1776 - 1780

198 25 0
                                    

အပိုင်း(၁၇၇၆) နတ်ဆိုးသွေးအတွက်ယှဉ်ပြိုင်ခြင်း

    “သူက တကယ်တာအိုဝိညာဥ်လား"
   ယွမ်ကျိနှင့် ရှို့ရှန်လျန်တို့ တုန်လှုပ်သွားသည်။

   “ဒီနေရာကဘယ်လောက်ထူးခြားလိုက်လဲ…တာအိုဝိညာဥ်တောင်ရှိတယ်"
    ပျက်ကိန်း နှုတ်ခမ်းသပ်လိုက်သည်။
 
    “ကောင်းချီးအင်မော်တယ်မြေရဲ့ တာအိုဝိညာဥ်လား…ဒါကတကယ်ရှားတာလား"
    ချင်နန် အနည်းငယ်မျက်မှောင်ကြုတ်သွားသည်။
    တာအိုဝိညာဥ်သည် အထင်ကြီးစရာကောင်းသည်ဟု သူ မထင်ပေ။

   “တကယ်ပေါ့ဟ…ရှားရုံတင်မကဘူး..."
    ပျက်ကိန်းသည် စိတ်လေးစွာဖြင့်မျက်လုံးပင့်ကြည့်ပြီး အေးစက်စက်ပြောလိုက်သည်။
     “မင်းကဘာကြောင်နေတာလဲ…မင်းကဘာမှကိုမသိဘူးလား…ငါမင်းကိုပြောပြမယ်….ကိုးကောင်းကင်အင်မော်တယ်ဘုံတစ်ခုလုံးမှာ တာအိုဝိညာဉ်ရှိတဲ့ ကောင်းချီးအင်မော်တယ်မြေဆိုလို့ နည်းနည်းပဲရှိတယ်"
    “ကောင်းချီးအင်မော်တယ်မြေတောင် နောက်ပိုင်းမှာ ကုန်ခမ်းပျက်စီးသွားမှာကိုမင်းသိထားသင့်တယ်…ဒါပေမဲ့ ကောင်းချီးအင်မော်တယ်မြေတစ်ခုမှာ တာအိုဝိညာဉ်ရှိရင် ကောင်းချီးအင်မော်တယ်မြေက အလိုအလျောက်ချီစွမ်းအင်ကိုစုပ်ယူကျင့်ကြံနိုင်တယ်…သူက မကုန်ခမ်းသွားရုံတင်မကဘူး ပိုပြီးတောင်ကောင်းလာနိုင်တယ်"
     “လောလောဆယ် အဓိပတိတာအိုအင်အားစုတွေနဲ့ မဟာရှေးဦးမျိုးနွယ်စုတွေထဲမှာ အများစုက တာအိုဝိညာဉ်နဲ့ ကောင်းချီးအင်မော်တယ်မြေဆိုလို့ တစ်ခု ဒါမှမဟုတ် အများဆုံးနှစ်ခုပဲ ပိုင်ကြတယ်…တချို့မှာဆို တစ်ခုတောင်မရှိဘူး"

    ရှင်းပြချက်ကိုနားထောင်ပြီးနောက် ချင်နန်သည် နောက်ဆုံးတွင် နားလည်သွားသည်။ သူ၏ အကြည့်သည် လင်လန်လန်ပေါ်သို့ ကျရောက်သွားသည်။

    သူသည် စိတ်တိုင်းကျကျင့်ကြံနိုင်ဖို့အတွက် ကောင်းချီးအင်မော်တယ်မြေတစ်ခုကို အမြဲတမ်းလိုချင်နေခဲ့သည်။ အကယ်၍ သူသည် လင်လန်လန်အား သူ့ကိုသခင်အဖြစ် အသိအမှတ်ပြုခိုင်းနိုင်ပါက ‌ကောင်းချီးအင်မော်တယ်မြေသည် သူ့အပိုင်ဖြစ်မည်ဟုဆိုလိုသည်မဟုတ်ပါလော…
   
     “ရှင်…ရှင်ဘာကြည့်နေတာလဲ"
    ချင်နန်၏ အကြည့်ကိုသတိထားမိပြီးနောက် လင်လန်လန် တုန်သွားပြီး တင်းမာစွာဖြင့်ပြောလိုက်သည်။
     “ကျွန်မရှင့်ကိုသတိပေးမယ်နော်…ကျွန်မက ယောက်ျားတွေကို စိတ်မဝင်စားဘူး…ကျွန်မ ဘယ်တော့မှ ရှင့်ရဲ့ လက်တွဲဖော်ဖြစ်လာမှာ မဟုတ်ဘူး…ရှင် အဲဒီစိတ်ကူးကို စွန့်လွှတ်လိုက်တာကောင်းမယ်"

အဆန်းကြယ်ဆုံး သိုင်း၀ိဉာဥ် အတွဲ ၂ ( ၁၀၀၁ မှ ၁၉၈၀) ခွင့်ပြုချက်ရပြီးWhere stories live. Discover now