အပိုင်း (၁၃၄၆) ကောင်းကင်မဲ့ဒိုဂျို“ဒါက တာအိုမူလတောင်လား"
“ဒါက ဘာကန်လဲ"
“ဒါက တစ္ဆေငိုလိပ်ပြာမလား…ဒီလိုရှားပါးမျိုးစိတ် မျိုးတုံးသွားပြီလို့ ငါထင်ထားတာ"
“ချေးပဲ…ဒါက မိုးကြိုးငရဲကင်းခြေများမလား…ပြီးတော့ ဒါက ဒဏ္ဍာရီလာ ရှေးဟောင်းစိတ်ဆန္ဒမျောက်ဝံမလား...ဒါက...."
သူတို့သုံးယောက် တံခါးကို ဖြတ်ကျော်လိုက်သည်နှင့် စွမ်းအင်တစ်ခုသည် သူတို့ကို ကျွမ်း၀င်ခြင်းမရှိသော နေရာတစ်ခုသို့ ပို့ဆောင်ခံလိုက်ရသည်။ သူတို့ ပတ်၀န်းကျင်ကို မစစ်ဆေးရသေးခင်မှာပင် သူတို့၏ နားထဲ အာမေဋိတ်သံများ ထွက်ပေါ်လာသည်။“ဟမ်…ရှားပါးမျိုးစိတ်တွေ များလှချေလား"
ချင်နန် အမှတ်တမဲ့ဖြင့် ရှေ့ကြည့်ပြီးနောက် လီတစ်သောင်းကျော်လွှမ်းခြုံထားသည့် ရှေးဟောင်းကြာကန်တစ်ကန်ကို တွေ့လိုက်သည်။ကန်၏ ၀န်းကျင်၌ အစွမ်းထက်ပုဂ္ဂိုလ်များ၊ ဂျီးနီးယပ်သိုင်းဘုရင်များနှင့် တစ်ကိုယ်တော်ကျင့်ကြံသူများ စုရုံးနေကြသည်။
ထိုစဉ်အတောအတွင်း ကန်၏ အလယ်တွင်ရှိသောပန်းပွင့်များကြားထဲ၌ မရေမတွက်နိုင်သော သားရဲများစွာရှိနေသည်။ သားရဲများ၏ ကျင့်ကြံမှုမှာ သိုင်းဘီဘင်အဆင့်နှင့် သိုင်းသူတော်စင်အဆင့်သာဖြစ်သည့်တိုင် ချင်နန် ထိုမျိုးစိတ်များကို ယခင်က တစ်ခါမျှ မမြင်ဖူးပေ။
“ကြည့်ရတာ ကောလဟာလတွေက တကယ်ကိုမှန်တာပဲ…တာအိုမူလတောင်သခင်မှာ ထူးဆန်းတဲ့ဝါသနာရှိတယ်…သူက ရှားပါးတဲ့ သားရဲတွေ စုဆောင်းရတာ ကြိုက်တယ်"
မင်းသမီးမြောင်မြောင် ရှောင်ယွင်ကျယ်နှင့် နတ်ဘုရားသားရဲတားမြစ်နေရာမှ လူများကို တစ်ချက်စောင်းကြည့်ပြီးနောက် ရေရွတ်လိုက်သည်။
“ငါအခွင့်အရေးရရင် ရှောင်ယွင်ကျယ်ကိုဖမ်းပြီး တာအိုမူလတောင်သခင်ကိုလက်ဆောင်ပေးရင်ကောင်းမလား"
အဆုံး၌ ရှောင်ယွင်ကျယ်၏ သွေးကြောမှာ အတော်လေးရှားပါးသည်။
YOU ARE READING
အဆန်းကြယ်ဆုံး သိုင်း၀ိဉာဥ် အတွဲ ၂ ( ၁၀၀၁ မှ ၁၉၈၀) ခွင့်ပြုချက်ရပြီး
Randomလန်းရှုးမြို့ရဲ့ ချင်ကလန်မှာ ချင်နန်က နံပါတ်တစ် ဂျီးနီးယပ်တစ်ယောက်ဖြစ်ပါတယ်။ ဒါပေမယ့် သိုင်းဝိညာဉ်နိုးထခြင်းပွဲမှာ သူ့ရဲ့ မွေးရာပါ သိုင်းဝိညာဉ်က အနိမ့်ဆုံးဖြစ်နေခဲ့ပါတယ်။ အဆင့်နိမ့် သိုင်းဝိညာဉ်ကြောင့် နံပါတ်တစ်ဂျီးနီးယပ် တစ်ယောက်အဖြစ်ကနေ အသုံးမကျတ...