၁၀၂၆ - ၁၀၃၀

448 44 0
                                    


အပိုင်း (၁၀၂၆) ဂွန်ယောင်၏ တည်နေရာ

"ဘာ...ဘုရင်အဆင့်ပေါ်မှာ ကိုးဆယ့်ခြောက်"

"သူက အဆင့်ခုနှစ်ကျော်တက်လာတဲ့ ချင်နန်လား..."

"သူက ခြောက်သွေ့တိုက်ပွဲမြေပြင်ကို လာလိမ့်မယ်လို့ ဘယ်သူထင်ထားခဲ့မိမှာလဲ"

ပထမထပ်မှ ကျင့်ကြံသူများ အံ့အားသင့်သွားကြသည်။ သူတို့ ချင်နန်၏ နာမည်ကို ကြားဖူးကြောင်း သံသယရှိစရာမလိုပေ။

တစ်ခါတစ်ရံ၌ နတ်ဘုရားအဆင့်ပေါ်မှ ဂျီးနီးယပ်များ သို့မဟုတ် သိုင်းဘုရင်များပင် နေလမြို့သို့ လာတတ်သည့်တိုင် သူတို့သည် နေလမြို့တွင် တစ်ခဏခန့်သာ နေတတ်ကြသည်။ ထို့ကြောင့် သူတို့အတွက် ဘုရင်အဆင့်ပေါ်မှ ထိပ်ဆုံးတစ်ရာသည် ကျော်ကြားသူများဟု သတ်မှတ်နိုင်သည်။

"ထိပ်ပိုင်းခေါင်းဆောင်ချင်နန်...အဆင်ပြေမယ်ဆို ကျုပ်တို့ အပေါ်ထပ်မှာ စကားခဏလောက်ပြောရအောင်လား"
ဒုတိယထပ်မှ အနည်းငယ်ယုံကြည်ချက်ရှိသော အသံ ထပ်မံထွက်ပေါ်လာသည်။

ချင်နန်ခေါင်းညိတ်လိုက်ပြီး ဒုတိယထပ်သို့ တက်သွားလိုက်သည်။
သူ ရလဒ်ကို အံ့အားသင့်ခြင်းမရှိပေ။ ဤကဲ့သို့ နေလမြို့၌ အားနည်းသူများအား အနိုင်ကျင့်ခြင်းမှာ ပုံမှန်ဖြစ်သည့်တိုင် ကတုံးပြောင်နှင့် လူသည် သိုင်းဘီဘင်အဆင့်ခြောက်သာဖြစ်သည်။ အကယ်၍ ကတုံးပြောင်နှင့် လူသည် သူ့ထက်အားနည်းသော ကျင့်ကြံမှုရှိသူကို အနိုင်ကျင့်ပါက ကျိုးကြောင်းဆီလျော်သည်။ သို့သော်လည်း သူသည် သူနှင့် ကျင့်ကြံမှုတူသည့် ကြယ်နှစ်ပွင့်အဖွဲ့အစည်းမှ တစ်စုံတစ်ယောက်ကို ရွေးချယ်ခဲ့သည်။

ကတုံးပြောင်နှင့် လူသည် တစ်စုံတစ်ယောက်၏ အမိန့်နာခံခြင်းသာဖြစ်ကြောင်း သိသာထင်ရှားသည်။

ဒုတိယထပ်၌ နို့နှစ်ရောင်အင်္ကျီဝတ်ဆင်ထားသည့် အဘိုးအိုတစ်ယောက်သည် ချင်နန်ကို အပြုံးဖြင့် နှုတ်ဆက်လိုက်သည်။
"ထိပ်ပိုင်းခေါင်းဆောင်ချင်နန်...ကျေးဇူးပြုပြီး ကျုပ်နောက်လိုက်ခဲ့ပါ...ကျုပ်ရဲ့ သခင်က မင်းကို တွေ့ချင်နေတယ်"

အဆန်းကြယ်ဆုံး သိုင်း၀ိဉာဥ် အတွဲ ၂ ( ၁၀၀၁ မှ ၁၉၈၀) ခွင့်ပြုချက်ရပြီးWhere stories live. Discover now