၁၀၂၁ - ၁၀၂၅

475 49 0
                                    


အပိုင်း (၁၀၂၁) နတ်ဆိုးအလောင်းရှစ်လောင်း စည်းတံဆိပ်

ချင်နန်၏ စိတ်ထဲ ထိုအတွေးဝင်ရောက်လာပြီး ရတနာမျှားတံထဲ သူ၏ စွမ်းအားအနည်းငယ်ပို့လွှတ်လိုက်ရာ နူးညံ့သော အဖြူရောင်အလင်းတစ်ခုကို ထုတ်ဖော်၍ ချင်နန်၏ အော်ရာနှင့် တစ်သားတည်းဖြစ်သွားသည်။

ရတနာမျှားတံအား အသက်သွင်းရသည့် နည်းလမ်းမှာ အလွန်ရိုးရှင်းပေသည်။
မျှားတံအား ကိုင်ဆောင်သူကို ပိုင်ရှင်အဖြစ်သတ်မှတ်နိုင်ကာ ထိုသူသည် ရတနာမျှားတံကို သူ၏ နတ်ဘုရားအာရုံဖြင့် အလွယ်တကူထိန်းချုပ်နိုင်သည်။

ခွေးနှစ်ကောင်၊ ကြွက်တစ်ကောင်နှင့် အရိုးစုများ ချင်နန်ကို ကြည့်လိုက်ကြသည်။

"ကောင်းကင်ဝံပုလွေတောင်ထဲမှာ ကျင့်ကြံမှုသိုင်းဘီဘင်အဆင့်ရှစ်ကိုရောက်နေတဲ့ နေလနဂါးသွေးကြောရှိတယ်...အဲဒါကို ရတနာမျှားတံနဲ့ စမ်းကြည့်ရအောင်"
ချင်နန်၏ ဘယ်ဘက်မျက်လုံး ခရမ်းရောင်လက်သွားပြီး ပြောလိုက်သည်။
"သွား"

သူ သူ၏ လက်ထဲမှ ရတနာမျှားတံကို လွှဲယမ်းလိုက်ရာ အခြားသူများ မမြင်နိုင်သည့် ကြိုတစ်ချောင်းပမာ မှော်အင်အားတစ်ခု ထွက်ပေါ်လာသည်။

တစ်ခဏကြာပြီးနောက် အင်အားသည် ကောင်းကင်ဝံပုလွေတောင်သို့ ရောက်ရှိသွားသည်။ သူ့အား အံ့အာသင့်စွာပင် ၀င်္ကပါများ၊ ကျောက်တုံးများ၊ မြေပြင်....အစရှိသည်တို့သည် အင်အားကို ဟန့်တားနိုင်ခြင်းမရှိပေ။

"ဟမ်"
ချင်နန်၏ မျက်ခုံးများ ပင့်တက်သွားသည်။
ဒီရတနာမျှားတံက တကယ်ကြီး အဲလိုစွမ်းဆောင်နိုင်တာလား.

မကြာခင်၌ မှော်ဆန်သော အင်အားသည် တောင်ထဲ ၀င်သွားပြီး နှစ်နှစ်ခြိုက်ခြိုက်အိပ်မောကျနေသော နေလနဂါးသွေးကြောကို ခွေရစ်လိုက်သည်။

ရတနာမျှားတံ၏ အလေးချိန်တိုးလာကြောင်းကို ချင်နန်ခံစားနိုင်သည်။

ချင်နန် မျှားတံကို အပေါ်သို့ ဆွဲလိုက်ရာ နေလနဂါးသွေးကြောသည် သူနှင့် အနည်းငယ်နီးလာသည်။ နေလနဂါးသွေးကြောသည် သူ့အား ရစ်ပတ်ထားသည်ကို သတိမပြုမိသည့်ပမာ အိပ်စက်၍သာ ရှိနေသည်။

အဆန်းကြယ်ဆုံး သိုင်း၀ိဉာဥ် အတွဲ ၂ ( ၁၀၀၁ မှ ၁၉၈၀) ခွင့်ပြုချက်ရပြီးWhere stories live. Discover now