၁၆၂၁ - ၁၆၂၅

344 33 0
                                    


အပိုင်း (၁၆၂၁) ရှေးဟောင်းဗုဒ္ဓဘုရားကျောင်း

    အချိန်ခဏကြာပြီးနောက် တည်းခိုခန်းတစ်ခု၏ အခန်းထဲတွင်....

    ချင်နန်သည် တက်လှမ်းခြင်းအင်မော်တယ်တံဆိပ်ကို လျင်မြန်စွာကြည့်လိုက်ခြင်းနှင့်အတူ သူလိုအပ်သည့် အချက်အလက်အားလုံးကို သိရှိသွားသည်။
    အပေါ်ယံ၌ နောက်ဆုံးတိုက်ပွဲကို အဓိပတိတာအိုအင်အားစုသုံးခုပူးပေါင်းကာ ကျင်းပမည်ဖြစ်သော်လည်း စင်စစ်မူ ကောင်းကင်ထိုင်ဟွမ်ဂိုဏ်းက ကျင်းပခြင်းဖြစ်သည်။
    စိတ်၀င်စားသူမည်သူမဆို အခြေအနေနှစ်ခုလိုအပ်သည်။
    ပထမအခြေအနေမှာ သူတို့သည် အင်မော်တယ်ရှေးဟောင်းနေရာတိုင်းက ရှားပါးပစ္စည်းတစ်ခုကို ရခဲ့ရမည်။
     ဒုတိယအခြေအနေမှာ သူတို့သည် အင်မော်တယ်ရှေးဟောင်းနေရာဆယ့်ငါးခုပိတ်သည့်အချိန်တွင် အင်မော်တယ်အဖြစ် အောင်အောင်မြင်မြင် အဆင့်တက်နိုင်ရမည်ဖြစ်သည်။
     အခြေအနေမှာ ရိုးရှင်းပြီး ဆုကြေးများရှိသည်။
    အနိုင်ရသူသည် ကိုးကောင်းကင်အဓိပတိတစ်ယောက်၏ တစ်ခါသင်ကြားမှုကို ခံရမည်ဖြစ်ပြီး တာအိုရှာဖွေခြင်းနယ်မြေတွင် ဆယ်ရက်ကျင့်ကြံနိုင်ခွင့်ရှိသည်။
      ကြောက်မက်ဖွယ်ရာနောက်ခံနှင့်  ပါရမီရှင်များစွာသည် သူတို့၏ အဆက်အသွယ်များမှတစ်ဆင့် ထိုကဲ့သို့ ဆုမျိုးကို အလွယ်တကူရနိုင်သော်လည်း သူတို့၏ အဓိကရည်ရွယ်ချက်မှာ နောက်ဆုံးတိုက်ပွဲတွင် ပါ၀င်ပြီး နာမည်ကျော်ဇောဖို့ဖြစ်သည်။
       သူတို့အတွက် နာမည်ကျော်ကြားဖို့ အရေးကြီးသည်။
      ကိုးကောင်းကင်အင်မော်တယ်ဘုံတွင် မရေမတွက်နိုင်သော အမွေအနှစ်များရှိပြီး အသန်မာဆုံးအင်မော်တယ်ဟူသည့် သရဖူဆောင်းနိုင်သော သူသည် မည်မျှအစွမ်းထက်ကြောင်းကို မီးမောင်းထိုးပြနေသည်။

      “အသန်မာဆုံးအင်မော်တယ်…ဟတ်"
     ချင်နန် ဝိုးတဝါးရေရွတ်ကာ သူ၏ မျက်လုံးများကို ပိတ်လိုက်သည်။

     အချိန်တဖြည်းဖြည်းကုန်လွန်နေသည်။ ငါးရက်ကြာပြီးနောက် မြူခိုးများလွှမ်းနေသော အဝါရောင်မြက်ခင်းပြင်ပေါ်တွင် လမ်းတစ်ခု ပေါ်လာသည်။
     မရေမတွက်နိုင်သော အင်မော်တယ်အလင်းတန်းများ ကောင်းကင်ကို ထိုးတက်သွားသည်။
      ရှေးဟောင်းမြို့သည် ချက်ချင်းပင်  ၀ရုန်းသုန်းကားဖြစ်သွားသည်။

အဆန်းကြယ်ဆုံး သိုင်း၀ိဉာဥ် အတွဲ ၂ ( ၁၀၀၁ မှ ၁၉၈၀) ခွင့်ပြုချက်ရပြီးWhere stories live. Discover now