၁၃၆၁ - ၁၃၆၅

334 34 0
                                    


အပိုင်း (၁၃၆၁) အမွေအနှစ်ရုပ်တု
    
     “ရှစ်…ကောင်းကင်ပြတ်နဂါးလက်သည်းရှစ်ဆယ်"
     စင့်မာခေါင် တံတွေးမျိုချလိုက်သည်။

      ချင်နန်၏ သိုင်းဘုရင်နှလုံးသားပင် မြန်ဆန်စွာဖြင့် ခုန်လာသည်။

      ဂျီးနီးယပ်များနှင့် အစွမ်းထက်ပုဂ္ဂိုလ်များ တစ်ယောက်နှင့် တစ်ယောက်တိုက်ခိုက်နေခြင်းမှာ အံ့ဩစရာမဟုတ်တော့ပေ။
     ကောင်းကင်ပြတ်နဂါးလက်သည်းရှစ်ဆယ်မှာ တကယ်ကိုတုန်လှုပ်စရာပမာဏဖြစ်သည်။

       “ဒီရုပ်တုကလည်း ထူးခြားတယ်…ဒါက ရှေးဟောင်းခေတ်ကတည်းက ရှိခဲ့တဲ့ အမွေအနှစ်ရုပ်တုဖြစ်လိမ့်မယ်…အဲဒါကို ဖျက်ဆီးလိုက်တာနဲ့ အစွမ်းထက်တဲ့ အမွေအနှစ် ရလိမ့်မယ်"
      တီကောင်လေး နှုတ်ခမ်းသပ်လိုက်သည်။
      သူ ရှေးဟောင်းခေတ်က တစ်စုံတစ်ခုကို နောက်ဆုံးမြင်ခဲ့ရသည်မှာ အတော်လေးကြာသွားပြီဖြစ်သည်။
     
       “အမွေအနှစ်တစ်ခုလား"
       စကားများကိုကြားသည့်အခါ စင့်မာခေါင် သွားရည်ကျလုမတတ်ပင်ဖြစ်သွားသည်။

      “အမွေအနှစ်ရုပ်တု"
     ချင်နန် အံ့ဩသွားသည်။ အမွေအနှစ်ရုပ်တုသည် ဒီရှာလျှို့ဝှက်ရတနာသိုက်သုံးဆယ့်ခြောက်ခုထဲမှ တစ်ခုဖြစ်ပုံရသည်။

       “ဒါပေမဲ့ ကျုပ်တို့ အဲဒါကို ဘယ်လိုယူကြမှာလဲ"
     စင့်မာခေါင် သူ၏ စိတ်ထဲ အတွေးတစ်ခု ၀င်ရောက်လာကာ မေးလိုက်သည်။

       နောက်ဆုံးတစ်ခေါက်က ချင်နန်သည် သိုင်းဘုရင်နှစ်ယောက်ကို တစ်ခဏအံ့အားသင့်အောင်လုပ်၍ အချိန်ဆွဲနိုင်ခဲ့သည်။ သို့သော်လည်း လက်ရှိတိုက်ပွဲ၌ ဂျီးနီးယပ်များနှင့် အစွမ်းထက်ပုဂ္ဂိုလ်များစွာ ရှိနေသောကြောင့်  သူ သူတို့ကို အံ့ဩအောင်လုပ်နိုင်လိမ့်မည် မဟုတ်ပေ။

      “အမွေအနှစ်ရုပ်တု…ဟတ်…စိတ်မပူနဲ့…ငါ့မှာ အစီအစဉ်ရှိတယ်…ကျုပ်ကို အဲဒီကို‌ပို့ပေး"
     တစ်စုံတစ်ခုကို တွေးမိသောအခါ ချင်နန်၏ မျက်လုံးများ အရောင်လက်သွားသည်။

      အစီအစဉ်သည် အတော်လေးအန္တရာယ်များပြီး အောင်မြင်ဖို့ အခွင့်အရေးနည်းသည့်တိုင် သူ စွန့်စားချင်သေးသည်။

အဆန်းကြယ်ဆုံး သိုင်း၀ိဉာဥ် အတွဲ ၂ ( ၁၀၀၁ မှ ၁၉၈၀) ခွင့်ပြုချက်ရပြီးWhere stories live. Discover now