၁၀၇၆ - ၁၀၈၀

382 43 0
                                    


အပိုင်း (၁၀၇၆) လမ်းပေါ်မှ အန္တရာယ်

     ထိုစဉ်အတောအတွင်း ကြေညာချက်နန်းဆောင်ဖြူ၏ ပဉ္စမထပ်တွင်…

     ဆေဘာသန္ဓေသားမှ နှင်းထုကြီး ပေါက်ကွဲသွားသည့်ပမာ ဆေဘာစွမ်းအင်တစ်ခုထွက်ပေါ်လာပြီး အခန်းတစ်ခုလုံးကို လွှမ်းခြုံသွားသည်။

     ချင်နန်၏ နှလုံးသား တည်ငြိမ်စွာပင် ရှိနေပြီး ဆေဘာစွမ်းအင်ကို နားလည်သဘောပေါက်အောင် ကြိုးပမ်းနေသည်။

     နှစ်ရက်ကြာပြီးနောက် နောက်ဆုံးတွင် သူသည် ကြေညာချက်နန်းဆောင်ဖြူ၏ ဆေဘာစွမ်းအင်နှင့် ဆေဘာသန္ဓေသားထဲတွင် ပါ၀င်သည့် ဆေဘာစွမ်းအင်ကို နားလည်သဘောပေါက်သွားရာ သူ၏ နဖူးထက်၌ ဆေဘာသဏ္ဍာန်အစင်းကြောင်း နောက်ထပ်သုံးခု ထပ်မံထွက်ပေါ်လာသည်။
    သို့သော်လည်း နားလည်သဘောပေါက်မှုသည် ဤနေရာတွင် ရပ်တန့်ရလိမ့်မည်မဟုတ်ပေ။
      အကြောင်းအရင်းတချို့ကြောင့် သူ တော်၀င်မြို့သို့ ပထမဆုံးစရောက်သည့်မြင်ကွင်း၊ ချန်းရုံနှင့် တွေ့ခြင်း၊ ရနံ့ကြိုင်တည်းခိုခန်း၌ ချင်းလျန်နှင့် တွေ့ခြင်း၊ ချန်းကလန်နှင့် တိုက်ခိုက်ခြင်း၊ ချန်းပူဟိုင်ထွက်ပေါ်လာခြင်း၊ ပိုင်ချီနှင့် ဘုရင်မတို့နှင့် ထိပ်တိုက်တွေ့ဆုံခြင်းများ အစရှိသော အရာများအားလုံးက သူ၏ စိတ်ထဲကွက်ကွက်ကွင်းကွင်းပြန်‌မြင်ယောင်လာနေသည်။

       “ဟမ်...ဘာလို့ ဒီလိုဖြစ်တာလဲ"
     ချင်နန် မျက်မှောင်ကြုတ်သွားသည်။

     တစ်ခဏကြာပြီးနောက် သူ၏ စိတ်ထဲ အတွေးတစ်ခုပေါ်ပေါက်လာသည်။
     သူဆေဘာသန္ဓေသားကို ရှာနိုင်ခဲ့ခြင်းမှာ တိုက်ဆိုင်မှုတစ်ခုမဟုတ်ပေ။ နောက်ကွယ်၌ အရာအားလုံးကို လက်မည်းကြီးတစ်ခုက ကြိုးဆွဲထားသည်ဟု ခံစားရသည်။

    ဒီလိုဆို အခုဖြစ်နေတာတွေ အားလုံးက အစီအစဉ်တကျ အကွက်ချထားတာလား…

     “ဒါကကော စမ်းသပ်မှုလား…"
     ချင်နန်၏ မျက်လုံးများ အရောင်လက်သွားပြီး ဖြစ်ပွားခဲ့သည့် အဖြစ်အပျက်အသေးစိတ်ကို ပြန်လည်အမှတ်ရသွားသည်။

အဆန်းကြယ်ဆုံး သိုင်း၀ိဉာဥ် အတွဲ ၂ ( ၁၀၀၁ မှ ၁၉၈၀) ခွင့်ပြုချက်ရပြီးWhere stories live. Discover now