၁၀၇၁ - ၁၀၇၅

388 42 0
                                    


အပိုင်း (၁၀၇၁) ဆေဘာစွမ်းအင်အမျှင်တန်းသုံးခု
   
     ချန်းပူဟိုင်သည် ချန်းချန်းလီနှင့် တစ်ခဏခန့်စကားပြောပြီးနောက် နောက်ထပ်ဆက်မနေတော့ဘဲ တောင်ပိုင်းတိုက်ကြီးမှ ထွက်ခွာသွားသည်။
    ချန်းချန်းလီမှာမူ ချက်ချင်းပင် ချန်းကလန်၏ အကြီးအကဲများကို ဆင့်ခေါ်၍ ချင်နန်အား မနှောက်ယှက်ရန်နှင့် သူ့အကြောင်းကို အခြားသူများအား ထုတ်မပြောရန် သတိပေးလိုက်သည်။
    
     ချင်နန်ကတော့ ထိုအကြောင်းကို လုံး၀မသိပေ။
     သူသည် ဆေလာစွမ်းအင်အပေါ်၌ အပြည့်အ၀အာရုံစိုက်နေသည်။ အိမ်ထဲမှ ဆေဘာစွမ်းအင်ကို သူနားလည်သဘောပေါက်ပြီးသည်နှင့် ချန်းကလန်၏ နေရာအနှံ့ပတ်သွားလိုက်သည်။
     သူသည် တစ်ချိန်လုံး ဆေဘာစွမ်းအင်များကို တစ်ချိန်လုံးနားလည်သဘောပေါက်အောင် ကြိုးပမ်းနေသည်။
     ငါးရက်ကုန်လွန်သွားပြီးနောက် သူသည် ချန်းကလန်ထဲမှ ဆေဘာစွမ်းအင်တိုင်းကို နားလည်သဘောပေါက်သွားပြီဖြစ်သည်။ သူသည် အိမ်သို့ပြန်လာကာ သီးခြားကျင့်ကြံလိုက်သည်။
    “ဆေဘာစွမ်းအင်က ရှုပ်ထွေးတဲ့ပုံပေါက်တယ်…ဒါပေမဲ့တစ်ခုနဲ့တစ်ခုအဆက်အစပ်ရှိနေတယ်…"
     “ရနံ့ကြိုင်တည်းခိုခန်းမှာ ဆေဘာစွမ်းအင်အပိုင်းအစတစ်ခုရှိတယ်…ချန်းကလန်တစ်ခုလုံးမှာတော့ ပြီးပြည့်စုံတဲ့ အပိုင်းလို့ သတ်မှတ်နိုင်တယ်"
     ချင်နန်သည် တစ်ကိုယ်တည်းရေရွတ်ပြီး သူ၏ စိတ်ထဲ မတူညီသောဆေဘာစွမ်းအင်အမျှင်အတန်းများပါ၀င်သည့် သဏ္ဍာန်တစ်ခုခပ်ရေးရေးထွက်ပေါ်လာသည်။
     သူ၏ နတ်ဘုရားအာရုံသည် လက်ကြီးတစ်ဖက်ပမာ ဆေဘာစွမ်းအင်များကို သူတို့၏ နေရာအသီးသီး လိုက်ညွှန်ကြားပေးနေသည်။

      ထိုစဉ်အတောအတွင်း ချန်းကလန်၏ အဓိကခန်းမထဲတွင်…
   
     ချန်းချန်းလီသည် လက်ဖက်ရည်ပူပူတစ်ခွက်ကိုကိုင်ကာ ပိုင်ချင်းလျန်ကိုကြည့်၍ အပြုံးဖြင့် ပြောလိုက်သည်။
     “ချင်းလျန်…ဒီလိုမျိုးလက်ဆောင်တွေ အများကြီးယူလာစရာမလိုပါဘူး…မင်းဘာလိုချင်လဲဆိုတာ ပြောရုံတင်ရပါတယ်"
    ပိုင်ချင်းလျန်သည် သူစိတ်၀င်စားသည့် ရတနာများစွာကိုယူလာသောကြောင့် ချန်းချန်းလီအလွန်ကျေနပ်နေသည်။

အဆန်းကြယ်ဆုံး သိုင်း၀ိဉာဥ် အတွဲ ၂ ( ၁၀၀၁ မှ ၁၉၈၀) ခွင့်ပြုချက်ရပြီးWhere stories live. Discover now