၁၂၉၆ - ၁၃၀၀

373 35 2
                                    


အပိုင်း (၁၂၉၆) ဒုခန်းမခေါင်းဆောင်အဖြစ်လက်ခံခြင်း

     “တကယ်လို့ ကျုပ်တို့ တစ်ယောက်ယောက်ကို လူငယ်မျိုးဆက်တွေကို ဦးဆောင်ခိုင်းဖို့ လိုတယ်ဆိုဆိုရင် သိုင်းဘုရင်တစ်ယောက်ကို ရွေးချယ်တာက ပိုကောင်းလိမ့်မယ်လို့ ကျုပ်ယုံကြည်တယ်…ချင်နန်က ကျင့်ကြံမှုစည်းမျဉ်းတွေထက် ကျော်လွန်ခဲ့တဲ့ ဂျီးနီးယပ်ဆိုတာ ဟုတ်ပါတယ်…ဒါပေမဲ့ သူက သိုင်းဘီဘင်တစ်ယောက်ပဲဖြစ်သေးလို့ ပုရွက်ဆိတ်တစ်ကောင်နဲ့ တူတူပဲ"
    ချီလင်မီးလျှံသိုင်းဘုရင် ချင်နန်၏ တည်ရှိမှုကို လျစ်လျူရှုပြီးနောက် မညှာမတာဖြင့် ပြောလိုက်သည်။

      “စီနီယာဓားနတ်ဘုရား ကျုပ်တို့ သူပြောတာကို သဘောတူပါတယ်"
     ကောင်းကင်မိုးကြိုးသိုင်းဘုရင်နှင့် သွေးမျိုးနွယ်စုမှ သိုင်းဘုရင် သူတို့၏ အတွေးများကို စုစည်းပြီးနောက် အစီအရီပြောလိုက်သည်။

       ဒသမနေရာမှာ ရှေးဟောင်းမျိုးနွယ်စုသုံးခုအတွက် အလွန်အရေးကြီးသည်။ ထို့ကြောင့် သိုင်းဘီဘင်တစ်ယောက်သာဖြစ်သည့် ချင်နန် ထိုနေရာအား ယူသွားခြင်းကို သူတို့ ကြည့်မနေနိုင်ပေ။

        “မလိုဘူး…ချင်နန်ရဲ့ သိုင်းပညာနှလုံးသား ကျင့်ကြံမှုရဲ့ နားလည်မှုစွမ်းရည်အရ ကန်းလန်တိုက်ကြီးထဲမှာ အကောင်းဆုံးပဲ…သူက လူငယ်မျိုးဆက်တွေထဲမှာ အသင့်တော်ဆုံးလူပဲ"
    ကိုးတိမ်တိုက်ဓားနတ်ဘုရား ခေါင်းခါယမ်းလိုက်သည်။ သူ၏ လေသံမှာ ပြတ်သားလို့နေသည်။

         ချီလင်မီးလျှံသိုင်းဘုရင်၊ ကောင်းကင်မိုးကြိုးသိုင်းဘုရင်နှင့် သွေးမျိုးနွယ်စုမှ အဘိုးအိုအံ့ဩသွားသည်။
      ကိုးတိမ်တိုက်ဓားနတ်ဘုရား၏ လေသံအပြောင်းအလဲမှတစ်ဆင့် သူ၏ ဆုံးဖြတ်ချက်ကို သူတို့ ရှင်းလင်းစွာခံစားနိုင်သည်။
      အကယ်၍ ဓားနတ်ဘုရား ဆုံးဖြတ်ချက်ချပြီးပါက သူတို့ သူ့စိတ်ကို လုံး၀ပြောင်းနိုင်လိမ့်မည်မဟုတ်ပေ။
    
       သိုင်းဘုရင်ကောဝူ၊ သိုင်းဘုရင်တုန်ကူနှင့် အခြားသူများ ထိုအရာကို သတိပြုမိသောအခါ ပျော်ရွှင်သွားသည်။
     ရလဒ်မှာ သူတို့ကို အတော်အံ့ဩစေပြီး သူတို့ ချင်နန်နှင့် ရင်းနှီးသော ဆက်ဆံရေးမရှိသည့်တိုင် ဒုခန်းမခေါင်းဆောင်နေရာကို ရှေးဟောင်းမျိုးနွယ်စုသုံးခုထက် ချင်နန်ကို ‌ပေးခြင်းက ပိုကောင်းသည်။

အဆန်းကြယ်ဆုံး သိုင်း၀ိဉာဥ် အတွဲ ၂ ( ၁၀၀၁ မှ ၁၉၈၀) ခွင့်ပြုချက်ရပြီးWhere stories live. Discover now