၁၄၂၁ - ၁၄၂၅

387 32 0
                                    


အပိုင်း (၁၄၂၁) အလွန်ရက်စက်သောတိုက်ခိုက်မှု

      ထိုစဉ်အတောအတွင်း တောင်ခြေမှ ဒိုဂျိုပေါ်တွင်…

      မရေမတွက်နိုင်သော ဘုရင်သိုင်းပညာများကို အလင်း၏ အမြန်နှုန်း၊ ကြောက်မက်ဖွယ်ရာစွမ်းအားတို့ဖြင့် အသုံးပြုနေသည်။

     ဒိုဂျို၏ အလယ်တွင်ရပ်နေသော အပြာရောင်၀တ်စုံနှင့် သိုင်းဘုရင်အထွတ်အထိပ်အဆင့်လူရွယ်တစ်ယောက် တင်းမာခက်ထန်စွာဖြင့် ပြောလိုက်သည်။
    “ချန်ထိုင်လူ…မင်းရှန်ကွမ်ပင်ယွီကိုကူညီချင်တာသေချာလား…ဒီလိုဆို ငါတို့မင်းကို ငါတို့ရဲ့ သန့်စင်အင်မော်တယ်နန်းတော်ရဲ့ ရန်သူအဖြစ်သတ်မှတ်ရလိမ့်မယ်"

      “ငါတို့ဓားမဲ့ဂိုဏ်းကလည်း မင်းကိုခွင့်မလွှတ်ဘူး"
      လှံကိုင်ထားသော ဆံပင်တိုတိုနှင့် ခပ်ထွားထွားသိုင်းဘုရင်အထွတ်အထိပ်အဆင့်တစ်ယောက်အော်လိုက်သည်။

      “ခစ်…ခစ်…ရှူဒုံကျယ်…၀မ်ယန်…ရှင်တို့ခြိမ်းခြောက်နေလို့ အဓိပ္ပာယ်ရှိမယ်ထင်နေတာလား…ဒီနေ့ကစပြီး ကျင့်ကြံသူချန်က ကျွန်မတို့ ဝိညာဉ်ဂုဏ်တင်ဂိုဏ်းကပဲ"
     ရေခဲ၀တ်စုံ ၀တ်ဆင်ထားသော ရှန်ကွမ်ပင်ယွီ ဟုခေါ်သည့် မိန်းကလေး၏ မျက်လုံးများထဲ အထင်သေးမှုများ ဖြစ်ပေါ်သွားသည်။

     “ဟား…ဟား…ငါ ချန်ထိုင်လူ အမြဲတမ်း မင်းတို့လိုလူတွေကို ဂရုစိုက်တတ်တာမဟုတ်ဘူး…ငါ့ကိုဖမ်းချင်တာလား...လာလေ"
     မနီးမဝေးမှ  ကြောက်မက်ဖွယ်ရာအော်ရာနှင့် အနီရောင်အလင်းတစ်ခု လွှမ်းခြုံနေသော လူငယ် ရယ်မောလိုက်သည်။

      “မင်း."
     ရှူဒုံကျယ်နှင့် ၀မ်ယန်တို့ အံသြသွားသည်။
      ချန်ထိုင်လူသည် တစ်ကိုယ်တော်ကျင့်ကြံသူဖြစ်သည်။ သူ့တွင် အင်မော်တယ်အမြစ်မရှိသော်လည်း သူသည် ထူးကဲမှု အဆင့်လေးဆင့်အကြားတွင် ထူးကဲမှုနှစ်ခုကျွမ်းကျင်ထားသောကြောင့် သူ၏ စွမ်းအားမှာ အခြားသူများထက် သာလွန်သည်။
    ယခုအချိန်၌ သူသည် ရှန်ကွမ်ပင်ယွီ၏ ဘက်တွင်ဖြစ်သည်။ ဝိညာဉ်ဂုဏ်တင်ဂိုဏ်း ဆွဲသီးအများဆုံးရမည့်ပုံရသည်။
     မိုးခေါင်နတ်ဆိုးအင်မော်တယ်သင်္ချိုင်းဖွင့်သည့်အချိန်တွင် သူတို့ဘက်က အခြေအနေဆိုးလိမ့်မည်ဖြစ်သည်။

အဆန်းကြယ်ဆုံး သိုင်း၀ိဉာဥ် အတွဲ ၂ ( ၁၀၀၁ မှ ၁၉၈၀) ခွင့်ပြုချက်ရပြီးWhere stories live. Discover now