1741 - 1745

322 22 0
                                    

အပိုင်း (၁၇၄၁)တစ်ဖန်တောက်ပလာခြင်း

      အဓိပတိချန်ရှောင်နှင့် အဓိပတိဟွမ်လေတို့ ချင်နန်ကို အကြံတချို့ပေးလိုက်ကြသည်။

    ထို့နောက်အဓိပတိချန်ရှောင်သည် လေထဲတွင် ပျောက်ကွယ်သွားပြီး အဓိပတိဟွမ်လေသည် သံတမန်ဖုန်ချန်၊ ချန်းကုန်တို့နှင့်အတူ တခြားတစ်နေရာသို့သွားလိုက်သည်။
    သူတို့ဘာသွားလုပ်ကြောင်းကို ချင်နန် မသိပေ။
    လေထဲတွင် ရစ်သိုင်းနေသည့် ပြင်းထန်သောဖိအားမှာလည်း မကြာခင်၌ ပျောက်ကွယ်လို့သွားသည်။

    လူတိုင်းသည် စိတ်သက်သာရာ ရသွားကြသည်။ လူအုပ်သည် ချက်ချင်းပင် အမှတ်တမဲ့ဖြင့် ချင်နန်ကို အာရုံစိုက်လိုက်ကြသည်။
    ချင်နန်ကို ကြည့်နေသည့် သူတို့၏ အကြည့်ထဲ၌ လေးစားမှုများ၊ သဘောကျမှုများ၊ မနာလိုမှုများနှင့် ရှုပ်ထွေးသော ခံစားချက်များပြည့်နှက်နေပြီး အထင်သေးသည့်အကြည့်ဟူ၍ စိုးစိမှ မရှိတော့ပေ။
    လက်ရှိတွင် ရှိနေကြသော ပြိုင်ဘက်ကင်းပါရမီရှင်များအားလုံး ပူးပေါင်းလျှင်ပင် ချင်နန်ကို ရင်ဆိုင်နိုင်လိမ့်မည် မဟုတ်ပေ။ ၎င်းမှာ ချဲ့ကားပြောခြင်းမဟုတ်ပါ။
    သူတို့အကြား စွမ်းအား ကွာခြားချက်သည် ကောင်းကင်နှင့်မြေကြီးပမာပင်ဖြစ်သည်။
      ကိုးကောင်းကင်အင်မော်တယ်ဘုံသည် အမြဲတမ်းထိုသို့သာဖြစ်သည်။

    “ကျင့်ကြံသူချင်နန် မင်းက တကယ်အထင်ကြီးစရာပဲ…"
     မဟာအကြီးအကဲများစွာသည် ချင်နန်ဆီကို အပြုံးထွားထွားဖြင့် လျှောက်လှမ်းလာသည်။

     ချင်နန်သည် သူတို့ကိုနှုတ်ဆက်ပြီးနောက် လူအုပ်ထဲက ထွက်လာခဲ့လိုက်သည်။ သူသည် ၀မ်ရှောင်နှင့် ရှူရှန်ကျီဆီ သွားလိုက်သည်။
 
     ကျောက်လိကျန်နှင့် အခြားပြိုင်ဘက်ကင်းပါရမီရှင်များ ချက်ချင်း ထိတ်ထိတ်ပျာပျာဖြစ်သွားသည်။ သူတို့ ဆက်မနေရဲကြပေ။

     “ချင်နန် မင်းကတကယ်အထင်ကြီးစရာပဲ"
    ၀မ်ရှောင်ပြောလိုက်သည်။ ချင်နန်သည် သူ့ကိုတွေ့သည့်အချိန်တိုင်း  အံ့ဩမှင်တက်စေခဲ့သည်။

     ချင်နန် တည်ငြိမ်စွာ ပြုံးလိုက်သည်။ သူသည် ရှူရှန်ကျီကိုကြည့်ပြီးနောက် ပြောလိုက်သည်။
     “ရှန်ကျီ…ငါလုပ်စရာကိစ္စရှိလို့ ခရီးထွက်ရဦးမှာ…တကယ်လို့ နင်အကူအညီတစ်ခုခုလိုရင် ငါ့ကိုဒီတံဆိပ်ကနေဆက်သွယ်လိုက်"

အဆန်းကြယ်ဆုံး သိုင်း၀ိဉာဥ် အတွဲ ၂ ( ၁၀၀၁ မှ ၁၉၈၀) ခွင့်ပြုချက်ရပြီးWhere stories live. Discover now