1826 - 1830

174 14 0
                                    

အပိုင်း (၁၈၂၆) ရှေးဦးစစ်သူကြီး

ဝုန်း...

ကြောက်မက်ဖွယ်ရာမီးလျှံနှစ်ခုသည် တစ်ခုနှင့်တစ်ခု ထိပ်တိုက်တွေ့ဆုံသွားပြီး အလွန်ပြင်းထန်သောအပူစွမ်းအင်တစ်ခု ထုတ်ဖော်လိုက်သည်။ အနီးက ကျင့်ကြံသူများသည် သူတို့၏ အင်မော်တယ်စွမ်းအင်များနှင့် ဝိညာဉ်များ လောင်ကျွမ်းသွားသလိုခံစားလိုက်ရသည်။
သူတို့အသုံးပြုလိုက်သည့် အင်မော်တယ်ပညာရပ်များပင် ဘာမျှ မဟုတ်သလို လောင်ကျွမ်းသွားသည်။
အသက်ရှိုက်ဝက်အတွင်းမှာပင် တာအိုအရည်ဖျော်အင်မော်တယ်မီးတောက်များသည် ၎င်း၏ အစွမ်းကို ပြသလိုက်သည်။ ၎င်း၏ တည်ရှိမှုသည် နက်ပြာရောင်မီးလျှံများထဲ သိသိသာသာသာလွန်သည်။

"မြောက်ပိုင်းစွန်းသမုဒ္ဒရာမီးလျှံပြာက ဖြိုခွင်းခံလိုက်ရတာလား"
နုံရန်မျိုးနွယ်စု၏ ကျင့်ကြံသူများနှင့် အခြားအဖွဲ့အစည်းများ ပင့်သက်ရှိုက်လိုက်သည်။ အထူးသဖြင့် နုံရန်မျိုးနွယ်စုက လူများက အလွန်အံ့ဩတုန်လှုပ်နေသည်။

ချင်နန်တွင် အစွမ်းထက်မီးလျှံတစ်ခုရှိကြောင်း သူတို့အစောကတည်းက သတင်းရထားသော်လည်း ဤမျှအစွမ်းထက်လိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။
နုံရန်မျိုးနွယ်စုက လူများသည် အမျိုးအစားရာချီရှိသော မီးလျှံများဖြင့် မွေးလာခြင်းဖြစ်သည်။ မီးလျှံထဲတွင် ဆယ်ခုကို အစွမ်းထက်ဆုံးမီးလျှံဟုပင်သတ်မှတ်ထားပြီး မီးလျှံတိုင်းကထူးခြားသောစွမ်းအားရှိသည်။
မြောက်ပိုင်းစွန်းသမုဒ္ဒရာမီးလျှံပြာသည် အစွမ်းထက်ဆုံးမီးလျှံဆယ်ခုထဲတွင် အဆင့်နှစ်ဖြစ်သည်။ အကယ်၍ ချင်နန်၏ မီးလျှံသည် ၎င်းကိုဖြိူခွင်းနိုင်ပါက အဖြူရောင်မီးလျှံသည် သူတို့ကလန်၏ အဆင့်တစ်မီးလျှံနှင့် ယှဉ်နိုင်ကြောင်းညွှန်ပြနေသည်။
သို့သော်လည်း ချင်နန်၏ တာအိုအရည်ဖျော်အင်မော်တယ်မီး‌တောက်များသည် ကြီးထွားဆဲအခြေအနေတွင်သာရှိနေသေးကြောင်းကို သူတို့မသိပေ။
၎င်းသည် ကြီးမားသောအောင်မြင်မှုအဆင့်သို့ရောက်ရှိသွားသည်နှင့်...

"ချင်နန် မင်းက ဆေဘာပညာရှင်တစ်ယောက်ဆိုပေမဲ့ မင်းရဲ့ မီးလျှံကလည်း ထူးခြားတာပဲ... အသန်မာဆုံးအင်မော်တယ်ဆိုတဲ့အတိုင်းပါပဲ...ဒါပေမဲ့ မင်း မီးကို ထိန်းချုပ်နိုင်တာနဲ့နုံရန်မျိုးနွယ်စုရဲ့ ပြိုင်ဘက်ဖြစ်နိုင်မယ်ထင်နေတာလား"
အနည်းငယ်ရီဝေသွားပြီးနောက် ကျူးရန်၏ အကြည့်များ စူးရှသွားသည်။ သူသည် လက်ဟန်သင်္ကေတတစ်ခုပြုလုပ်ကာ သူ၏ နက်ပြာရောင်မီးလျှံများကို ဖြိုခွင်းလိုက်ပြီး လေထဲပြန့်ကျဲသွားသည်။
မီးလျှံအပိုင်းအစတိုင်းတွင် ထူးဆန်းသောအဖျက်စွမ်းအားပါဝင်သည်။
၎င်းမှာ ချင်နန် မလုပ်ဆောင်နိုင်သောအရာဖြစ်သည်။ သူသည် မီးတောက်ကို ထုတ်ဖော်ခြင်း သို့မဟုတ် သူ၏ မျက်လုံး၊ လက်သီးနှင့် ဓားများ‌ပေါ်တွင်သာ စုစည်းနိုင်ခြင်းဖြစ်သည်။
"တကယ်လို့ ငါကျူးရန်ကိုအနိုင်ယူပြီး သူ့ကိုပိုင်ရှင်မဲ့ကောင်းကင်ပုံစံထဲဖမ်းလိုက်မယ်ဆို ဒီတာအိုရှာဖွေခြင်းပညာရပ်ကိုသင်ယူနိုင်မယ်လို့ဆိုလိုတာမဟုတ်လား...ဒီလိုဆို ငါတာအိုအရည်ဖျော်အင်မော်တယ်မီး‌တောက်တွေကို ပိုကောင်းကောင်းအသုံးချနိုင်လာလိမ့်မယ်"
ချင်နန်၏ မျက်လုံးများ တောက်ပလာသည်။

အဆန်းကြယ်ဆုံး သိုင်း၀ိဉာဥ် အတွဲ ၂ ( ၁၀၀၁ မှ ၁၉၈၀) ခွင့်ပြုချက်ရပြီးWhere stories live. Discover now