၁၂၄၁ - ၁၂၄၅

346 29 0
                                    


အပိုင်း (၁၂၄၁) ကောင်းကင်ကံကြမ္မာမျိုးနွယ်စု

     ဝှစ်…

     တောင်ထိပ်၌ လက်နှစ်ဖက်ဖြင့် ဆုပ်ဖြဲလိုက်သည့်ပမာ လေဟာနယ်အက်ကွဲကြောင်းတစ်ခု ပွင့်လာသည်။ အက်ကွဲကြောင်းထဲမှ အဖြူရောင်အလင်းတန်းများစွာ ထွက်ပေါ်နေပြီး တောင်ပေါ်သို့ ဖြာကျနေသည်။
      ၎င်းသည် တောင်ထိပ်မှ သလင်းကျောက်တုံးကြီးကို အပိုင်းပိုင်းဖျက်ဆီးလိုက်ပြီးနောက် တောက်ပသော အဖြူရောင်အလင်းတံခါးကြီးအဖြစ် အလျင်အမြန် ပြောင်းလဲသွားသည်။
     တံခါးမှာ ကျန်နှစ်ဆယ်မြင့်ကြီး ဆယ့်သုံးကျန်သာ ကျယ်သည့်တိုင် တံခါးမှ ထွက်ပေါ်နေသော ရှေးဟောင်းအော်ရာသည် အထက်အော်ခိန်းနာတစ်ခုလုံးကို အနည်းငယ်တုန်ခါစေသည်။
     ငလျင်လှုပ်နေသလိုပင်ဖြစ်သည်။

     “ဒါ…ကောင်းကင်အော်ခိန်းနာ၀င်ပေါက်လား"
     သေလွန်ဝိညာဉ်မျိုးနွယ်စုမှ သိုင်းဘုရင် ဟာလာဟင်းလင်းမျက်နှာထားဖြင့် ရေရွတ်လိုက်သည်။

     “ကောင်းကင်အော်ခိန်းနာ…ကောင်းကင်အော်ခိန်းနာရဲ့ ၀င်ပေါက်လား"

     “ဒါက ငါတို့ကို ကောင်းကင်အော်ခိန်းနာကို ပို့ပေးမဲ့ တံခါးဖြစ်လိမ့်မယ်…မဟုတ်ရင် ဒီလိုအော်ရာမျိုးထွက်နေမှာ မဟုတ်ဘူး"
     အခြားသိုင်းဘုရင်များနှင့် တပည့်များလည်း တုန်လှုပ်နေသည်။

      ယခုတစ်ခေါက် ဒဏ္ဍာရီလာ ကောင်းကင်အော်ခိန်းနာပေါ်လာလိမ့်မည်ဟု သူတို့ မထင်ထားခဲ့ပေ။
      နှစ်တစ်ထောင်ကျော်ကြာသည့်တိုင်အောင် ကောင်းကင်အော်ခိန်းနာတစ်ခါမျှ ပွင့်မလာဘူးပေ။
    ကောင်းကင်အော်ခိန်းနာထဲ ၀င်သွားသည့် လူအနည်းငယ်ရှိသည့်တိုင် ၎င်းမှာ တိုက်ဆိုင်မှုကြောင့် ကြုံခဲ့ရခြင်းဖြစ်သည်။

      “သခင်…ဒီတံဆိပ်နဲ့ ကောင်းကင်ကံကြမ္မာသွေးကို ယူလိုက်…ဒါ့အပြင် ကျွန်မတို့ တံခါးဆီ မြန်မြန်သွားရမယ်…တံခါးက အကြာကြီးပွင့်နေမှာမဟုတ်ဘူး…ပြီးတော့ ကျွန်မတို့ ငါးယောက်ပဲ၀င်လို့ရမှာ"
       ချင်နန်၏ စိတ်ထဲ ရှောင်ဟုန်၏ အသံထွက်ပေါ်လာပြီး သူ့ဆီသို့ သိုလှောင်အိတ်တစ်အိတ် လွင့်လာသည်။

အဆန်းကြယ်ဆုံး သိုင်း၀ိဉာဥ် အတွဲ ၂ ( ၁၀၀၁ မှ ၁၉၈၀) ခွင့်ပြုချက်ရပြီးWhere stories live. Discover now