၁၄၈၁ - ၁၄၈၅

317 37 1
                                    


အပိုင်း (၁၄၈၁) သွေးချောင်းစီးခြင်း

       ယခုတစ်ခေါက်၌ ချင်နန်၏ သူ၏ အစွမ်းကို မထိန်ချန်ထားပေ။ သူ အစွမ်းကုန် ထုတ်သုံးလိုက်သည်။

      လုကလန်ကဂျီးနီးယပ်များတွင် ရတနာပစ္စည်းများ၊ အဆောင်များနှင့် အကာအကွယ်များ..အစရှိသည်တို့များစွာရှိသော်လည်း ဆေဘာစွမ်းအင်သည် ၎င်းတို့အားလုံးကို ဖျက်ဆီးသွားသည်။

     ကိုးကောင်းကင်က ဂျီးနီးယပ်သည် နာကျင်စွာအော်ပြီးနောက် သေဆုံးသွားသည်။

     

      “ဘာ"

      လုထျန်ကျိ၊ လုရှူ အခြားသူများနှင့် ရှောင်ယွင်ကျယ်၊ ၀မ်ဖန်ဟန် အခြားဂျီးနီးယပ်သိုင်းဘုရင်များ သွေးပျက်ချောက်ချားသွားသည်။

     ချင်နနန်ရဲ့ စွမ်းအားက သိုင်းဘုရင်အဆင့်သုံးနဲ့တင် ယှဉ်နိုင်တာမဟုတ်ဘူးလား...

     သူသည် သူတို့၏ တိုက်ခိုက်မှုများကို ချေဖျက်နိုင်ရုံသာမက ကိုးကောင်းကင်က ဂျီးနီးယပ်တစ်ယောက်ကိုပင် တစ်ချက်တည်းဖြင့် သတ်ပစ်ခဲ့သည်။

     ချင်နန်သည် ထိုနေရာ၌ ရပ်တန့်ခြင်းမရှိချေ။ သူ၏ ဘယ်ဘက်လက်ထဲက ကောင်းကင်ဖြိုဖျက်ခြင်းဆေဘာကို မြှောက်၍ ဆေဘာစွမ်းအင်များ ပစ်လွှတ်လိုက်သည်။

      ဘန်း...ဘန်း...ဘန်း....

    ထိုအချိန်၌ မျက်လုံးတစ်သောင်းနတ်ဆိုးဝိညာဉ်မျှော်စင်၊ တောက်တိုင်လောကဖျက်ဆေဘာ၊ ဖျက်ဆီးခြင်းကောင်းကင်မီးလျှံနှင့် အဖွဲ့အစည်းအသီးသီး၏ ရတနာပစ္စည်းများ ပေါက်ကွဲသွားသည်။

      ချင်နန်၏ စွမ်းအားတိုးတက်လာသည့်အခါတိုင်း ကောင်းကင်ဖြိုဖျက်ခြင်းဆေဘာ၏ အစွမ်း ပိုထက်လာသည်။

    ချင်နန်၏ လက်ရှိကျင့်ကြံမှုအရ ကောင်းကင်ဖြိုဖျက်ခြင်းဆေဘာ၏ စွမ်းအားသည် ထူးခြား‌သော အတိုင်းအတာတစ်ခုသို့ ရောက်ရှိနေပြီဖြစ်သည်။

      ဆေဘာသည် ရတနာပစ္စည်းများကို အလွယ်တကူဖိနှိပ်နိုင်သည်။

     “လေအဟုန်ခြေလှမ်း"

    လူအုပ်ကြီး မတုံ့ပြန်နိုင်သေးခင်မှာပင် ချင်နန် လေထဲပျောက်ကွယ်သွားသည်။ သူသည် ကိုးကောင်ကင်က နောက်ထပ်ဂျီးနီးယပ်တစ်ယောက်၏ ရှေ့၌ ပေါ်လာကာ လက်သီးတစ်လုံး ပစ်သွင်းလိုက်သည်။

အဆန်းကြယ်ဆုံး သိုင်း၀ိဉာဥ် အတွဲ ၂ ( ၁၀၀၁ မှ ၁၉၈၀) ခွင့်ပြုချက်ရပြီးWhere stories live. Discover now