၁၄၆၁ - ၁၄၆၅

383 35 0
                                    


အပိုင်း (၁၄၆၁) သီးခြားကျင့်ကြံခြင်း
   
 “အထွတ်အမြတ်အလောင်းက ဒီကျောက်နန်းတော်ထဲမှာ နှစ်တစ်သောင်းကျော်နေခဲ့လိမ့်မယ်…တိုက်ပွဲဆန္ဒတွေက အသိစိတ်ရှိလာသလိုပဲ…ငါဒီမှာ သီးခြားကျင့်ကြံရမယ်"    မကြာခင်၌ သူ၏ အတွေးများကို စုသည်းပြီးနောက် ဆုံးဖြတ်ချက်ချလိုက်သည်။
    “နတ်ဘုရားသိုင်းဝိညာဉ်"    သူ ကျောက်နန်းတော်ထဲ၀င်သွားကာ တင်ပျဉ်ခွေထိုက်လိုက်ပြီးနောက် နတ်ဘုရားသိုင်းဝိညာဉ်ကို ထုတ်ဖော်၍ တိုက်ပွဲဆန္ဒများကို သူ၏ ခန္ဓာကိုယ်ထဲစုပ်ယူလိုက်သည်။
    ထိုအချိန်၌ အထင်ကရဓားဝိညာဉ်နှင့် တိုက်ပွဲမျိုးနွယ်စု၏ ကျွမ်းကျင်သူများကြားထဲတွင် အစည်းအဝေးကျင်းပနေသည်။     ရှစ်ရက်ကြာပြီးနောက် နောက်ဆုံးတွင် အစည်းအဝေးအဆုံးသတ်သွားသည်။     ကောင်းကင်ဆန့်ကျင်မဟာမိတ်ကို သဘာ၀ဆေးပင်များနှင့် ရတနာများထောက်ပံ့ပေးခြင်းအပြင် နတ်ဘုရားဇာတာခွင်ပြိုင်ပွဲကျင်းပသည့်အချိန်တွင် သ်ိုင်းနတ်ဘုရားကူလီသည် တိုက်ပွဲမျိုးနွယ်စု၏ လူအချို့နှင့်အတူ ခုခံရမည်ဖြစ်ပြီး ကျန်ရှိသော လူများသည် ချင်နန်ကို အစွမ်းကုန်ကူညီရမည်ဖြစ်သည်။     အကယ်၍ ချင်နန် နတ်ဘုရားမွေးဖွားဇာတာခွင်ရပြီး အတိဒုက္ခကို ဖန်တီးနိုင်ပါက သ်ိုင်းနတ်ဘုရားကျန်းယွမ်၊ သ်ိုင်းနတ်ဘုရားကျန်းဟွမ်နှင့် အခြားသ်ိုင်းနတ်ဘုရားများသည် သူတို့၏ ရတနာပစ္စည်းများဖြင့် ချင်နန်ကို ကူညီပေးရလိမ့်မည်ဖြစ်သည်။     သို့သော်လည်း ချင်နန် ၎င်းကို မလုပ်နိုင်ဟု ခံစားရပါက တိုက်ပွဲမျိုးနွယ်စုသည် သူတို့၏ အသက်ကိုစွန့်စားရမည့်အစား နောက်ဆုတ်ဖို့ ရွေးချယ်နိုင်သည်။     ထိုစဉ်အတောအတွင်း အကယ်၍ ချင်နန်သည် သိုင်းနတ်ဘုရားအဆင့်ကို အောင်အောင်မြင်မြင်ရောက်ရှိသွားပါက သူသည် တခြားရှေးဟောင်းမျိုးနွယ်စုခုနှစ်ခုကို ဖိနှိပ်ကာ တိုက်ပွဲမျိုးနွယ်စုကို အုပ်စိုးနိုင်အောင် လုပ်ပေးရလိမ့်မည်ဖြစ်သည်။     အထင်ကရဓား၀ိညာဥ်မှာမူ သူတို့၏ အစီအစဉ်ကို ရှင်းပြပြီးနောက် နတ်ဘုရားဖယ်ရှားခြင်းလှံ၏ လျှို့ဝှက်ချက်ကို ထုတ်ပြောခဲ့သည်။
    သို့သော်လည်း ဧကရီဖေးယွဲ့နှင့် ပတ်သက်သည့်စကားတစ်လုံးမျှ မပြောခဲ့ပေ။    ကြိုတင်ကာကွယ်မှုအနေဖြင့် အထင်ကရဓားဝိညာဉ်သည် ဧကရီဖေးယွဲ့ပေးအပ်ခဲ့သော ကျမ်းကျိန်ချက်ကို ထုတ်ယူပြီး တိုက်ပွဲမျိုးနွယ်စုမှ ကျွမ်းကျင်သူများကို ကျိန်ဆိုခိုင်းခဲ့သည်။     အကယ်၍ တစ်စုံတစ်ယောက် ကျိန်ဆိုမှုကို ဖောက်ဖျက်ပါက ကြီးမားသော အကျိုးဆက်များခံစားရမည်ဖြစ်ပြီး သူတို့၏ ခန္ဓာကိုယ်ထဲမှ စွမ်းအင်များ အလိုအလျောက် ပေါက်ကွဲသွားမည်ဖြစ်သည်။
     “ကျင့်ကြံသူအထင်ကရ.... တကယ်လို့ မဟာမိတ်ခေါင်းဆောင်ချင်နန်သာ အချိန်ရမယ်ဆိုရင် သူ့ကို ကျုပ်တို့ မျိုးနွယ်စုက တပည့်တွေကို အကြံတချို့ပေးခိုင်းလို့ရမလား"     သ်ိုင်းနတ်ဘုရားကျန်းယွမ် စူးစမ်းလိုက်သည်။ ကျွမ်းကျင်သူများလည်း ထိုသို့ မျှော်လင့်နေကြသည်။     သူတို့ ချင်နန်၏ ပင်ကိုပါရမီကို မြင်တွေ့ခဲ့ရသည်။    အကယ်၍ သူတို့ တိုက်ပွဲမျိုးနွယ်စုမှ လူငယ်များသာ ချင်နန်၏ အကြံဉာဏ်မှ တစ်ခု နှစ်ခုလောက်နားလည်ပါက အကျိုးဖြစ်ထွန်းနိုင်သည်။
      “ကောင်းပါပြီ…"     အထင်ကရဓားဝိညာဉ် အပြုံးဖြင့် ပြောလိုက်သည်။
    သီးခြားကျင့်ကြံခြင်းအပြင် ချင်နန်သည် ကျန်းပ၀မ်၊ ကျန်းရှောင်ရှန်နှင့် တိုက်ပွဲမျိုးနွယ်စုမှ ဂျီးနီးယပ်များဆီသွားကာ အကြံပေးခဲ့သည်။
    ချင်နန်သည် အတွေ့အကြုံရှိသော ဆရာတစ်ယောက် မဟုတ်သော်လည်း ချင်နန်သည် သူတို့ကို သိုင်းပညာများနှင့် ထူးကဲမှုအကြောင်းများပြောချိန်၌ ဂျီးနီးယပ်များ အတော်များများ နားလည်ခဲ့ကြသည်။    အချို့ဆိုလျှင် သူ၏ အကြံပြုချက်ကိုနားထောင်ပြီးနောက် အဆင့်တက်ခြင်းတို့ပင်ရှိခဲ့သည်။
    အချိန်တဖြည်းဖြည်း ကုန်ဆုံးနေသည်။ နှစ်နှစ်တာမှာ အတော်လေးလျင်မြန်စွာဖြင့် ကုန်သွားသည်။    ဤနှစ်နှစ်အတွင်းတွင် ချင်နန်သည် ကန်းလန်တိုက်ထဲတွင် သူ့ကိုယ်သူမပြသသည့်တိုင် အလယ်ပိုင်းတိုက်ကြီး၏ လေထုနှင့် နတ်ဘုရားတစ်၀က်‌ဒေသ၏ လေထုအခြေအနေမှာ တဖြည်းဖြည်းတင်းကျပ်လာသည်။
        အလယ်ပိုင်းတိုက်ကြီး၏ တောင်တစ်ရာတွင် ရှေးဟောင်းအပျက်အယွင်းများပေါ်ပေါက်လာပြီး ဆက်ခံသူများ ရွေးချယ်နေကြသည်။   ထိုဆက်ခံသူများထဲက အချို့သည် သိုင်းဘုရင်အဆင့်ကို လွန်ခဲ့သောနှစ်ထောင်ကျော်က ရောက်ထားသည့် ရှေးဟောင်းသိုင်းဘုရင်အချို့ဖြစ်သည်။    အချို့မှာ လွန်ခဲ့သောနှစ်တစ်ရာကသာ သိုင်းဘုရင်အဆင့်ကိုရောက်ထားသည့် လူငယ်ပါရမီရှင်များဖြစ်သည်။ သိုင်းဘီဘင်ဟူ၍ တစ်ယောက်မျှ မပါပေ။     ထို့ပြင် ကောင်းကင်တောင်ပိုင်းထွတ်မြတ်နယ်မြေ၊ သိုင်းနိယာမဂိုဏ်း၊ ကျောက်စိမ်းကန်ထွတ်မြတ်တောင်၊ နတ်ဘုရားသားရဲတားမြစ်နေရာ၊ လော့ဟဘ်ဥယျာဉ်၊ ဘေးဆိုးတောအုပ်၊ သင်္ကေတစာလုံးကိုးခုရှေးဟောင်းပင်လယ်၊ အခြားတားမြစ်နေရာများ၊ သေလွန်ဝိညာဉ်မျိုးနွယ်စု၊ မီးလျှံမျိုးနွယ်စု၊ အင်မော်တယ်မျိုးနွယ်စုနှင့် အခြားရှေးဟောင်းမျိုးနွယ်စုများ၏ အစွမ်းထက်ပုဂ္ဂိုလ်များ နိုးထလာပြီး စီစဉ်စရာရှိသည်များကို စီစဉ်လိုက်သည်။       အဖွဲ့အစည်းအသီးသီးနှင့် မျိုးနွယ်စုများ၏ တပည့်များသည် ရှေးဟောင်းတားမြစ်နေရာအချို့ကို စတင်ရှာဖွေခဲ့ကြသည်။ 
      ကာလအတန်ကြာပျောက်ကွယ်နေခဲ့သော ကောင်းကင်ကံကြမ္မာမျိုးနွယ်စုပင် ပြန်ပေါ်လာသည်။      သိုင်းဘုရင်များအကြား၌ ကျော်ကြားသော ရှောင်ယွင်ကျယ်၊ ၀မ်ဖန်ဟန်၊ လီချီမော့နှင့် အခြားသူများသည် သိုင်းဘုရင်အဆင့်ရှစ်သို့ရောက်ပြီး သိုင်းဘုရင်အထွတ်အထိပ်အဆင့်နှင့် ရင်ဆိုင်နိုင်လောက်အောင် သန်မာလာသည်။    အံ့ဩစရာ အကောင်းဆုံးအရာမှာ ထောင်ချင်းစန့်သည် အဆုံးမဲ့ရေခဲတွင်းနက်ထဲ၀င်ကာ ကျင့်ကြံမှုစည်းမျဉ်းများထက်ကျော်လွန်ခဲ့သော ဂျီးနီးယပ်ကျွမ်းစီတောက်နှင့် ရက်အနည်းငယ်ကြာ တိုက်ခိုက်ခဲ့သည်။     တိုက်ပွဲမှာ သရေကျခဲ့ရာ တစ်လောကလုံး အုတ်အော်သောင်းနင်းဖြစ်ခဲ့သည်။    ကျင့်ကြံသူအများစုသည် ထောင်ချင်းစန့်သည်လည်း ကျင့်ကြံမှုစည်းမျဉ်းများထက် ကျော်လွန်နေပြီဟု ယုံကြည်ကြကာ သူ့ကို ကျင့်ကြံမှုစည်းမျဉ်းများထက် ကျော်လွန်သော ငါးယောက်မြောက်ဂျီးနီးယပ်ဟု သတ်မှတ်လိုက်ကြသည်။
      နှိုင်းယှဉ်ရပါက ရှန်ကျင့်ထျန်းနှင့် စုချင်းနင်တို့သည် လွန်ခဲ့သောနှစ်နှစ်ကတည်းက ပျောက်သွားခဲ့သည်။ သူတို့ လုံး၀ပျောက်ကွယ်သွားသလိုပင်ဖြစ်သည်။      သူတို့သည် နတ်ဘုရားဇာတာခွင်ပြိုင်ပွဲအတွက် ပြင်ဆင်ဖို့ကြိုးစားကျင့်ကြံနေကြသည်ဟု လူအများစု ယုံကြည်ထားကြသည်။      ထိုစဉ်အတောအတွင်း သ်ိုင်းနတ်ဘုရား၊ သိုင်းဘုရင်များ၊ သိုင်းဘီဘင်များနှင့် သိုင်းသူတော်စင်များပင် နတ်ဘုရားဇာတာခွင်ပြိုင်ပွဲရောက်လာမည့်နေ့ကိုစောင့်စားရင်း ချင်နန်နှင့် ပတ်သက်သည့်‌ သတင်းကို နားစွင့်နေကြသည်။      စည်းမျဉ်းများကို ဖီဆန်နိုင်သော ပြိုင်ဘက်ကင်းဂျီးနီးယပ်တစ်ယောက်သည် သူ့ကို စောင့်ကြိုနေသော ထောင်ချောက်များကို ကျော်လွှားနိုင်မလား သို့မဟုတ် ကြိုးစားရင်း သေသွားမလားကို သူတို့ ကြည့်ချင်နေကြသည်။
    အချိန်တဖြည်းဖြည်းကုန်ဆုံးနေသည်။
    နှစ်လကြာပြီးနောက်…
     နတ်ဘုရားတစ်၀က်ဒေသ၏ မြောက်ပိုင်းတွင် ကျယ်ပြောသောအနက်ရောင်ကုန်းမြေတစ်ခုရှိသည်။ အသက်စွမ်းအင်ပြင်းထန်ကြသော အပင်များပင် ဤနေရာ၌ မရှင်သန်နိုင်ပေ။ ဤနေရာတွင် ရေတစ်စက်မရှိသလို လေပြည်‌လေညင်းလည်းမရှိပါ။ ၎င်းသည် ကျယ်ပြောသော်လည်း အလွန်တိတ်ဆိတ်နေသည်။     သို့သော်လည်း အနီးတွင် ကျင့်ကြံသူများစွာရှိပြီး အချို့သည် ဤနေရာတွင် ခိုအောင်းနေသည်မှာ အချိန်အတော်ပင် ကြာပြီဖြစ်သည်။        ထိုကျင့်ကြံသူများသည် အဖွဲ့အစည်းအသီးသီးမှ လာခြင်းဖြစ်သည်။ သူတို့၏ အလုပ်မှာ သတင်းအချက်အလက်စုဆောင်းဖို့ဖြစ်သည်။    ကျယ်ပြောသော အနက်ရောင်ကုန်းမြေသည် ကျော်ကြားသော နတ်ဘုရားအနိစ္စကုန်းမြေဖြစ်သည်။     ကောလဟာလများမရ သ်ိုင်းနတ်ဘုရားများစွာသည် ထိုနေရာတွင် သေဆုံးခဲ့ပြီး ကောင်းကင်နှင့် မြေပြင်၏ တာအိုပင် ဤနေရာကို ၀င်နှောင့်ယှက်နိုင်ခြင်းမရှိပေ။     နတ်ဘုရားဇာတာခွင်ပြိုင်ပွဲကို အကြိမ်တိုင်း ဤနေရာ၌ ကျင်းပသည်။        “သီသီလေးပဲ…ကောင်းကင်တောင်ပိုင်းထွတ်မြတ်နယ်မြေက ကျင့်ကြံသူတွေရဲ့ ကျင့်ကြံသူတွေမှာ ထူးခြားတဲ့မျက်လုံးပညာရပ်ရှိတာပဲ…သူက ငါ ရုပ်ဖျက်ထားတာကိုတောင် မြင်တော့မလို"    နတ်ဘုရားအနိစ္စကုန်းမြေ၏ အပြင်ဘက်မှ သာမန်ပုံစံနှင့် လူရွယ်တစ်ဦးပြောလိုက်သည်။
      “ ဂရုစိုက်ဟ…သူတို့ ငါတို့ကိုဖမ်းမိသွားရင် မင်း အသက်ပျောက်သွားလိမ့်မယ်"      နောက်ထပ်အသက်နည်းနည်းကြီးသော ကျင့်ကြံသူတစ်ယောက် ပြတ်သားစွာဖြင့် ပြောလိုက်သည်။     “ဒါငါတို့ အခွင့်အရေးပဲ…ငါတို့ ဒါနဲ့လွဲချော်လို့မရဘူး"
    အခြားအဖွဲ့အစည်းများနှင့် မတူညီစွာပင် ကောင်းကင်ဆန့်ကျင်မဟာမိတ်၏ သတင်းအချက်အလက် စုဆောင်းဖို့ တာ၀န်ကျသော ကျင့်ကြံသူများကို ခက်ခဲသော စမ်းသပ်မှုများဖြင့် ဂရုတစိုက်ရွေးချယ်ကြသည်။    တာ၀န်ကို ပြီးမြောက်အောင် ဆောင်ရွက်နိုင်သူများသည် အဖိုးတန်အကျိုးအမြတ်များနှင့် အမွေအနှစ်တချို့ပင် ရတတ်သည်။
      “အင်း…တကယ်လို့ ငါတို့ အောင်မြင်ရင် တိုက်ပွဲဝိညာဉ်ရှစ်ပါးဆေးလုံးကိုရပြီး ငါ မရှုံးနိမ့်နိုင်တဲ့ သိုင်းဘီဘင်ဖြစ်လာလိမ့်မယ်..."     သာမန်လူငယ် ခေါင်းညိတ်လိုက်သည်။
    သို့သော်လည်း သူ၏ စကားမဆုံးခင်မှာပင် သူသည် ကျယ်ပြောသော အနက်ရောင်ကုန်းမြေမှ ထွက်ပေါ်လာသည့် ရှေးဟောင်းနတ်ဘုရားအလင်းတစ်ခုကို မြင်လိုက်ရသည်။
      “ဒါ…"    လူငယ်၏ မျက်လုံးများ ပြူးကျယ်သွားသည်။
    “ဘာလဲ"    အခြားကျင့်ကြံသူလည်း လှည့်ကြည့်လိုက်သည်။    ရှေးဟောင်းအလင်းကို မြင်သောအခါ သူ၏ နှလုံးသား တုန်တက်သွားသည်။ ခဏကြာပြီးနောက် သူသည် သူ၏ အတွေးများကို လျင်မြန်စွာစုစည်းလိုက်ပြီး သက်ပြင်းရှိုက်လိုက်သည်။     “ ခန်းမခေါင်းဆောင်ကို မြန်မြန် သတင်းပို့လိုက်"
    သူတို့သာမက အခြားအဖွဲ့အစည်းမှ ကျင့်ကြံသူများသည်လည်း မြင်ကွင်းကြောင့် အလွန်တုန်လှုပ်သွားသည်။ သူတို့ ချက်ချင်းပင် သူတို့၏ အဖွဲ့အစည်းများကို အစီရင်ပြန်ခံလိုက်သည်။    

အဆန်းကြယ်ဆုံး သိုင်း၀ိဉာဥ် အတွဲ ၂ ( ၁၀၀၁ မှ ၁၉၈၀) ခွင့်ပြုချက်ရပြီးWhere stories live. Discover now