၁၂၆၆ - ၁၂၇၀

353 34 0
                                    


အပိုင်း (၁၂၆၆) နဂါးတုံ့ပြန်ကျောက်တုံး
   
         “စီနီယာအစ်ကိုကြောင့်မလို့ တော်သေးတာပေါ့"
       မှော်ပန်းပွင့်သိုင်းဘုရင် ဖြူဖျော့သော မျက်နှာထားဖြင့် ပြောလိုက်သည်။

        “စိတ်ပူမနေပါနဲ့ ဒါက ဘာမှ အရေးပါတဲ့ ကိစ္စ မဟုတ်ပါ..."
      သိုင်းဘုရင်ဟောင်ရွှမ် အသာနှိမ့်ချစွာဖြင့် ပြောလိုက်သည်။ သို့သော်လည်း သူ၏ စကားမဆုံးခင်မှာတင် တစ်စုံတစ်ခုကို သတိထားမိပြီးနောက် လူတိုင်း လန့်ဖျပ်သောမျက်နှာထားများဖြင့် ဖြစ်သွားသည်။

      ကောင်းကင်ထက်မှ ပုံရိပ်သုံးခု ရပ်လိုက်သည်။ သူတို့ ပြုံးရယ်၍ အောက်ကို ငုံ့ကြည့်လိုက်သည်။
      “ဒီလိုဖုံးကွယ်တဲ့ပညာလေးနဲ့ ငါတို့ကို လှည့်စားချင်နေတာလား…ကိုယ့်ဘာကိုယ် ထွက်လာစမ်း…မဟုတ်ရင် ငါတို့ ကြင်နာမှုပြမှာမဟုတ်ဘူးနော်"
        သုံးယောက်ထဲမှ ဦးဆောင်လာသော သက်လတ်ပိုင်းလူ အထင်သေးသော လေသံဖြင့်ပြောလိုက်သည်။

        သူသည် အတောင်ပံများအောက်မှ လူ အရေအတွက်ကို အတိအကျမမြင်နိုင်သည့်တိုင် ကြယ်စွမ်းအင်ကြောင် အတောင်ပံများအောက်၌ သိုင်းဘုရင်အဆင့်နှစ် နှစ်ယောက်၊ သိုင်းဘုရင်အဆင့်တစ်နှစ်ယောက်နှင့် သိုင်းဘီဘင်အထွတ်အထိပ်အဆင့်တစ်ယောက်သာရှိကြောင်းကို သူသိသည်။

      “ဒီတစ်ခေါက်တော့ ငါတို့ အကျိုးအမြတ်တချို့ရပြီ…"
      သက်လတ်ပိုင်းလူ အခြားနှစ်ယောက်နှင့် အကြည့်ချင်းဖလှယ်လိုက်သည်။
      သူတို့သည် ကျင့်ကြံမှုစည်းမျဉ်းများထက် ကျော်လွန်သည့် အစွမ်းထက်သော ကျင့်ကြံသူနဲ့ တွေ့ပြီးနောက် အတော်လေး စိတ်ဓာတ်ကျနေခဲ့သည်။ သူတို့၏ ဒေါသကို ထုတ်ဖော်ရန်အတွက် နည်းလမ်းတစ်ခု လိုအပ်သည်။

         အတောင်ပံများအောက်၌…
  
       “ကျွန်မတို့ကိုတွေ့သွားပြီ"
     မှော်ပန်းပွင့်သိုင်းဘုရင် နောက်သို့ ခြေတစ်လှမ်း ဆုတ်လိုက်သည်။ သူမ၏ မျက်လုံးထဲ ကြောက်ရွံ့မှုများ ရှိနေသည်။ သိုင်းဘုရင်တစ်ယောက်ဖြစ်သော်လည်း ဤလူစုထဲ၌ သူမ၏ သိုင်းပညာနှလုံးသားမှာ မတည်ငြိမ်ဆုံးဖြစ်သည်။ သူမ ဘုရင်မွေးဖွားဇာတာခွင်ကို ကံကောင်းပြီး အမွေဆက်ခံနိုင်ခဲ့ခြင်းဖြစ်သည်။

အဆန်းကြယ်ဆုံး သိုင်း၀ိဉာဥ် အတွဲ ၂ ( ၁၀၀၁ မှ ၁၉၈၀) ခွင့်ပြုချက်ရပြီးWhere stories live. Discover now