၁၀၁၆ - ၁၀၂၀

446 48 1
                                    


အပိုင်း (၁၀၁၆) ကျွမ်းကျင်သူများ ရောက်ရှိလာခြင်း

"ဒါ..."
ချင်နန်၏ ခန္ဓာကိုယ် အနည်းငယ်တောင့်တင်းနေသည်။

သိုင်းဘုရင်အဆင့်ကျွမ်းကျင်သူတစ်ယောက် ပါဝင်လာလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။

ပုံမှန်အတိုင်းဆိုပါက သိုင်းဘုရင်အဆင့်ကျွမ်းကျင်သူတစ်‌ယောက်ကို အစစ်အမှန်အာဏာပိုင်တစ်ယောက်ဟု သတ်မှတ်နိုင်သည်။ ထို့ကြောင့် သူတို့ ထွက်ပေါ်လာခြင်းကို မြင်တွေ့ရန်မှာ ရှားပါးသည်။ ဘုရင်အဆင့်ပေါ်၌ ထိပ်ဆုံးငါးယောက်ထဲပင် မ၀င်သည့် လူငယ်တစ်ယောက်ကို ကိုင်တွယ်ရန်ဆိုပါက စကားထဲပင် ထည့်ပြောစရာမလိုပေ။

သို့သော်လည်း အမှောင်မဲ့သိုင်းနတ်ဘုရားတစ်ဝက်အဆင့်ကျွမ်းကျင်သူ၏ အမွေအနှစ်နှင့် ကောင်းကင်ဖြိုဖျက်ခြင်းသိုင်းဘုရင်၏ ရတနာသည် တုန်လှုပ်စရာကောင်းသောကြောင့် သိုင်းဘုရင်အဆင့်ကျွမ်းကျင်သူတစ်ယောက်ကို ဆွဲဆောင်နိုင်သည်။

"မဟုတ်ဘူး...ဒါကိုယ်ပွားတစ်ခုပဲ.....သိုင်းဘုရင်အဆင့်ကျွမ်းကျင်သူ ရဲ့ ကိုယ်ပွားပဲ"
ချင်နန်သည် မကြာခင်၌ သူ၏ အတွေးများကို စုစည်းလိုက်ပြီး မချိပြုံး ပြုံးလိုက်သည်။

သိုင်းဘုရင်တစ်ယောက်၏ ကိုယ်ပွားသာဆိုလျှင်ပင် သူ့အား လိုက်ဖမ်းနေကြသည့် အကြီးအကဲများနှင့် ဂျီးနီးယပ်များထက် များစွာ ကြောက်စရာကောင်းသည်။ အဆုံး၌ သိုင်းဘုရင်အဆင့်ကျွမ်းကျင်သူ၏ နားလည်မှု၊ စွမ်းအား....အစရှိသည်တို့သည် အကြီးအကဲများထက် လုံးဝသာလွန်သည်။

"ဟား...ဟား...ဟား...ချင်နန် မင်းမှာ ရှိတာကို ငါ့ကို လွှဲပေးဖို့ အသက်သုံးရှိုက်အချိန်ရမယ်...မဟုတ်ရင် ဒီနေ့က မင်းရဲ့ သေနေ့ပဲ"
ရွှေရောင်လက်ကြီး၏ ဘေး၌ ဟော်ဝူလုံ ထွက်ပေါ်လာပြီး ရယ်မောချလိုက်သည်။

မင်းက အမွေအနှစ်ကိုရသွားခဲ့တော့ကော ဘာဖြစ်လဲ...မင်းအဲဒါတွေကို ငါ့အဖေကို ပေးရတော့မယ်....

အခြားသိုင်းဘုရင်များ၏ သားနှစ်ယောက်နှင့် နတ်ဘုရားအဆင့်ပေါ်မှ ဂျီးနီးယပ်လည်း ပြုံးလိုက်သည်။

အဆန်းကြယ်ဆုံး သိုင်း၀ိဉာဥ် အတွဲ ၂ ( ၁၀၀၁ မှ ၁၉၈၀) ခွင့်ပြုချက်ရပြီးWhere stories live. Discover now