၁၁၇၁ - ၁၁၇၅

404 37 1
                                    


အပိုင်း (၁၁၇၁) တိုက်ကြီးတုန်လှုပ်ခြင်း

    ထိုကိစ္စများပြီးသည့်နောက် သိုင်းဘုရင်တက်ရောက်ခြင်းအခမ်းအနား ဆက်လက်ကျင်းပခဲ့သည်။
     အောက်ချန်းထျန်သည် တိုက်ပွဲနဂါးဟူသော ဂုဏ်ပုဒ်ကိုရခဲ့ပြီး ကဝေချန်းချန်းသည် သိုင်းဘုရင်‌ကဝေဟူသော ဂုဏ်ပုဒ်ရခဲ့သည်။
    ထောင်ချင်းစန့်ကိုမူ ‌သိုင်းဘုရင်ဆေဘာနက်ဟူသည့် ဂုဏ်ပုဒ်အားအပ်နှင်းခဲ့သောကြောင့် သူတို့သည် တိုက်ပွဲနဂါးသိုင်းဘုရင်၊ ကဝေသိုင်းဘုရင်နှင့် ဆေဘာနက်သိုင်းဘုရင်ဖြစ်ခဲ့ကြသည်။
      သူတို့သည် ကန်းလန်တိုက်ကြီး၏ တရား၀င်အဆင့်မြင့်ပုဂ္ဂိုလ်များဖြစ်ခဲ့ကြသည်။
      အတိတ်က တစ်စုံတစ်ယောက် သိုင်းဘုရင်ဂုဏ်ပုဒ်များရရှိခြင်းသည်  သေချာပေါက် လူအများအား စိတ်လှုပ်ရှားစေသည့်သတင်းဖြစ်ပြီး မရေမတွက်နိုင် သော ကျင့်ကြံသူများ၏ အာရုံကို ဆွဲဆောင်နိုင်သည်။ သို့ သော်လည်း အလယ်ပိုင်းတိုက်ကြီးတစ်ခုလုံးနှင့် နတ်ဘုရားတစ်၀က်ဒေသသည် သိုင်းဘုရင်ဂုဏ်ပုဒ်များကို အာရုံစိုက်ခြင်းမရှိပေ။
        လူတိုင်း၏ အာရုံသည် သိုင်းဘုရင်တက်ရောက်ခြင်းအခမ်းအနား၌ ဖြစ်ပွားခဲ့သည့် အဖြစ်အပျက်များကိုသာ စိတ်၀င်စားနေကြသည်။

     ထိုစဉ်အတောအတွင်း အလယ်ပိုင်းတိုက်ကြီး၌…
    
     “သောက်ခွေးပဲ…ချင်နန်က သိုင်းသစ်ပင်ခုနှစ်ပင်နဲ့ ကျင့်ကြံမှုစည်းမျဉ်းတွေကိုကျော်လွန်ခဲ့တ‌ယ်ပေါ့"

      “သိုင်းသစ်ပင်ခုနှစ်ပင်…သူဘယ်လိုလုပ်ခဲ့တာလဲ…ဟူး…"

       “ကျွတ်…ကျွတ်…ကျင့်ကြံမှုစည်းမျဉ်းတွေထက် ကျော်လွန်တာက ကောလဟာလတစ်ခုလို့ ငါထင်ထားခဲ့တာ…ဒါ အစစ်အမှန်ဖြစ်နေတာပဲ"

     “ချေး…အဖွဲ့အစည်းကြီးသုံးခုက သူတို့ရဲ့ စည်းမျဉ်းတွေကို ပြောင်းခဲ့တယ်ပေါ့…တျန်အဆင့်နှစ်သိုင်းဝိညာဉ်ရှိရုံနဲ့တင် အဖွဲ့အစည်းကြီးသုံးခုထဲ၀င်လို့ရတယ်ပေါ့"

       “ဒါအမှန်ပဲ…လိုအပ်ချက်တွေကို ပြောင်းလဲလိုက်တယ်…ဒီတစ်ခေါက်မှာ အဖွဲ့အစည်းသုံးခုက နတ်ဘုရားအဆင့်ရဲ့ ဂျီးနီးယပ်တချို့ကို ခေါ်လာပြီး အလယ်ပိုင်းတိုက်ကြီးကို နင်းခြေဖို့ ကြံစည်ခဲ့တယ်…ဒါပေမဲ့ ချင်နန်က သူတို့အားလုံးကို အနိုင်ယူခဲ့တယ်"

အဆန်းကြယ်ဆုံး သိုင်း၀ိဉာဥ် အတွဲ ၂ ( ၁၀၀၁ မှ ၁၉၈၀) ခွင့်ပြုချက်ရပြီးWhere stories live. Discover now