၁၁၃၁ - ၁၁၃၅

363 41 3
                                    


အပိုင်း (၁၁၃၁) မမျှော်လင့်သော ရလဒ်

     “သူလုပ်ခဲ့တယ်…သူတကယ်လုပ်ခဲ့တယ်"

      “သိုင်းဘုရင်ကိုးယောက်ရဲ့ ခန္ဓာကိုယ်…သူသိုင်းဘုရင်ကိုးယောက်ရဲ့ ခန္ဓာကိုယ်ကိုရတော့မယ်"

     ရှီချင်းဖန်နှင့် ဂျီးနီးယပ်များ လုံး၀စိတ်လွတ်သွားကြသည်။

     ကျန်းပိလန်၊ ထောင်ချင်းစန့်၊ စင့်မာခေါင်၊ အောက်ချန်းထျန်၊ မူမူနှင့် အခြားသူများလည်း စိတ်လှုပ်ရှားသွားကြသည်။

     “ဒါဘယ်လိုဖြစ်နိုင်မှာလဲ…ဒါဘယ်လိုဖြစ်နိုင်မှာလဲ…ဒီကျက်သရေတုံးတဲ့ ဘုရင်မွေးဖွားဇာတာခွင်တွေ…သူတို့က စည်းမျဉ်းတွေအတိုင်းပဲ လုပ်မယ်လို့ မပြောခဲ့ဘူးလား…ဘာလို့ ဒီကောင်လေးရဲ့ အပေးအယူကို လက်ခံလိုက်တာလဲ"
      ကောင်းကင်တောင်ပိုင်းဝိညာဉ်တမန်တော် စိတ်လွတ်သွားပြီး အော်ဟစ်လိုက်သည်။
    ထို့နောက် အတွေးတစ်ချက်နှင့်အတူ သူ၏ မျက်နှာဖြူဖျော့သွားသည်။
     အကယ်၍ ချင်နန်သည် သိုင်းဘုရင်ကိုးယောက်၏ ခန္ဓာကိုယ်ကိုသန့်စင်ခဲ့ပါက သူသည် သိုင်းနတ်ဘုရားကိုးယောက်၏ အစွမ်းကို ဆက်လက်ရရှိလိမ့်မည်ဖြစ်သည်။
     ထိုအခါတွင် သူ့ကို ကန်းလန်တိုက်ကြီးတစ်ခုလုံးတွင် မည်သူအနိုင်ယူပါမည်နည်း…

     နောက်ထပ်အနေဖြင့် သူသည် ထိုအမျိုးသမီး၏ သုံးဘ၀အတိဒုက္ခဖြစ်သည်။
    ကောင်းကင်တောင်ပိုင်းဂိတ်ပင် သူတို့ကို ဆန့်ကျင်နိုင်ပါမည်လော...

    ဝေါင်း…ဝေါင်း…ဝေါင်း…

     ချင်နန်၏ ခန္ဓာကိုယ်မှ ရွှေရောင်အလင်းတန်းများ ပျောက်ကွယ်သွားပြီး တုန်လှုပ်ဖွယ်ရာ စွမ်းအင်လှိုင်းတစ်ခု ထွက်ပေါ်လာသည်။ ထို့နောက် သူ၏ နောက်မှ သောင်းချီသည့် ပုံရိပ်ယောင်ရွှေနဂါးများ ထွက်ပေါ်လာသည်။
      သို့တည်းသာမက  ဒိုဂျို၏ အထက်တွင် အက်ကွဲရာများထွက်‌ပေါ်လာကာ အက်ကွဲကြောင်းထဲမှ ရွှေရောင်သိုင်းဘုရင်ချိီများ ဆင်းသက်လာပြီး မျက်တောင်တစ်ခတ်အတွင်း ဒိုဂျိုတစ်ခုလုံးကို ရွှေရောင်ဖြစ်သွားသည်။
      ရွှေရောင်နဂါးများနှင့်အတူ ၎င်းသည် ရင်သပ်ရှုမောဖွယ်ရာမြင်ကွင်းတစ်ခုဖြစ်သည်။

အဆန်းကြယ်ဆုံး သိုင်း၀ိဉာဥ် အတွဲ ၂ ( ၁၀၀၁ မှ ၁၉၈၀) ခွင့်ပြုချက်ရပြီးWhere stories live. Discover now