၁၅၂၆ - ၁၅၃၀

355 34 0
                                    


အပိုင်း (၁၅၂၆) ရဲရင့်သူများ

   ထိုစဉ်အတောအတွင်း ကောင်းကင်တောင်ပိုင်းထွတ်မြတ်နယ်မြေတွင်…

     လွန်ခဲ့သောနှစ်သောင်းချီကတည်းက အလွန်ကြီးမားသောတည်ရှိမှုသည် မြဲမြံခိုင်မာစွာ ရပ်တည်ခဲ့သည်။ ၎င်းသည် စစ်ပွဲအားလုံးတွင် ရှင်သန်နိုင်ခဲ့ကာ အုပ်စိုးသူတစ်ယောက်အဖြစ် သူ၏ အဆင့်အတန်းကို ထိန်းထားနိုင်ခဲ့သော်လည်း ယနေ့တွင် လေထု၏ အခြေအနေမှာ မတူညီတော့ပေ။

     အထူးသဖြင့် ခေါင်းလောင်းသံ တစ်လောကလုံးကို ပဲ့တင်ထပ်သွားစဉ်၌ ဖိအားကို ခံစားလိုက်ရသည်။ မည်သူမျှ စကားပင်မပြောနိုင်ကြပေ။

    ခေတ်အားလုံး၏ အစွမ်းထက်ဆုံးသိုင်းနတ်ဘုရား…

   ဝါကျတစ်ခုတည်းကပင် သူတို့၏ နှလုံးသားကို လေးလံလာစေသည်။

   နတ်ဘုရားအဆင့်၊ ဘုရင်အဆင့်၊ နတ်ဘုရားသားရဲတားမြစ်နေရာနှင့် အခြားအဖွဲ့အစည်းများသည် လွန်ခဲ့သောသုံးရက်ကတည်းက ပူးပေါင်းကာ စစ်ပွဲအတွက် ပြင်ဆင်ခဲ့ကြသည်။

     နတ်ဘုရားတောင်များသည် အံ့ဖွယ်အော်ရာဖြင့် တစ်ခုနှင့်တစ်ခု ချိတ်ဆက်ထားသည်။

     ထို့ပြင် နတ်ဘုရားအဆင့်လက်နက်များကိုလည်း တောင်တစ်ခုစီတွင် အချိန်မရွေးဖောက်ခွဲဖို့ အဆင့်သင့်ပြင်ထားသည်။

      အတိတ်က စုဆောင်းထားသည့် ကောင်းကင်တောင်ပိုင်းထွတ်မြတ်နယ်မြေ၏ မရေမတွက်နိုင်သော သတ်ဖြတ်ခြင်းအစီအရင်များကိုလည်း ပြင်ဆင်ထားသည်။

        

      နတ်ဘုရားအဆင့်နှင့် ဘုရင်အဆင့်တို့သည် သူတို့၏ အစွမ်းထက်သော နတ်ဘုရားသံတမန်များနှင့် ဘုရင်သံတမန်များကို အသီးသီး ခေါ်ထုတ်ထားသည်။ နတ်ဘုရားသားရဲတားမြစ်နေရာနှင့် အခြားအဖွဲ့အစည်းများသည်လည်း သူတို့၏ ရေခဲအဖြစ်ခဲနေကြသော အခြားသိုင်းနတ်ဘုရားအဆင့်ကျွမ်းကျင်သူများကို နှိုးလိုက်ကြသည်။

        ကောင်းကင်တောင်ပိုင်းဂိတ်၊ နတ်ဘုရားအဆင့်နှင့် ဘုရင်အဆင့်တို့သည် သူတို့ အားသာချက်ရရှိဖို့အတွက် သုံးရက်အတွင်း စည်းမျဉ်းများကို ပြုပြင်ပြောင်းလဲခဲ့သည်။

အဆန်းကြယ်ဆုံး သိုင်း၀ိဉာဥ် အတွဲ ၂ ( ၁၀၀၁ မှ ၁၉၈၀) ခွင့်ပြုချက်ရပြီးWhere stories live. Discover now