၁၃၇၁ - ၁၃၇၅

365 32 0
                                    


အပိုင်း (၁၃၇၁) ဂျီးနီးယပ်များ ရောက်လာခြင်း

       “ဒါက ရှေးဟောင်းတည်နေရာပို့ဆောင်ခြင်းအစီအရင်တစ်ခုမလား"
      သိုင်းဘုရင်အဆင့်ကျွမ်းကျင်သူများနှင့် သိုင်းဘီဘင်အဆင့်ကျင့်ကြံသူများ ရှုပ်ထွေးသွားပုံရသည်။

       ဘာလို့ကျန်ရှန်ယွင်နဲ့ တခြားသူတွေက အဆင့်တက်ဖို့မကြိုးစားဘဲ တည်နေရာပို့ဆောင်ခြင်းအစီအရင်တစ်ခု ဖန်တီးနေတာလဲ....
       သူတို့ သူတို့ မျိုးနွယ်စုက ကျွမ်းကျင်သူတွေကို ခေါ်မလို့လား....
     
      “ကျန်ခုန်ကျိုး..... လုပ်လိုက်တော့"
    ၎င်းကိုကြည့်ကာ လျှို့ဝှက်ဆန်းကြယ်သောသိုင်းဘီဘင်အဆင့်ကျင့်ကြံသူနှစ်ယောက် အသံပို့လွှတ်လိုက်သည်။

      “ပင်လယ်အင်ပါယာရဲ့ တံဆိပ်…ပင်လယ်မျိုးနွယ်စုရဲ့ ကျင့်ကြံသူတွေအားလုံး ငါ့အမိန့်ကိုနားထောင်ပြီး ရှေးဟောင်းအစီအရင်ကို ဖျက်စီးစမ်း"
       တစ်ချိန်လုံး တိတ်ဆိတ်စွာရှိနေသည့် ကျန်ခုန်ကျိုး ရုတ်တရက် သူ၏ အော်ရာထိုးတက်သွားပြီး ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
    သူ၏ လက်ထဲ၌ အဆုံးမဲ့ပင်လယ်ဖြင့် ပြုလုပ်ထားသည့်ပမာ သန့်စင်သောအပြာရောင်အလင်းတစ်ခု ထုတ်ဖော်နေသော ရှေးဟောင်းတံဆိပ်တစ်ခု ကိုင်ထားသည်။
     ပင်လယ်အင်ပါယာတံဆိပ်သည် ပင်လယ်မျိုးနွယ်စု၏ အဖိုးတန်ရတနာသုံးမျိုးထဲမှ တစ်မျိုးဖြစ်သည်။
     တံဆိပ်ကို အသုံးပြုလိုက်သည်နှင့် ၎င်းသည် ပင်လယ်အင်ပါယာ၏ တည်ရှ်ိမှုကို ပုံဆောင်သည်။

       “ပင်လယ်အင်ပါယာတံဆိပ်လား…တိုက်ကြ…"
     ပင်လယ်မျိုးနွယ်စု၏ သိုင်းဘုရင်များနှင့် သိုင်းဘီဘင်များ ယာယီအံ့အားသင့်သွားပြီးနောက် အလျင်အမြန်ပင် သူတို့၏အော်ရာများကိုထုတ်လွှတ်၍ အစီအရင်ကိုဦးတည်ကာ ကြောက်မက်ဖွယ်ရာ ဘုရင်သိုင်းပညာများဖြင့် တိုက်ခိုက်လိုက်သည်။

      “ဟား…ဟား…ရေခဲတုံးကျန်း…မင်း၀င်ပါမှာ ငါမသိဘူးလို့များ ထင်နေတာလား…ဒီတစ်ခေါက် မင်းရဲ့ စွမ်းအား ဘယ်လောက်တိုးတက်လာမလဲဆိုတာ ကြည့်ရမဲ့အချိန်ပဲ"
    လီချီမော့ ဆိုးယုတ်စွာပြုံးလိုက်ပြီး သူ၏ လက်နှစ်ဖက်ကို ဆန့်ထုတ်လိုက်သည်။ သူ၏ နောက်မှ သေလွန်ဝိညာဉ်မျိုးနွယ်စု၏ ကျွမ်းကျင်သူများ  ကြောက်မက်ဖွယ်ရာအော်ရာများ ထုတ်လွှတ်လိုက်သည်။

အဆန်းကြယ်ဆုံး သိုင်း၀ိဉာဥ် အတွဲ ၂ ( ၁၀၀၁ မှ ၁၉၈၀) ခွင့်ပြုချက်ရပြီးWhere stories live. Discover now