၁၆၃၁ - ၁၆၃၅

351 35 0
                                    

အပိုင်း (၁၆၃၁) ၀တ်ရုံဖြူလုံချန်

      အကိုင်းအခက်များသည် ရှေးဟောင်းမြွေများသဖွယ် ပြန့်ကျက်လာပြီး အင်မော်တယ်သင်္ကေတများ ဖုံးလွှမ်းနေသောအရွက်များသည် ရိုင်းစိုင်းစွာကခုန်လာသည်။

   ပင်စည်များမှ ကြောက်မက်ဖွယ်ရာကောင်းပြီး ကျန်တစ်သောင်းရှည်သော  အင်မော်တယ်အလင်းတန်းများ ပေါက်ထွက်လာပြီး ရောင်စုံမြစ်ကို ထိုးဖောက်ကာ တိမ်စိုင်များထဲ ၀င်သွားသည်။
      တောင်တစ်ခုလုံး လင်းထိန်သွားသည်။

      “ဟမ်"
    ချင်နန်၏ မျက်လုံးများ အရောင်လက်သွားသည်။ ထူးခြားသော အမွေအနှစ်သုံးခု၏ တုံ့ပြန်မှုသည် ကျင့်ကြံသူ အနည်းစုကိုသာ ဆွဲဆောင်သော်လည်း အင်မော်တယ်အသွင်းပြောင်းသစ်ပင်များမှ ထုတ်လွှတ်သည့် တောက်ပသောအလင်းသည် အင်မော်တယ်သေဆုံးခြင်းနယ်မြေတွင်ရှိသည့် ကျင့်ကြံသူအများစု၏ အာရုံကို ဖမ်းစားနိုင်ဖွယ်ရာရှိသည်။

     ကျင့်ကြံသူများသည် မကြာခင်တွင် ဤနေရာသို့လာကြလိမ့်မည်ဖြစ်သည်။

     “စီနီယာ နတ်ဆိုးအင်ပါယာ…တခြားကျင့်ကြံသူတွေရဲ့ အကူအညီနဲ့ ခင်ဗျား ကျုပ်ကို သတ်ဖို့ စဉ်းစားနေတာလား"
     ချင်နန် တောက်ပခြင်းရှစ်ပါးနတ်ဆိုးအင်ပါယာကို ကြည့်လိုက်သည်။
     သူ့လက်ထဲက ကောင်းကင်ဖြိုဖျက်ခြင်းဆေဘာ ပြင်းထန်စွာ တုန်ခါလာသည်။

      “လခွီး... မင်းမှာ ကြောက်ဖို့ကောင်းတဲ့နောက်ခံရှ်ိတာကို ကျုပ်သိတယ်…ဒါပေမဲ့ အဲ့ဒါနဲ့ပဲ မင်းကျုပ်ကို စွပ်စွဲချင်သလို လာစွပ်စွဲလို့မရဘူး…အင်မော်တယ်အသွင်းပြောင်းသစ်ပင်တွေက ရုတ်တရက် ထူးထူးဆန်းဆန်းပြုမူမယ်ဆိုတာ ငါဘယ်လိုလုပ်သိမှာလဲ"
      တောက်ပခြင်းရှစ်ပါးနတ်ဆိုးအင်ပါယာသည် မတရားစွပ်စွဲခံလိုက်သလို အော်ဟစ်လိုက်သည်။
    သူ ချင်နန်ကို လိမ်နေခြင်းမဟုတ်ပေ။
     သူသည် ချင်နန်၏ စွမ်းအား အားနည်းပြီး သူ ထွက်ပြေးနိုင်မည့် အခွင့်အရေးကိုသာ စောင့်ဆိုင်းနေခြင်းဖြစ်သည်။
     အဆုံး၌ ချင်နန်၏ အဆင့်အတန်းသည် အလွန်တုန်လှုပ်ဖွယ်ရာကောင်းပြီး သူသည် ဧကရီဖေးယွဲ့၏ ကြိုးနီကိုလည်း ၀တ်ဆင်ထားသည်။ အကယ်၍ သူ ချင်နန်ကို ထောင်ချောက်ဆင်ပြီး သတ်ပစ်လိုက်ပါက သူအသက်ရှင်လျက်ထွက်ခွာသွားနိုင်လျှင်တောင် အကြီးအကျယ် ဒုက္ခရောက်လိမ့်မည်ဖြစ်သည်။

အဆန်းကြယ်ဆုံး သိုင်း၀ိဉာဥ် အတွဲ ၂ ( ၁၀၀၁ မှ ၁၉၈၀) ခွင့်ပြုချက်ရပြီးWhere stories live. Discover now