၁၆၃၆ - ၁၆၄၀

358 33 3
                                    


အပိုင်း (၁၆၃၆) အစွမ်းကုန်ထုတ်ခြင်း

      “တစ်ယောက်ယောက်အင်မော်တယ်အဖြစ်အဆင့်တက်နေပြီလား"

      “ဒီလိုဖြစ်ရပ်ဆန်း…ဒါက ပြိုင်ဘက်ကင်းပါရမီရှင်တစ်ယောက်အဆင့်တက်ဖို့ ကြိုးစားနေတာဖြစ်ရမယ်"
     အမွေအနှစ်သုံးခုရှိရာနေရာမှ ကျင့်ကြံသူများသည် တောင်ထိပ်က တုန်လှုပ်ဖွယ်ရာပုံရိပ်ကို ခေါင်းမော့ကာ ကြည့်လိုက်သည်။ သူတို့၏ မျက်လုံးများထဲတွင် မနာလိုသော အငွေ့အသက်များရှိနေသည်။
     အင်မော်တယ်သေဆုံးခြင်းနယ်မြေသည် သူတို့လာရောက်သည့် ပထမဆုံးအင်မော်တယ်ရှေးဟောင်းနေရာဖြစ်သည်။
     ပုံမှန်ကောင်းကင်နတ်ဘုရားအထွတ်အထိပ်အဆင့်တစ်ယောက်ပင် အင်မော်တယ်ရှေးဟောင်းနေရာတစ်ခုကို သွားရုံဖြင့် အင်မော်တယ်ဖြစ်လာဖို့ ခက်ခဲ့သည်။
       ပြိုင်ဘက်ကင်းပါရမီရှင်ဆိုပါက ပို၍တောင်ဆိုးလိမ့်မည်။

     အင်မော်တယ်အလင်းဖုံးလွှမ်းနေသော  လျှို့ဝှက်ဆန်းကြယ်သော ပုံရိပ်သည်  အဖိုးတန်အင်မော်တယ်အသွင်ပြောင်းသစ်ပင်အားရရှိခဲ့ကြောင်းကို သူတို့အလွယ်တကူပြောနိုင်သည်။

        “ချေးပဲ"
     အဖြူရောင်၀တ်ရုံနှင့် ကျင့်ကြံသူနှစ်ယောက်၊ ကူကျန်ရီ၊ လုံချန်နှင့် အခြားကျင့်ကြံသူများ တုန်လှုပ်သွားသည်။
      ထိုလူ လူသားအင်မော်တယ်အဆင့်ကို တက်သွားခြင်းမှာ သူတို့၏ မျှော်မှန်းချက်များထက် လုံး၀ကျော်လွန်သည်။

     “ဒီကလေးတောက်ပလာတော့မယ်"
    အဝေးသို့ထွက်ပြေးနေသော တောက်ပခြင်းရှစ်ပါးနတ်ဆိုးအင်ပါယာ တအံ့တဩဖြင့် ရေရွတိလိုက်သည်။
    အဆင့်နှစ်ဆင့်ကြားမှ ခြားနားချက်သည် အလွန်ကြီးမားပြီး ထိုကလေး၏ နောက်ခံနှင့် သူပြသထားသည့် သိုင်းပညာကျွမ်းကျင်မှုကြောင့် သူသည် နောက်ပိုင်းတွင် သေချာပေါက် ကိုးကောင်းကင်အဓိပတိဖြစ်လာလိမ့်မည်ဖြစ်သည်။

        ချင်နန်တစ်ယောက်တည်းသာရှိ‌တော့သလို နေရာတစ်ခွင်လုံးတိတ်ဆိတ်သွားသည်။
     သူ၏ ခန္ဓာကိုယ်၊ နတ်ဘုရားအာရုံနှင့် နတ်ဘုရားသိုင်းဝိညာဉ်တို့သည် ဆင့်ကဲပြောင်းလဲလာသည့်ပမာ တုံ့ပြန်မှုပြလာသည်။
       ထို့ပြင် မုန်တိုင်းတိမ်တိုက်များထဲက တောက်ပသောအလင်းနှင့် အင်မော်တယ်တာအိုပန်းပွင့်များစွာ ထွက်ပေါ်လာပြီး မကြာခင်တွင် ပန်းပင်လယ်ကြီး ဖြစ်သွားသည်။
      တစ်စုံတစ်ယောက် အင်မော်တယ်အဖြစ် တက်လှမ်းသည့်အချိန်တိုင်း အမြဲတမ်းဖြစ်ရပ်ဆန်းတစ်ခု ဖြစ်လာသည်။
      ပုံမှန်ကောင်းကင်နတ်ဘုရားများသည် ကောင်းကင်တွင် ပြည့်နှက်နေသည့် အလင်းတန်းများကိုသာ ဆင့်ခေါ်နိုင်သော်လည်း  ပြိုင်ဘက်ကင်းပါရမီရှင်သည်  ရှားပါးဖြစ်စဉ်များကိုဆင့်ခေါ်နိုင်သည်။
       ချင်နန်သည် ရှေးမူ ယဘောင်သင်္ကေတများနှင့် အင်မော်တယ်အသွင်ပြောင်းသစ်ပင်ကို သန့်စင်ခဲ့သောကြောင့် အင်မော်တယ်တာအိုပန်းပွင့်များကို ဆင့်ခေါ်နိုင်ခဲ့သည်။

အဆန်းကြယ်ဆုံး သိုင်း၀ိဉာဥ် အတွဲ ၂ ( ၁၀၀၁ မှ ၁၉၈၀) ခွင့်ပြုချက်ရပြီးWhere stories live. Discover now