၁၃၄၁ - ၁၃၄၅

338 33 0
                                    


အပိုင်း (၁၃၄၁) ကန်းလန်တိုက်ကြီး၏ အကြီးမြတ်ဆုံး

       “သီသီလေးပဲ"
      ချင်နန် ၊သွေးသင်္ကေတ၊ ချီလင်မီးလျှံ၊ ကောင်းကင်မိုးကြိုးနှင့်အခြားသူများ သူတိူ့ရှေ့မှ မြင်ကွင်းကိုကြည့်ကာ အလွန်စိတ်သက်သာရာရသွားသည်။
      တိုက်ခိုက်မှုနှစ်ခုမှာ အလွန်ကြောက်စရာကောင်းသည်။ နေလဓားနတ်ဘုရား ကြိုတင်ပြင်ဆင်ထား‌သော အကာအကွယ်ကြောင့်သာမဟုတ်ပါက သူတို့ မသေသွားလျှင်ပင် မသန်မစွမ်းဖြစ်ခြင်းသို့မဟုတ် ပြင်းထန်စွာ ဒဏ်ရာရလိမ့်မည်ဖြစ်သည်။
    
      “နေလ…ကောလဟလတွေက တကယ်မှန်တာပဲ.…မင်းက အရမ်းသတိကြီးပြီး ဘာဖြစ်မယ်ဆ်ိုတာကြိုတွက်တတ်တယ်တဲ့…ဒါပေမဲ့ ဒီလိုလုပ်လို့ကော ဘာထူးခြားသွားမှာမလို့လဲ…ငါ အခုအကာအကွယ်ကို ဖျက်ဆီးမယ်"
    အပြာရောင်၀တ်ရုံနှင့် သက်လတ်ပိုင်းလူသည် အလင်းအမြန်နှုန်းဖြင့် ဆက်လက်တိုက်ခိုက်လိုက်သည်။ သူ၏ မျက်လုံးများမှ တောက်ပသော အလင်းတစ်ခု ထွက်ပေါ်လာပြီး ကြောက်မက်ဖွယ်ရာတိုက်ခိုက်မှုများပြုလုပ်လိုက်သည်။

       “ဒီနေရာက သွားရအောင်"

     “တာအိုမူလတောင်ကို သွားမယ်"

    အခြားအဖွဲ့အစည်းများမှ အစွမ်းထက်ပုဂ္ဂိုလ်များသည် တိုက်ခိုက်မှုများကြောင့် ကြောက်ရွံ့သွားသည်။
     သူတို့ချက်ချင်းပင် ကြေးနီရောင်၀င်ပေါက်မှတစ်ဆင့် အထဲ၀င်ရန် အမိန့်ပေးလိုက်သည်။
     တိုက်ပွဲမှာ အလွန်ကြောက်စရာကောင်းသည်။ သူတို့ ထိုထဲ ၀င်မပါနိုင်ပေ။

     “ချင်နန်"
     မင်းသမီးမြောင်မြောင်၊ ထောင်ချင်းစန့်၊ ဂွန်ယောင်၊ နဂါးအင်ပါယာနှင့် အခြားသူများ၏ မျက်လုံးများ အနည်းငယ်မှေးကျုံ့သွားသည်။သူတို့သည် ကူညီရန် ကြိုးပမ်းလိုက်သော်လည်း သူတို့၏ ဘုရင်သိုင်းပညာများမသုံးရသေးခင်မှာပင် တိုက်ခိုက်မှုများသည် ဓားစွမ်းအင်ဖြင့်ပြုလုပ်ထားသောတောင်ပေါ်သို့ ကျရောက်သွားသည်။

    ဘန်း…ဘန်း…ဘန်း.

    အဆက်မပြတ်ပေါက်ကွဲမှုများ ဖြစ်ပွားသွားသည်။

အဆန်းကြယ်ဆုံး သိုင်း၀ိဉာဥ် အတွဲ ၂ ( ၁၀၀၁ မှ ၁၉၈၀) ခွင့်ပြုချက်ရပြီးWhere stories live. Discover now