1881 - 1885

176 14 0
                                    

အပိုင်း (၁၈၈၁)

     ကောင်းကင်ပြုပြင်ခြင်းအိုးထဲက ပျက်ကိန်း မျက်မှောင်ကြုတ်ကာ အော်လိုက်သည်။
     “ခွေးကောင်…မင်း ဘာတွေလုပ်နေတာလဲ…ကံကောင်းတာက ငါ ကောင်းကင်သစ်သီးကို  မသုံးရသေးတာပဲ…တကယ်လို့ မင်းငါ့ကို နောက်တစ်ခါ နှောင့်ယှက်ရင်…"
      ပျက်ကိန်း စကားပြောရင်း အံ့ဖွယ်သစ်ပင်ကို တစ်ချက်ကြည့်လိုက်သည်။
    ချက်ချင်းဆိုသလို သူ၏ မျက်လုံးများ ပြူးကျယ်သွားသည်။
      “ဆယ်…ဆယ်ပွင့်လား…ကောင်လေး မင်းဘာလုပ်လိုက်တာလဲ…ဘာလို့ ရုတ်တရက်ကြီး ပန်းဆယ်ပွင့်ဖြစ်သွားတာလဲ"

        ကိုးကောင်းကင်အင်မော်တယ်ဘုံ၏ ရှည်လျားသော သမိုင်းတစ်လျှောက်တွင်ပင် အံ့ဖွယ်သစ်ပင်သည် အပြည့်အ၀တစ်ကြိမ်သာဖူးပွင့်ဖူးသည်။

     ချင်နန်လည်း အလွန်စိတ်လှုပ်ရှားသွားပြီး ပြောလိုက်သည်။
     “ကျုပ်လည်းမသိဘူး…ကျုပ်…"
    သူ၏ စိတ်ထဲ အတွေးတစ်ခုဝင်လာသည်။
      ဒါက သူ့ရဲ့ တာအိုသစ်ပင်နဲ့တစ်ခုခု သက်ဆိုင်နေလား…

      “ထားလိုက်ပါ…အဲဒါက အခုအရေးမကြီးဘူး…ကောလာဟလတွေအရ ထူးကဲတာအိုသုံးခုက သူတို့ရဲ့ အလားအလာ အပြည့်အ၀ကိုရောက်သွားတဲ့အချိန်ကျရင် အပွင့်အကုန်ပွင့်လာတဲ့အချိန်မှာ မယုံနိုင်စရာတစ်ခုခု ဖြစ်လာလိမ့်မယ်တဲ့"
    ပျက်ကိန်း ရယ်ကာပြောလိုက်သည်။
     “ကောလာဟလတွေ မှန်မှန် မမှန်မှန် သစ်သီးခုနှစ်လုံးကျန်တယ်… မင်း အစီအစဉ်ကို မလှုပ်ရှားခင် နှစ်လုံးသုံးလုံးလောက် ယူထားလို့ရတယ်… မင်း ငါ့ကိုလည်း တစ်လုံးလောက်ပေးချင်ပေးပေါ့"

     ချင်နန် ပျက်ကိန်းကို စိတ်လေစွာဖြင့် မျက်လုံးပင့်ကြည့်ကာ ပျက်ကိန်း၏ အကြံပြုချက်ကို လျစ်လျူရှုလိုက်သည်။
     သူ မြေပြင်ပေါ်တွင် ထိုင်ကာ ကျင့်ကြံလိုက်သည်။

     သူ၏ နှုတ်ခမ်းများ ဖြည်းလေးစွာဖြင့် အပေါ်တွန့်ကွေးသွားသည်။
       သတင်းပျံ့သွားသည်နှင့်တစ်ပြိုင်နက် ထူးထူးခြားခြားပါရမီရှင်များထိုင်ကာ အနားယူနေနိုင်ပါမည်လော…

     မကြာခင်၌ ဆယ်ရက်ကုန်လွန်သွားသည်။
     ပဓာနသွေးနယ်မြေ၏ အနက်ပိုင်းထဲက ကျင့်ကြံသူများသည် ခရမ်းရောင်လ ငါလုံးက အရှေ့ဘက်တွင် ရှိသော နေရာတစ်ခုသို့ အလင်းဖြာကျနေကြောင်း သတိထားမိခဲ့သည်။
     ထို အရပ်မျက်နှာမှ  အလင်းတန်းသုံးခုလည်း ကောင်းကင်သို့ ထိုးတက်လာသည်။

အဆန်းကြယ်ဆုံး သိုင်း၀ိဉာဥ် အတွဲ ၂ ( ၁၀၀၁ မှ ၁၉၈၀) ခွင့်ပြုချက်ရပြီးWhere stories live. Discover now