1946 - 1950

77 4 0
                                    

အပိုင်း (၁၉၄၆)

      သုံးရက်ကြာပြီးနောက် ရှန်ရှင်ထျန်အင်မော်တယ်ဘုံငယ်တွင်…

    အဓိပတိချန်ရှောင်ကို သတင်းပို့ပြီးနောက်  ချင်နန်သညိ သူ့ကိုယ်သူ အားနည်းသော ပိန်ပိန်ပါးပါးပုံစံလူတစ်ယောက်အဖြစ် ရုပ်ဖျက်လိုက်သည်။
    သူသည် သူ့အတွက်  စီစဉ်ပေးထားသော ဘုံဖြတ်ကူးခြင်းအင်မော်တယ်လှေကို စီးလိုက်သည်။
    ဘုံဖြတ်ကူးခြင်းအင်မော်တယ်လှေသည် တခြားလှေများနှင့် ခြားနားသည်။ ၎င်းသည် အပြာရောင်အလင်းများ တောက်နေသည်။  လှေထဲတွင် ကိုးကောင်းကင်အဓိပတိအဆင့်အော်ရာများစွာမြွတ်သိပ်နေသည်။
     ပြိုင်ဘက်ကင်းအုပ်စိုးသူအစောပိုင်းအဆင့်ပင်လျှင် ရင်ဆိုင်ဖို့ ခက်ခဲလိမ့်မည်ဖြစ်သည်။
    အဆုံး၌ ပထမအင်မော်တယ်ဘုံသည် ကိုးကောင်းကင်အင်မော်တယ်ဘုံ၏ အရှေ့ဘက်အစွန်ဆုံးတွင်ရှိသည်။
     ခရီးက အန္တရာယ်များပြီး ရှည်သောကြောင့် လိုရာခရီးကိုရောက်ရှိရန် အစွမ်းထက်သောအင်မော်တယ်လှေတစ်စင်းလိုအပ်သည်။
      သို့ရာတွင် ကိုးကောင်းကင်အဓိပတိများကတော့  သူတို့၏ စွမ်းအားကို အားကိုး၍ အင်မော်တယ်ဘုံငယ်များကို အလွယ်တကူ သွားလာနိုင်ကြသည်။

    ချင်နန်သည် လှေထဲက အကောင်းဆုံးအခန်းကို ရရှိခဲ့သည်။ အခန်းကို ဝိညာဉ်သန့်စင်ခြင်းသစ်သားဖြင့် ပြုလုပ်ထားသောကြောင့် အခြားသူများ၏ နတိဘုရားအာရုံများ သို့မဟုတ်  မျက်လုံးပညာရပ်များဖြင့် ထောက်လှမ်းခြင်းကို ကာကွယ်ပေးသည်။
     ချင်နန်သည် သူ မည်သူဖြစ်ကြောင်း ပေါ်ပေါက်မည်ကို စိုးရိမ်စရာမလိုပေ။
    သူတင်ပျဉ်ခွေထိုင်၍ စတင် ကျင့်ကြံလိုက်သည်။

     သူသည် မူကျန်ဇီ၊ ကျောက်လီအာနှင့် ဝူဟွေရှန်တို့အား သူပထမအင်မော်တယ်ဘုံသို့သွားမည့်အကြောင်း ပြောရန်စိတ်ကူးခဲ့သည်။
     သို့သော်လည်း သံတမန်ဖုန်ချန်က သူ့ကို ခွင့်မပြုသဖြင့် လက်လျှော့လိုက်ရသည်။

    အချိန်တဖြည်းဖြည်းကုန်လွန်နေသည်။
    ငါးရက်ကြာပြီးနောက်  အဆုံးမဲ့အမှောင်ထု ဟင်းလင်းပြင်ကြားထဲတွင် အဝေး၌ မီးရောင်များ မှိတ်တုတ်မှိတ်တုတ် တောက်နေသည်။ အင်မော်တယ်လှေငယ်တစ်စင်းသည် ရုတ်တရက် ကြောက်မက်ဖွယ်ရာအော်ရာတစ်ခုကိုထုတ်ဖော်ကာ အတားအဆီးကို အတင်းဖျက်ဆီးလိုက်သည်။
      ထို့နောက် လှေပေါ်က ကျင့်ကြံသူများ၏ နားထဲ လှိုင်းရိုက်သံများပဲ့တင်ထပ်လာသည်။
     အခန်းထဲတွင်ရှိသော ချင်နန်ပင်လျှင် ပြတ်ပြတ်သားသား ကြားလိုက်ရသည်။

အဆန်းကြယ်ဆုံး သိုင်း၀ိဉာဥ် အတွဲ ၂ ( ၁၀၀၁ မှ ၁၉၈၀) ခွင့်ပြုချက်ရပြီးWhere stories live. Discover now