၁၃၉၁ - ၁၃၉၅

356 33 0
                                    


အပိုင်း (၁၃၉၁) အပြစ်ကြေညာခြင်း

      “ချင်နန်…ငါတို့က သိုင်းဘုရင်အထွတ်အထိပ်အဆင့်တွေကွ…မင်းငါတို့ကို လွယ်လွယ်သတ်လို့ရမယ်လို့ ထင်နေတာလား…သိုင်းဘုရင်စွမ်းအင်"
     သိုင်းဘုရင်ဝူဟန်၊ သိုင်းဘုရင်ယွင်ရှင်တို့၏ မျက်နှာများ နက်မှောင်သွားပြီး သူတို့၏ ကြောက်မက်ဖွယ်ရာသိုင်းဘုရင်စွမ်းအင်များကို ထုတ်ဖော်လိုက်သည်။
     သူတို့၏ သိုင်းဘုရင်စွမ်းအင်များသည် အခြားသိုင်းဘုရင်များနှင့် ခြားနားသည်။
     ၎င်းတို့သည် အစိုင်အခဲအဖြစ် သိပ်သည်းနိုင်သောကြောင့် သူတို့၏ အစွမ်းထက်ဆုံးတိုက်ကွက်များဖြစ်သည်။

       “သိုင်းဘုရင်စွမ်းအင်ကို အစိုင်အခဲအဖြစ်သိပ်သည်းတာလား…ဒါက ဘာခြားနားသွားမှာမလို့လဲ"
     ချင်နန်တည်ငြိမ်စွာသာ ရှိနေသည်။

      “ဒါ…"
     သိုင်းဘုရင်ဝူဟန်၊ သိုင်းဘုရင်ယွင်ရှင်တို့ တစ်စုံတစ်ခုပြောရန် ပြင်လိုက်စဉ်၌ ရုတ်တရက် သူတို့ အပြောင်းအလဲတချို့ကို သတိထားမိလိုက်သည်။ သူတို့၏ မျက်လုံးထဲ ကြောက်ရွံ့မှုများထွက်ပေါ်လာကာ ထိတ်လန့်တကြားအော်လိုက်သည်။
        “မဖြစ်နိုင်ဘူး"

      သူတို့၏ သိုင်းဘုရင်စွမ်းအင်နှစ်ခုသည် အနီရောင်မီးလျှံများကို လုံး၀ခုခံနိုင်ခြင်းမရှိဘဲ လောင်ကျွမ်းသွားခြင်းကိုသာ သူတို့မြင်လ်ိုက်ရသည်။ အခြားတစ်ဖက်၌ မီးလျှံများမှာ ဆက်၍ပြင်းထန်လာသည်။

        အမှန်တွင် ယခု၌ ချင်နန်၏ ကျင့်ကြံမှုသည် အစွမ်းထက်ဆုံးသိုင်းဘုရင်ဖြစ်သည်။ သူသည် စွမ်းရည်အမျိုးမျိုးကို တတ်ကျွမ်းသည့်အပြင် သူ၏ တိုက်ခိုက်မှုများကလည်း ထိုသိုင်းဘုရင်များကို သတ်နိုင်သည်။

      “ချင်နန်…မင်းလုပ်ရဲလား"
     သိုင်းဘုရင်ဟွမ်၀ူ၊ သိုင်းဘုရင်ပိုင်ရှီနှင့် အခြားသိုင်းဘုရင်အထွတ်အထိပ်အဆင့်များ အလျင်အမြန်သတိပြန်၀င်လာကာ တင်းမာခက်ထန်စွာဖြင့်အော်လိုက်သည်။ သူတို့သည် နတ်ဘုရားအဆင့်လက်နက်များအားသုံးကာ ချင်နန်ကို အရပ်မျက်နှာအသီးသီးမှ တိုက်ခိုက်လိုက်သည်။ ချင်နန်အတွက် ၎င်းတို့ကိုခုခံဖို့ အင်မတန်ခက်ခဲသည်။
      ယခုအချိန်ထိတိုင်အောင် ချင်နန်သည် အလွန်ကြောက်စရာကောင်းသောစွမ်းအားထုတ်ပြခဲ့သည့်တိုင် သူတိူ့သည် ချင်နန်၏  ကျင့်ကြံမှုမတည်ငြိမ်သေးဟူသည့် ကောင်းကင်‌တောင်ပိုင်းဂိတ်၏ စကားများကို ယုံကြည်နေဆဲဖြစ်သည်။
      သူတို့ဆက်တိုက်ခိုက်နေသ၍ သူတို့ ချင်နန်၏ အားနည်းချက်ကိုရှာတွေ့ကာ သတ်နိုင်လိမ့်မည်ဖြစ်သည်။

အဆန်းကြယ်ဆုံး သိုင်း၀ိဉာဥ် အတွဲ ၂ ( ၁၀၀၁ မှ ၁၉၈၀) ခွင့်ပြုချက်ရပြီးWhere stories live. Discover now