1721 - 1725

270 28 0
                                    

အပိုင်း (၁၇၂၁) အဓိပတိကျောက်စိမ်းကန်

        “အတိသုခ…ငါတို့…"
    မြေဝိညာဉ်အင်မော်တယ်အင်ပါယာ အနည်းငယ်လက်မခံချင်သလို ဖြစ်နေပုံရသည်။

    အတိသုခအင်မော်တယ်အင်ပါယာ၏ နှုတ်ခမ်းများ အနည်းငယ်လှုပ်ရှားသွားသည်။ မြေဝိညာဉ်အင်မော်တယ်အင်ပါယာကို သူဘာပြောနေကြောင်း သိရှိဖို့ခက်ခဲသည်။

     ထို့နောက် မြေဝိညာဉ်အင်မော်တယ်အင်ပါယာသည် နှာခေါင်းရှုံ့ပြီး တိတ်ဆိတ်သွားသည်။

     “ချင်နန် မင်းဘယ်လိုထင်လဲ"
    အတိသုခအင်မော်တယ်အင်ပါယာ တည်ငြိမ်စွာပြုံး၍ အစကလို ဖော်ရွေဟန် ပြန်ဖြစ်သွားသည်။ သူသည် သူတို့အကြားတွင် ဘာမှမဖြစ်ခဲ့သလို သရုပ်ဆောင်လိုက်သည်။

     “ဒီလိုဆိုရင်…"
    ချင်နန်သည် သူဘက်က နစ်နာမှုရှိသလို သရုပ်ဆောင်လိုက်သည်။ သူသည် အချိန်ခဏခန့်တိတ်ဆိတ်နေပြီးနောက် ပြောလိုက်သည်။
     “ဒီလိုဆို ကျုပ်တို့ သူ့ အကြံပြုချက်အတိုင်းလုပ်ကြမယ်"
    ဤအခြေအနေအောက်တွင် ရွေးချယ်စရာဟူ၍ တစ်ခုသာရှိသည်။

     အတိသုခအင်မော်တယ်အင်ပါယာနှင့် မြေဝိညာဉ်အင်မော်တယ်အင်ပါယာတို့ နောက်ထပ်စကားတစ်လုံးမျှ မပြောကြပေ။ သူတို့သည် အဓိပတိကျောက်တုံးကိုကြည့်ကာ ၎င်းကိုနားလည်သဘောပေါက်ဖို့ကြိုးပမ်းလိုက်သည်။
     အကယ်၍ သူတို့ သင်္ကေတကိုးခုနှင့် အဆောင်တစ်ခု နားလည်နိုင်အောင် ကြိုးစားလိုက်ကြသည်။

     “ငါအရမ်းဉာဏ်မကောင်းလွန်းဘူးလား…မင်းငါနဲ့အတူရှိနေသ၍ ဘာမှဖြစ်မှာမဟုတ်ဘူး"
    တောက်ပခြင်းရှစ်ပါးနတ်‌ဆိုးအင်ပါယာသည် သူ့ခေါင်းကို ဝံ့ဝါစွာဖြင့် မော့လိုက်သည်။

     “သူတို့ကိုစောင့်ကြည့်ထား"
    ချင်နန်သည် ထိုလူပြောသည့်စကားကို နည်းနည်းမျှ ဂရုမစိုက်ပေ။ သူတင်ပျဉ်ခွေကာ ထိုင်လိုက်သည်။

      သူ့အတွက် ယခုအချိန်၌ အင်မော်တယ်အင်ပါယာနှစ်ယောက်ကို အလစ်တိုက်ခိုက်ခြင်းက အဓိပ္ပာယ်မဲ့သည်။ ယခုအချိန်၌ သူသည် သူ၏ အင်မော်တယ်ဝိညာဉ် ပြန်လည်သက်သာ‌လာအောင် ချီစွမ်းအင်တချို့စုပ်ယူရန် ကြိုးပမ်းခြင်းကပိုကောင်းသည်။

အဆန်းကြယ်ဆုံး သိုင်း၀ိဉာဥ် အတွဲ ၂ ( ၁၀၀၁ မှ ၁၉၈၀) ခွင့်ပြုချက်ရပြီးWhere stories live. Discover now