၁၂၃၆ - ၁၂၄၀

335 35 0
                                    


အပိုင်း (၁၂၃၆) မှော်နန်းတော်

     “ဟမ်…ရှောင်ဟုန် နင်တို့ ဘာလို့ ဒီကိုရောက်နေတာလဲ"
    ချင်နန် မျက်လုံးဖွင့်လိုက်ချိန်၌ သူ့ရှေ့မှ လူများကို တွေ့သောအခါ ကြောင်တောင်တောင် ဖြစ်သွားသည်။
     အစောပိုင်းက ဘာဖြစ်ခဲ့ကြောင်းကို သူ မသိပေ။
     သူမှတ်မိသည့်တစ်ခုတည်းသောအရာမှာ သူ အသတ်ခံရတော့မည့်အချိန်တွင် မင်းသမီးမြောင်မြောင်နှင့် ၀မ်ကျောက်တို့ သူ့အား ရှေးဟောင်းသစ်ပင်တစ်ပင်ထဲ ထည့်ပိတ်ခဲ့ခြင်းဖြစ်သည်။

       “ကျွိ…ကျွိ…"

      “သခင်…သခင်ကတော့ သိမှာမဟုတ်ဘူး…အစ်မက နဂါးအင်ပါယာကလန်ကနေ ထွက်သွားဖို့ ဆုံးဖြတ်ခဲ့တယ်…ဒါကြောင့်မလို့ ကျုပ်တို့အားလုံး ကောင်းကင်ကံကြမ္မာတောင်တန်းကို လာခဲ့ကြတာ…ဒါပေမဲ့ လမ်းမှာ ဉာဏ်များကောက်ကျစ်တဲ့ မာရုန်လို့ခေါ်တဲ့ မိစ္ဆာမတစ်ယောက်နဲ့ တွေ့ခဲ့တယ်…သူက လူမဆန်တဲ့လုပ်ရပ်တွေအများကြီးလုပ်ခဲ့တယ်…အဲဒါကြောင့်မလို့ ကောင်းကင်ရဲ့ ကိုယ်စား ကျုပ်တို့သူ့ကို သင်ခန်းစာပေးခဲ့တယ်…အဲဒါပြီးတဲ့နောက်မှာ…"
     ကောင်းကင်ကံကြမ္မာကြွက် ချင်နန်နှင့် ပြန်ဆုံစည်းသောကြောင့် စိတ်လှုပ်ရှားနေသည်။ သူ ချင်နန်၏ ပခုံးပေါ်ခုန်တက်ပြီးနောက် သူ၏ အမွှေးပွပွခေါင်းဖြင့် ချင်နန်၏ မျက်နှာကို တိုးဝှေ့ပွတ်သပ်လိုက်သည်။
    ခွေးနှစ်ကောင်သည် ပုံပြင်တစ်ပုဒ်ကိုပြောနေသည့်ပမာ သူတို့ခရီးတစ်လျှောက်၌ ကြုံနေသည့်အရာများကို ခုန်ဆွခုန်ဆွလုပ်၍ ပြောနေသည်။

     ဇာတ်လမ်းကိုနားထောင်ပြီးနောက် ချင်နန် နောက်ဆုံး၌ ဖြစ်ပျက်ခဲ့သည့်အရာအားလုံးကို နားလည်သွားသည်။

       “မင်းတို့အားလုံးကို ကျေးဇူးတင်ပါတယ်ကွာ"
    ချင်နန် အသက်ပြင်းပြင်းရှူပြီးနောက် အရိုးစုရှောင်ဟုန်၊ ကောင်းကင်ကံကြမ္မာကြွက်နှင့် ကောင်းကင်ကံကြမ္မာခွေးနှစ်ကောင်ကို ‌လေးနက်သော အသံဖြင့် ပြောလိုက်သည်။
      သူတို့ သူ့အသက်ကိုကယ်ခြင်းမှာ အလွန်အန္တရာယ်ကြီးကြောင်းကို သူ ရှင်းလင်းစွာ နားလည်သည်။ အကယ်၍ သူတို့အမှားတစ်ခုခုလုပ်မိသွားပြီး မိုးကြိုးဂဠုန်သိုင်းဘုရင်သားရဲ သူတို့ကို တွေ့သွားပါက ကောင်းကင်ကံကြမ္မာအင်အား၏ အစွမ်းနှင့်ပင် သူတို့ သေရလိမ့်မည်သာဖြစ်သည်။

အဆန်းကြယ်ဆုံး သိုင်း၀ိဉာဥ် အတွဲ ၂ ( ၁၀၀၁ မှ ၁၉၈၀) ခွင့်ပြုချက်ရပြီးWhere stories live. Discover now