၁၄၁၁ - ၁၄၁၅

392 36 0
                                    


အပိုင်း (၁၄၁၁) အမိမြေမှ မျက်နှာဟောင်းများ

နာရီ၀က်ကြာပြီးနောက် ကောင်းကင်လောင်ကျွမ်းခြင်းနိုင်ငံ၏ အင်ပါယာမြို့တွင်...

"စီနီယာချင်နန်ရောက်လာတာပဲ"

"ကြည့်လိုက်...အဲဒါ စီနီယာချင်နန်ပဲကွ"

"အဲဒါခေတ်အားလုံးရဲ့ အစွမ်းထက်ဆုံး သိုင်းဘုရင်လား"

"စီနီယာချင်နန်ကအခုအစွမ်းထက်ဆုံးသိုင်းဘုရင်ဖြစ်နေပြီ...သွားကြည့်ရအောင်"

ချင်နန် အင်ပါယာမြို့သို့ရောက်ပြီးနောက် အသက်ရှိုက်တစ်ရာကျော်အတွင်းမှာပင် မြို့ထဲမှ ကျင့်ကြံသူများ တုန်လှုပ်သွားကြသည်။ ချက်ချင်းပင် သူတို့ ချင်နန်ရှိရာသို့ အပြေးအလွှားပျံသန်းသွားကြပြီး အံ့မခန်းမြင်ကွင်းတစ်ခုပင်ဖြစ်သည်။
လွန်လေပြီးသောအချိန်ကာလကတည်းက ချင်နန်သည်အရှေ့ပိုင်းတိုက်ကြီး၏ ဒဏ္ဍာရီလာပုဂ္ဂိုလ်ဖြစ်သည်။ ထို့ပြင် ယခု၌ သူသည် ခေတ်အားလုံး၏ အစွမ်းထက်ဆုံးသိုင်းဘုရင်ဖြစ်ကာ တစ်လောကလုံးကို ထိတ်လန့်တုန်လှုပ်စေခဲ့သည်။
ခေတ်အားလုံး၏ အစွမ်းထက်ဆုံးသိုင်းဘုရင်ဆိုသည်မှာ မည်မျှထိတ်လန့်စရာနည်း...

"မင်းက တကယ်ကိုတော်တဲ့ကောင်ပဲ"
ကောင်းကင်လောင်ကျွမ်းခြင်းဧကရာဇ် အံ့ဩစွာဖြင့်ပြောပြီးနောက် ထပ်ပေါင်းထည့်ကာပြောလိုက်သည်။
"ဒီနေ့ညငါတို့တော်၀င်နန်းတော်မှာ စားသောက်ပွဲတစ်ခုကျင်းပမယ်...ငါမင်းအဖေနဲ့ တခြားသူတွေကို ခေါ်ဖို့ လူလွှတ်ပြီးသွားပြီ...မင်းလာခဲ့နော်"

"ဟုတ်ကဲ့ပါ"
ချင်နန် အပြုံးဖြင့် လက်သီးစုကာ ပြောလိုက်သည်။

အချိန်တဖြည်းဖြည်းကုန်လွန်လာသည်။
ညအချိန် ရောက်ချိန်၌ နတ်ဘုရားတစ်ဝက်ဒေသနှင့် အလယ်ပိုင်းတိုက်ကြီးတွင် သန်မာသောသတ်ဖြတ်ချင်စိတ်များ ရစ်သိုင်းနေဆဲဖြစ်သည်။

သို့သော်လည်း လက်ရှိ၌ ကောင်းကင်လောင်ကျွမ်းခြင်းနိုင်ငံတွင် မီးများနှင့် ဖဲကြိုးများ အလှဆင်ထားပြီး သမိုင်းတွင် အခမ်းနားဆုံးပွဲတစ်ခုကျင်းပနေသည်။

အဆန်းကြယ်ဆုံး သိုင်း၀ိဉာဥ် အတွဲ ၂ ( ၁၀၀၁ မှ ၁၉၈၀) ခွင့်ပြုချက်ရပြီးWhere stories live. Discover now