၁၄၉၆ - ၁၅၀၀

344 36 0
                                    

အပိုင်း (၁၄၉၆) လောကထဲက လောက

    “အနာဂတ်ဘ၀ကောလား"

    ကောင်းကင်နတ်ဘုရားလုနှင့် အာဏာပိုင်သုံးယောက်တုန်လှုပ်သွားသည်။

     အတိတ်က ဧကရီဖေးယွဲ့ တီထွင်ခဲ့သည့် သုံးဘ၀နည်းစနစ်သည် အလွန်ကြောက်ဖို့ကောင်းလိမ့်မည်ဟု မထင်ထားခဲ့ပေ။

     အဓိကအချက်အဆနဖြင့် ဧကရီဖေးယွဲ့၏ အနာဂတ်ဘ၀သည် မည်သည့်ကျင့်ကြံမှုအဆင့်နည်း…

      “တကယ်လို့ ကျုပ်တို့ ပူးပေါင်းမယ်ဆို မင်းကျုပ်တို့ကို ဘာအထောက်အပံ့ပေးနိုင်လဲ…ကျုပ်တို့က ဘာ‌ပြန်ပေးရမှာလဲ"

      ကောင်းကင်နတ်ဘုရားလု သူ၏ အတွေးများကို အလျင်အမြန်စုစည်းပြီးနောက် မေးလိုက်သည်။

     သုံးဘ၀အတိဒုက္ခမှာ အလွန်ကြောက်ဖို့ကောင်းသော်လည်း သူတို့သည် ပူးပေါင်းဖို့ အကြံပြုနေဆဲဖြစ်သည်။ သူတို့ထံတွင် ကြီးမားသော တောင်းဆိုမှုတစ်ခုရှိရမည်။

      “ကျွန်မတို့ကို ချင်နန်ကို သတ်နိုင်အောင် ကူညီပေး…ရှင်တို့ ဧကရီဖေးယွဲ့ကို ပြန်ကိုင်တွယ်နိုင်အောင် ကူညီပေးမယ်"

     အမျိုးသမီး၏ မျက်လုံးထဲ အင်မော်တယ်အလင်းများ ယှက်ပြေးသွားပြီး ပြောလိုက်သည်။

      “ချင်နန်က သုံးဘ၀အတိဒုက္ခကိုကျော်လွှားဖို့ သော့ချက်ပဲ…သူသေတာနဲ့ ဖေးယွဲ့လည်းသေလိမ့်မယ်"

     အစကချင်နန်သည် မည်သည့် ခြိမ်းခြောက်မှုမျှ ပေးနိုင်လိမ့်မည်ဟု သူမ မယုံကြည်ခဲ့ပေ။ သူမ သူ့ကို အလွယ်တကူသတ်နိုင်သည်။

      သို့သော်လည်း အနာဂတ်ဘ၀က သူမကို ထိုသို့မလုပ်ဖို့ အကြံပေးခဲ့သည်။ သူမတစ်ခုခုကိုသိထားလို့ဖြစ်လိမ့်မည်။

      “ကျုပ်တို့အားလုံးလုပ်ဖို့လိုတာ ချင်နန်ကို သတ်ဖို့တင်လား…"

    နတ်ဘုရားအဆင့်၏ စိတ်ဝိညာဉ်သည် အတိတ်ဘ၀ တောင်းဆိုချက်ကိုယုံကြည်ဖို့ ခက်တောင်ခက်ခဲနေသည်။ 

    ချင်နန်သည် နတ်ဘုရားမွေးဖွားဇာတာခွင်ခြောက်ခုကို သန့်စင်ပြီး သိုင်းနတ်ဘုရားအဆင့်ခုနှစ်နှင့် ညီမျှသည့် ကျင့်ကြံမှုရခဲ့သည့်တိုင် အာဏာပိုင်များသည် သူတို့ကို အလွယ်တကူသတ်နိုင်ဆဲဖြစ်သည်။

အဆန်းကြယ်ဆုံး သိုင်း၀ိဉာဥ် အတွဲ ၂ ( ၁၀၀၁ မှ ၁၉၈၀) ခွင့်ပြုချက်ရပြီးWhere stories live. Discover now