1941 - 1945

285 14 0
                                    

အပိုင်း (၁၉၄၁)

     “လခွမ်း"
    အဓိပတိဟန်ရှန် အမှတ်တမဲ့ကျိန်ဆဲမိလိုက်သည်။ အစကချင်နန်သည် တိုက်ခိုက်မှုများကို ချေဖျက်ဖို့အတွက် ထာဝရပန်းပွင့်ကိုအားကိုးမည်ဟု သူ ထင်ထားခဲ့သည်။
     ချင်နန် ထာဝရပန်းပွင့်ကို အားမကိုးလျှင်ပင် တခြားထူးခြားသောပညာရပ်တစ်ခုကို သုံးလိမ့်မည်ဟု တွေးထားခဲ့သည်။
    သို့ရာတွင် သူ့အား အံ့အားသင့်စွာပင် ချင်နန်သည် ထူးထူးခြားခြားပါရမီရှင်သုံးယောက်၏ တာအိုပညာရပ်များကို အသာအယာခုခံဖျက်ဆီးခဲ့သည်။

      “အင်မော်တယ်ဆယ်ပါးထဲမှာ ထိပ်ဆုံးလေးယောက်က တခြားနယ်ပယ်ကိုရောက်နေပြီ…ပဉ္စမအင်မော်တယ်ကတော့ ကိုးကောင်းကင်အင်မော်တယ်ဘုံမှာ အသန်မာဆုံးတာအိုသခင်လို့ ဆိုတယ်…သူက အထူးခြားဆုံးလို့ ပြောကြတယ်…ဒါ…ဒါတကယ်လား"
    အဓိပတိဟန်ရှန့် သူ၏ အတွေးများကို စုစည်းလိုက်သည်။

    တခြားကိုးကောင်းကင်အဓိပတိများလည်း သတိပြန်ဝင်လာခဲ့ကြသည်။
    သူတို့သည် ရှုပ်ထွေးသော မျက်နှာအမူအရာများဖြင့် ရှိနေကြသည်။

    အဓိပတိချန်ရှောင်ပင်လျှင် မျက်မှောင်ကြုတ်နေသည်။
    “ဒီကလေး ဒါကိုဘယ်လိုလုပ်လိုက်တာလဲ…ထားလိုက်ပါ…ပြီးတော့မှပဲ ငါသူ့ကိုမေးကြည့်လိုက်မယ်"
     အဓိပတိချန်ရှောင် နောက်ဆုံးတွင်ပြုံးလိုက်သည်။
    ချင်နန်ပြသထားသော စွမ်းအားဖြင့် သူသည် တိုက်ပွဲအဆုံးသတ်သွားသည်အထိ ကိုယ့်ကိုယ်ကိုယ်ခုခံကာကွယ်ဖို့ ပြဿနာမရှ်ိပေ။

    ထိုစဉ်အတောအတွင်း အလင်းအတားအဆီးထဲတွင်…
   
     ခန်းမထဲတွင်ရှိသော လူများထဲ၌ လေတောက်မင် မူကျန်ဇီနှင့် ကျောက်လီအာတို့မှာ အရှုပ်ထွေးဆုံးဖြစ်ပြီး ဘာဖြစ်သွားကြောင်းကို နားမလည်နိုင်ကြပေ။
     သူတို့သည် အစွမ်းထက်ပြိုင်ဘက်များကို အနိုင်ယူဖို့အတွက် တာအိုပညာရပ်များကို အကြိမ်ပေါင်းများစွာ အသုံးပြုဖူးသော်လည်း ယခုလို စွမ်းအားဆုံးရှုံးသွားသကဲ့သို့ မီးခိုးတိမ်စိုင်များသဖွယ် ပျောက်ကွယ်သွားခြင်းမျိုး မကြုံဖူးပေ။

အဆန်းကြယ်ဆုံး သိုင်း၀ိဉာဥ် အတွဲ ၂ ( ၁၀၀၁ မှ ၁၉၈၀) ခွင့်ပြုချက်ရပြီးWhere stories live. Discover now