1861 - 1865

206 16 1
                                    

အပိုင်း (၁၈၆၁)

      ချင်နန်သည် ကိုးကောင်းကင်အင်မော်တယ်ဘုံကိုရောက်ကတည်းက တံခါးပိတ် မကျင့်ကြံရသေးပေ။
     အကယ်၍ လူတစ်ယောက်၏ ကျင့်ကြံမှုလမ်းစဉ်သည် သတ်ဖြတ်ခြင်းနှင့် အရင်းအမြစ်များကို သန့်စင်ခြင်းဖြင့်သာ လျှောက်လှမ်းပါက နောက်ပိုင်းတွင် ဘေးထွက်ဆိုးကျိုးများ ရှိလာလိမ့်မည်ဖြစ်သည်။
     ကံကောင်းစွာပင် ချင်နန်တွင် အမြဲတမ်းခိုင်မာသော အခြေခံအုတ်မြစ်ရှိခဲ့ပြီးနောက်ဆုံးတစ်ခေါက် တာအိုအခြေခံအုတ်မြစ်ဖျက်ဆီးခံရချိန်က သူ၏ တာအိုအခြေခံအုတ်မြစ်ကိုလည်း ပြန်လည်တည်ဆောက်နိုင်ခဲ့သည်။ ထို့ကြောင့် သူသည် ယခုအချိန်ထိ မည်သည့်ပြဿနာနှင့်မျှ ရင်မဆိုင်ရသေးပေ။
    သို့သော်လည်း ယခု၌ သူ့စိတ်ကို တည်ငြိမ်အောင် လုပ်ဖို့ အချိန်ရောက်ပြီဖြစ်သည်။
     ချင်နန် တင်ပျဉ်ခွေထိုင်ကာ အသက်ကို မှန်မှန်ရှူလိုက်သည်။ သူသည် နတ်ဘုရားသိုင်းဝိညာဥ်ကိုထုတ် ဖော်ပြီး ပတ်ဝန်းကျင်က အင်မော်တယ်စွမ်းအင်များကို စုပ်ယူလိုက်သည်။

      အတွေးတစ်ချက်နှင့်အတူ သူ၏ ခန္ဓာကိုယ်ထဲက အရောင်ကိုးရောင်တာအိုအလင်းထွက်ပေါ်လာသည်။ ၎င်း၏ အရောင်သည် တဖြည်းဖြည်းဖြင့် အရောင်ခုနှစ်ရောင်အဖြစ်လွင့်ပါးသွားသည်။

     “တာအိုရှာဖွေခြင်းပညာရပ်တွေ"
    ချင်နန်၏ အသံနှင့်အတူ စစ်တာအိုအင်မော်တယ်စာမူ၊ ကောင်းကင်ထိုင်ဟွမ်အစစ်အမှန်ကျမ်းစာနှင့် တခြားတာအိုရှာဖွေခြင်းပညာရပ်ဆယ်ခုတို့ အသက်ဝင်လာပြီး မတူညီသော တာအိုစွမ်းအင်များကို ထုတ်ဖော်လိုက်သည်။

     သူ ကောင်းကင်အင်မော်တယ်အဆင့်ကိုရောက်ချိန်က တာအိုရှာဖွေခြင်းပညာရပ်ဆယ့်နှစ်ခုသည် မမျှော်လင့်ထားသော အပြောင်းအလဲတချို့ဖြစ်ပွားခဲ့သည်။ ၎င်းတို့ကြားတွင် တင်းကျပ်သော ချိတ်ဆက်မှုတစ်ခု တည်ဆောက်ခဲ့သလိုပင်ဖြစ်သည်။
      ချင်နန်သည် သူ၏ တာအိုအလင်းနှင့် ပတ်သက်မှုတစ်ခုခုရှိသည်ဟု ကောက်ချက်ချခဲ့သည်။
    ပုံမှန်အားဖြင့် ကျင့်ကြံသူတစ်ယောက်သည် သူတို့၏ တာအိုအလင်းကို သူတို့၏ တာအိုရှာဖွေခြင်းပညာရပ်သန်မာဖို့အတွက်သာ အသုံးချနိုင်ပြီး ၎င်းကို ပိုမိုခိုင်ခံ့သန်မာစေသောကြောင့်လှည့်စားခြင်းများစွာကိုတွန်းလှန်နိုင်လိမ့်မည်ဖြစ်သည်။
     သို့သော်လည်း ၎င်းတို့ထဲက တစ်ခုမျှ ချင်နန်လို မပြုမူပေ။
     ၎င်းက သူ့အတွက် ကောင်းသလား ဆိုးသလားကို ချင်နန် မသေချာဘဲ ၎င်းသည် သူ့အတွက် အခွင့်အရေးတစ်ခုဟုသာခံစားရသည်။
     သူ့တွင် တာအိုအရည်ဖျော်အင်မော်တယ်မီးတောက်၊ ဗဟိုတွင် အရောင်နှစ်ရောင်ပိုရှိသော အရောင်ခုနှစ်ရောင်တာအိုအလင်းနှင့် တာအိုရှာဖွေခြင်းပညာရပ်အမျိုးမျိုးရှိသည်။
    အကယ်၍ သူသည် သူ၏ တာအိုအလင်းဖြင့် တာအိုရှာဖွေခြင်းပညာရပ်များကို စုစည်းနိုင်ပါက သို့မဟုတ် ပေါင်းစည်းနိုင်လျှင် သူ၏ စွမ်းအား တိုးတက်လာမည်မှာ သေချာသည်။

အဆန်းကြယ်ဆုံး သိုင်း၀ိဉာဥ် အတွဲ ၂ ( ၁၀၀၁ မှ ၁၉၈၀) ခွင့်ပြုချက်ရပြီးWhere stories live. Discover now