၁၁၁၁ - ၁၁၁၅

374 40 0
                                    


အပိုင်း (၁၁၁၁) ဘုရင်နှလုံးသားကို သန့်စင်ခြင်း

ဝှစ်...ဝှစ်...ဝှစ်...

ချင်နန်နှင့် ချန်းကျိလိုင်တို့ တစ်ချိန်တည်း ဒိုဂျိုအပြင်ဘက်ထွက်သွားကြသည်။

"မင်းတို့နှစ်ယောက်လုံး ရန်သူတွေကို အနိုင်ယူနိုင်တဲ့အတွက် ဂုဏ်ယူပါတယ်...ချင်နန်ကတော့ သုံးမှတ်ရပြီး ချန်းကျိလိုင်ကတော့ နှစ်မှတ်ရတယ်...မင်းတို့အခု တတိယအဆင့်ကိုသွားလို့ရပြီ"
သူတို့၏ အထက်၌ ဘုရင်သံတမန်၏ အသံ ပဲ့တင်ထပ်လာသည်။

"တတိယအဆင့်...သူတို့ကကော ဘယ်လိုလုပ်မှာလဲ"
ချင်နန် မျက်မှောင်ကြုတ်သွားသည်။
သူတို့လေးယောက်သည် မဟာမိတ်များဖြစ်သည်ဟု ဘုရင်သံတမန်ပြောခဲ့သည်။ ထို့ကြောင့် သူတို့နောက်တစ်ဆင့်ကိုအတူတကွတက်ရောက်ရန် လိုအပ်သည်။ အကယ်၍ တစ်စုံတစ်ယောက်ကျရှုံးသွားပါက ၎င်းသည် အခြားသုံးယောက်အပေါ်တွင်လည်း သက်ရောက်မှုရှိလိမ့်မည်ဖြစ်သည်။ ထို့သို့ဖြစ်သဖြင့် သူတို့သည် နောက်တစ်ဆင့်ကို အတူတကွသာ တက်နိုင်ကြသည်။

"တာ၀န်ဆောင်ရွက်နေချိန်အတွင်းမှာ ရန်သူတွေကို အနိုင်ယူနိုင်တဲ့သူတွေက နောက်တစ်ဆင့်ကို တက်ရောက်နိုင်တယ်...ဒါပေမဲ့ မင်းတို့ရတဲ့အမှတ်တွေကို မင်းတို့ရဲ့စွမ်းဆောင်ရည်နဲ့ ဆုံးဖြတ်တယ်...မင်းတို့နှစ်ယောက် နောက်တစ်ဆင့်ကိုတက်လို့ရပြီ...မင်းတို့ရဲ့ မဟာမိတ်တွေက ဒုတိယကြိုးပမ်းမှုမှာ ကျရှုံးခဲ့တယ်...ဒါကြောင့်မလို့ မကြာခင်မှာ တခြားသူတွေနဲ့ တတိယကြိုးပမ်းမှု ဆောင်ရွက်ရလိမ့်မယ်"
ဘုရင်သံတမန် တည်ငြိမ်သော အသံဖြင့် ပြောလိုက်သည်။

ချင်နန် အံ့ဩသွားသည်။

ယွီချင်းထုံ ကျရှုံးသွားခြင်းမှာ ကျိုးကြောင်းဆီလျော်ပေသည်။ သို့သော်လည်း အဘယ်ကြောင့် ကျန်းပိလန် ကျရှုံးသွားပါသနည်း...
သူမ၏ သဘောထားအရ သူမသည် သူမကိုယ် သူမ အတော်လေးယုံကြည်ချက်ရှိပုံရသည်။

"သူငါ့ကို တစ်ခုခုတွေ့သွားမှာစိုးလို့ အထဲမ၀င်ခိုင်းခဲ့တာလား"
ချင်နန် အံ့ဩသွားသည်။

အဆန်းကြယ်ဆုံး သိုင်း၀ိဉာဥ် အတွဲ ၂ ( ၁၀၀၁ မှ ၁၉၈၀) ခွင့်ပြုချက်ရပြီးWhere stories live. Discover now