1876 - 1880

135 11 0
                                    

အပိုင်း (၁၈၇၆)

     ထူးထူးခြားခြားပါရမီရှင်နှစ်ယောက်သည်  နန်းတော်၏ ရှေ့က ဒိုဂျိုသို့ရောက်လာခြင်းဖြစ်သော်လည်း ချင်နန်သည် သူတို့၏ ကြောက်မက်ဖွယ်ရာအော်ရာများကို ခံစားနိုင်ပြီဖြစ်သည်။ သူတို့သည် အဆုံးမဲ့အမှောင်ထုထဲက တောက်ပသော အလင်းတန်းနှစ်ခုသဖွယ်ပင်ဖြစ်သည်။

      “ငါက အညတရတစ်ယောက်ပါ"
     ချင်နန် အပြုံးဖြင့် ပြောလိုက်သည်။
    သူ၏ ခန္ဓာကိုယ်ထဲ အင်မော်တယ်စွမ်းအင်များ လှိမ့်တက်လာသည်။ သူနှင့် ဆယ်ကျန်အတွင်းတွင်ရှိသော အရာအားလုံး အပြင်းအထန် တုန်ခါသွားသည်။

       သူတို့နှစ်ယောက် သူ့ကို ရှာတွေ့သောကြောင့် တိုက်ပွဲတစ်ခု ဖြစ်ပွားလာဖို့ ရှောင်လွှဲလို့မရပေ။
     သို့သော်လည်း ထိုအချိန်၌ ချင်နန် ရုတ်တရက် တစ်စုံတစ်ရာကို ခံစားလိုက်ရသည်။
     သူ အံ့အားသင့်စွာဖြင့် လှည့်ကြည့်လိုက်၏။

      သလင်းကျောက်ထဲက လျှို့ဝှက်ဆန်းကြယ်သော အမျိုးသမီး၏ မျက်လုံးများ ရုတ်တရက် ပွင့်လာသည်။

    ဘန်း…
  
    ရှေးဟောင်းသလင်းကျောက်ထဲက ကပ်ဘေးတစ်ခုပမာ သန်မာသောအော်ရာတစ်ခု ပေါက်ကွဲထွက်လာသည်။ ၎င်းသည် မျက်နှာကြက်ကို အပိုင်းပိုင်းပျက်စီးသွားစေသည်။ နန်းတော်လည်း ပြင်းပြင်းထန်ထန်တုန်ခါသွားသည်။

       ချင်နန် ကြက်သီးမွေးညင်း ထသွားသည်။ အမျိုးသမီး အသက်ရှင်သေးမည်ဟု သူ မထင်ထားခဲ့ပေ။ ထို့ပြင် သူမ၏ ကျင့်ကြံမှုသည် ပြိုင်ဘက်ကင်းအုပ်စိုးသူအဆင့်ထက် ကျော်လွန်သည်။ သူမသည် ကိုးကောင်းကင်အဓိပတိတစ်ယောက်ဖြစ်သည်။
     အမျိုးသမီးသည် သလင်းကျောက်ထဲက ဖြည်းလေးစွာဖြင့် မတ်တတ်ရပ်လိုက်သည်။ သူမ ဝတ်လစ်စလစ်ဖြစ်နေကြောင်းသတိထားမိချိန်၌ သူမ မျက်မှောင်ကြုတ်သွားသည်။ သူမ၏ လက်ကိုလှုပ်ယမ်းကာ အဖြူရောင်ဝတ်စုံတစ်ထည်ကို ဝတ်ဆင်လိုက်သည်။
    သူမသည်လည်း တစ်စုံတစ်ရာကို သတိထားမိပုံရသည်။ ချင်နန်ကို တစ်ခဏခန့်ကြည့်ပြီးနောက် အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။ သူမသည် အလင်းတန်းတစ်ခုအဖြစ်ပြောင်းလဲသွားပြီးနောက် ကောင်းကင်သို့ ပျံသန်းသွားသည်။
     သူမ၏ ကြောက်မက်ဖွယ်ရာတည်ရှိမှုလည်း ပျောက်ကွယ်သွား၏။
 
     ချင်နန် အံ့အားသင့်သွားသည်။
     ဘာဖြစ်တာလဲ...

အဆန်းကြယ်ဆုံး သိုင်း၀ိဉာဥ် အတွဲ ၂ ( ၁၀၀၁ မှ ၁၉၈၀) ခွင့်ပြုချက်ရပြီးWhere stories live. Discover now