၁၀၅၁ - ၁၀၅၅

428 42 0
                                    


အပိုင်း (၁၀၅၁) ကမ္ဘာ့လှောင်အိမ်

    ရဲတိုက်တစ်ခုလုံး အလင်းပြန်နေလျက်ရှိသည်။
     ချင်နန်၏ နှလုံးသားတုန်လှုပ်သွားပြီး ခေါင်းမော့ကာ ကြည့်လိုက်သည်။
    မည်သည့်နေရာကမှန်းမသိဘဲ ကောင်းကင်နှင့် ကမ္ဘာမြေကြီး၏ စွမ်းအင်များစွာ ထွက်ပေါ်လာပြီး သူ၏ အထက်တွင် စုစည်းကာ ဆိုးယုတ်သော ပုံစံဖြင့် နတ်ဆိုးများ၊ တစ္ဆေများ၊ အရိုးစုများ.....အစရှိသည်တို့အဖြစ် ပြောင်းလဲသွားပြီး သူ့ဆီသို့ တဟုန်ထိုးပြေး၀င်လာသည်။

     ဘာဖြစ်တာလဲဟ…

      ချင်နန် ချက်ချင်းပင် ဖျက်ဆီးခြင်းသိုင်းသစ်ပင်ကို ထုတ်လွှတ်၍ သူ၏ ပတ်၀န်းကျင်ကို ဖိနှိပ်လိုက်သည်။ သူနှင့် နီးကပ်လာသည့် နတ်ဆိုးများ၊ တစ္ဆေများနှင့် အရိုးစုများ ပျက်စီးသွားသည်။

     “မင်းအစွမ်းကုန်ထုတ်သုံး…မင်းမှာ သိုင်းသစ်ပင်ကိုးပင်ရှိတယ်ဆိုတာ ငါသိတယ်…အစွမ်းကုန်ထုတ်ပြီး နောက်ဆုံးစုတ်ချက်ကို ပြီးအောင်လုပ်…မင်းပြီးတာနဲ့ ငါမင်းကို ဆုကြီးတစ်ခုချမယ်"
     အဝါရောင်၀တ်စုံနှင့် အလောင်း အော်ပြောလိုက်သည်။

     ချင်နန်၏ မျက်လုံးများအရောင်လက်သွားသည်။

     ခြောက်သွေ့တိုက်ပွဲစိတ်ဝိညာဉ်သည် သူ့ထံ၌ သိုင်းသစ်ပင်ကိုးပင်ရှိသည်ကို သိလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။ ခြောက်သွေ့တိုက်ပွဲစိတ်ဝိညာဉ်သည် ခြောက်သွေ့တိုက်ပွဲမြေပြင်၌ ဖြစ်ပွားသည့်အရာအားလုံးကို သတိထားမိပုံရသည်။
      သို့သော်လည်း ချင်နန်သည် အန္တရာယ်‌အငွေ့အသက်ကို မခံစားရပေ။ အဆုံး၌ ခြောက်သွေ့တိုက်ပွဲစိတ်ဝိညာဉ်သည် သူ့ကို အန္တရာယ်ပေးချင်လျှင် သူ၏ လက်ရှိစွမ်းအားဖြင့် သူ ဘာမှမတတ်နိုင်သောကြောင့် ဖြစ်သည်။

     “ကောင်းပြီ"
     တစ်ခဏတုံ့ဆိုင်းနေပြီးနောက် ချင်နန် သဘောတူညီစွာဖြင့် ခေါင်းညိတ်လိုက်သည်။

     “သိုင်းသစ်ပင်တွေ"
    ချင်နန် ကျယ်လောင်စွာ ဟစ်ကြွေးလိုက်သည်။ သူ၏ နောက်မှ ကျန်ရှိသော စစ်နတ်ဘုရားသိုင်းသစ်ပင်ရှစ်ပင် ထွက်ပေါ်လာပြီး ထိတ်လန့်တုန်လှုပ်ဖွယ်ရာ တိုက်ပွဲဆန္ဒများကို ထုတ်လွှတ်လိုက်ရာ ရဲတိုက်တစ်ခုလုံး တုန်ခါလာသည်။

အဆန်းကြယ်ဆုံး သိုင်း၀ိဉာဥ် အတွဲ ၂ ( ၁၀၀၁ မှ ၁၉၈၀) ခွင့်ပြုချက်ရပြီးWhere stories live. Discover now