ဘုရားအဆင့်၏ စိတ်ဝိညာဉ်ဆီသို့ ရှေးဟောင်းနတ်ဆိုးနဂါးများပမာ တိုး၀င်သွားသည်။

      ဘုရင်အဆင့်၏ စိတ်ဝိညာဉ်နှင့် နတ်ဘုရားအဆင့်၏ စိတ်ဝိညာဉ်မှာ အလျင်အမြန် တုံ့ပြန်လိုက်သည့်တိုင် သူတို့ သံကြိုးများထံမှ မလွတ်မြောက်နိုင်ပေ။ သူတို့ သံကြိုးများ၏ ရစ်ပတ်ခံလိုက်ရပြီး သံကြိုးများမှ အနီရောင်အလင်းများ တောက်လာကာ ဘုရင်အဆင့်၏ စိတ်ဝိညာဉ်နှင့် နတ်ဘုရားအဆင့်၏ စိတ်ဝိညာဉ် အပိုင်းပိုင်းပျက်စီးသွားသည်။
   
      “ကောလဟာလတွေက တကယ်အမှန်ပဲကိုး…ဘုရင်အဆင့်ရဲ့ စိတ်ဝိညာဉ်၊ နတ်ဘုရားအဆင့်ရဲ့ စိတ်ဝိညာဉ်နဲ့ ကောင်းကင်တောင်ပိုင်းဂိတ်ရဲ့စိတ်ဝိညာဉ်က သူတို့ရဲ့ စိတ်ဆန္ဒအမျှင်အတန်းတွေကို ကောင်းကင်နဲ့ မြေပြင်ထဲမှာ ပိတ်လှောင်ထားခဲ့တာပဲ…တစ်စုံတစ်ယောက် သိုင်းဘုရင်အဆင့်ကို  ကိုယ်ပိုင်အစွမ်းအစနဲ့ တက်တဲ့အချိန်ကျရင် သူတို့ရဲ့ စိတ်ဆန္ဒတွေ ပေါ်လာလိမ့်မယ်"

အဆန်းကြယ်ဆုံး သိုင်း၀ိဉာဥ် အတွဲ ၂ ( ၁၀၀၁ မှ ၁၉၈၀) ခွင့်ပြုချက်ရပြီးWhere stories live. Discover now