၁၁၄၆ - ၁၁၅၀

376 37 0
                                    


အပိုင်း (၁၁၄၆) သိုင်းဘုရင်တက်ရောက်ခြင်းအခမ်းအနား

      ဝှစ်…
    
     ချင်နန်၏ ခန္ဓာကိုယ် အက်ကွဲကြောင်းထဲမှထွက်ပေါ်လာပြီး ချိုင့်ဝှမ်းတစ်ခုဆီသို့ ဆင်းသက်လာသည်။

      “ဟမ်"
      သူ၏ ပတ်၀န်းကျင်ကို စစ်ဆေးလိုက်ပြီး သူ၏ မျက်လုံးထဲ အံ့ဩမှုများ ပြည့်နှက်သွားသည်။
     ချိုင့်ဝှမ်းတစ်ခုလုံးသည် ထူးဆန်းသော ပန်းပင်၊ သစ်ပင်များ ကြီးထွားစွာပေါက်ရောက်နေပြီး အရွယ်အစားအမျိုးမျိုးနှင့် ရွှေခရမ်းရောင် အရိုးပုံများရှိနေသည်။
     အချိန်အတော်ကြာပြီဖြစ်သော်လည်း အရာရာတိုင်းမှ သန်မာသော တိုက်ပွဲဆန္ဒများနှင့် ထည်ဝါသော အော်ရာတစ်ခု ထုတ်ဖော်နေသည်။
     အကြမ်းဖျင်းအကြည့်တစ်ချက်နှင့်အတူ အနည်းဆုံးအနီး၌ အရိုးအကြွင်းအကျန်သိန်းချီရှိသည်။ ၎င်းမှာ ရှေးဟောင်းရွှေခရမ်းတိုက်ပွဲနဂါးမျိုးနွယ်စု၏ ရုပ်အကြွင်းအကျန်များရှိသော နဂါးအရိုးချောက်ကမ်းပါးဖြစ်သည်။

     “ဒီနေရာက ငါ့အတွက်သင့်တော်တယ်လို့ ကိုးမြီးသိုင်းဘုရင်သားရဲပြောခဲ့တာ အံ့ဩစရာမဟုတ်တော့ပါဘူး…နဂါးအရိုးတွေကြောင့် ဒီထဲက ချီစွမ်းအင်တွေက အတော်လေးထူးခြားပြီး ကျင့်ကြံမှုကိုမြန်စေတယ်"
     ချင်နန် တည်ငြိမ်စွာ ပြုံးလိုက်၏။ သူ သိုင်းဘုရင်အဆင့်သို့မရောက်ခဲ့သည့်တိုင် ကိုးမြီးသိုင်းဘုရင်သားရဲနှင့် အခြားသူများသည် သူ့ကို ယခင်အတိုင်းဆက်ဆံဆဲဖြစ်သည်။
      ချင်နန် တွေးတောစဉ်းစား၍ ခေါင်းခါယမ်းလိုက်သည်။ သူသည် တင်ပျဉ်ခွေထိုင်ကာ နတ်ဘုရားသိုင်းဝိညာဉ်ကို ထုတ်လွှတ်၍စတင်ကျင့်ကြံလိုက်သည်။

      “ဟမ်"
     ချီကိုစတင်စုပ်ယူလိုက်သည်နှင့် သူ၏ မျက်လုံးထဲ အံ့ဩမှုများ ယှက်ပြေးသွားသည်။
      သူ၏ ချီစုပ်ယူမှုနှုန်းသည် သိသိသာသာလျင်မြန်နေကြောင်းကို သူတွေ့ရှိလိုက်သည်။
      ပုံမှန်အားဖြင့် ကျင့်ကြံမှုအမြန်နှုန်းသည် သိုင်းဝိညာဉ်အဆင့်နှင့် ဆက်စပ်မှုရှိသည်။
     အဘယ်ကြောင့် သူ၏ ကျင့်ကြံမှူအမြန်နှုန်း ရုတ်တရက်ကြီး တိုးတက်လာပါသနည်း…

အဆန်းကြယ်ဆုံး သိုင်း၀ိဉာဥ် အတွဲ ၂ ( ၁၀၀၁ မှ ၁၉၈၀) ခွင့်ပြုချက်ရပြီးWhere stories live. Discover now