၁၀၄၁ - ၁၀၄၅

418 42 0
                                    


အပိုင်း (၁၀၄၁)ဥဿုံရေခဲပန်း

"ရယ်စရာပဲ...ရယ်ဖို့ကောင်းလိုက်တာကွာ...ဟား...ဟား....ငါက ‌တောင်ပံခြောက်ခု လက်ရှစ်ချောင်နဲ့နဂါးကွ...မင်းမှာဘာပစ္စည်းရှိရှိ လိုဏ်ဂူထဲ၀င်ဖို့ မဖြစ်နိုင်ဘူး"
ချင်နန် တုတ်တစ်ချောင်းအား ဝှေ့ယမ်းလိုက်သည်ကိုမြင်သောအခါ ကောင်းကင်ငရဲနဂါး ခွက်ထိုးခွက်လန် ရယ်လိုက်သည်။ သူ၏နောက်မှ ကြီးမားသော တောင်ပံများ ပြန့်ကားလာပြီးမျက်တောင်တစ်ခတ်အတွင်း လိုဏ်ဂူ၏ ၀င်ပေါက်ကို ပိတ်ဆို့လိုက်သည်။

သူ၏ အတောင်ပံများသည် သူ၏ အကြေးခွံများထက် ပိုမာကျောပြီး တောက်ပ‌သော အနီရောင်အလင်းကို ထုတ်ဖော်နေသည်။ သိုင်းဘုရင်အဆင့်တစ်ကျွမ်းကျင်သူလျှင်ပင် အတင်းအဓမ္မ၀င်ရန် ခက်ခဲလိမ့်မည်ဖြစ်သည်။

ကောင်းကင်ငရဲနဂါး၏ စကားကို ကြားသောအခါ ချင်နန် ခပ်ရေးရေးသာ ပြုံးလိုက်သည်။
မကြာခင်၌ ရတနာမျှားတံသည် လိုဏ်ဂူထဲ၀င်သွားပြီး တစ်ခုခုကို ချိတ်မိသွားသည်။

"ဘယ်လိုဖြစ်တာလဲ"
ကောင်းကင်ငရဲနဂါး၏ မျက်နှာအမူအရာ အကြီးအကျယ် ပြောင်းလဲသွားသည်။

"နတ်ဘုရားသိုင်းဝိညာဉ်"
ရုတ်တရက် ချင်နန် မြေပြင်ကို တစ်ချက်ဆောင့်ခုန်လိုက်ပြီး ကောင်းကင်ငရဲနဂါး၏ ရှေ့ရောက်ရှိသွားသည်။ သူ၏ နောက်မှ အနီရောင် ရောင်ခြည်တန်းငါးခုနှင့်အတူ နတ်ဘုရားသိုင်းဝိညာဉ်ကြီးထွက်ပေါ်လာသည်။

ဘန်း....

ကြောက်မက်ဖွယ်ရာဖိအားတစ်ခု သက်ဆင်းလာသည်။

ဖိအားသည် ခြောက်သွေ့တိုက်ပွဲမြေပြင်မှ တိုက်ပွဲဆန္ဒများထက်ပင် ပိုလျှို့ဝှက်ဆန်းကြယ်ကာ ကြောက်ဖို့ကောင်းသည်။

"မင်း"
ကောင်းကင်ငရဲနဂါး အထိတ်တလန့်ဖြစ်သွားပြီး သူ၏ မျက်လုံးထဲ၌ ကြောက်ရွံ့မှုများ ပြည့်နှက်သွားသည်။ သတိမထားမိဘဲ သူ၏ အတောင်များ လျော့ရဲရဲဖြစ်သွားသည်။

အရာအားလုံးမှာ ချင်နန် မှန်းဆထားသည့်အတိုင်းဖြစ်သည်။
နတ်ဘုရားသိုင်းဝိညာဉ်၏ စွမ်းအားသည် ခြောက်သွေ့တိုက်ပွဲမြေပြင်ထက် အဆပေါင်းများစွာ သာလွန်သည်။
ချင်နန် အခွင့်အရေးကို အရယူပြီး ရတနာမျှားတံကို အသကုန် ဆွဲတင်လိုက်လိုက်ရာ သူ၏ မျက်စိရှေ့၌ တစ်စုံတစ်ခု ထွက်ပေါ်လာသည်။

အဆန်းကြယ်ဆုံး သိုင်း၀ိဉာဥ် အတွဲ ၂ ( ၁၀၀၁ မှ ၁၉၈၀) ခွင့်ပြုချက်ရပြီးWhere stories live. Discover now