၁၄၁၆ - ၁၄၂၀

410 34 0
                                    


အပိုင်း (၁၄၁၆)ဝိညာဉ်ထွက်ခြင်း

      “ဘာဖြစ်တာလဲ"
      သိုင်းနတ်ဘုရားဟွန်ရီနှင့် အခြားသူများ၏ မျက်နှာထက်၌ မယုံကြည်နိုင်မှုများ ပြည့်နှက်နေသည်။

     မှော်ဆံရှင်ဓားနတ်ဘုရား ကောင်းကင်တောင်ပိုင်းဂိတ်နှင့် စစ်ပွဲဆင်နွှဲစဥ်က  အထင်ကရဓားပျံသည် လျှို့ဝှက်ဆန်းကြယ်စွာဖြင့် နှစ်ကြိမ်ပျောက်ကွယ်သွားပြီဖြစ်သည်။
    ယခုအချိန်၌ တတိယအကြိမ် ဆက်ပျောက်သွားပါသည်လော…

    “ဓားရဲ့စွမ်းအားက ဒီအဆင့်ထိရောက်နေလိမ့်မယ်လို့ ဘယ်သူထင်ထားခဲ့မိမှာလဲ… ဒါကြောင့်မလို့ သူတို့ ဒီလိုအခြေအနေအောက်မှာ ပေါ်လာရဲတာကိုး"
    ယင်ယန်တာအိုရှင်သတိ၀င်လာပြီး သူ၏ မျက်လုံးထဲ အနက်ရောင်အလင်းနှင့် အဖြူရောင်အလင်း တောက်ပသွားသည်။
      “ဒါပေမဲ့ မင်းတို့က ငါ့ရဲ့ လုပ်နိုင်စွမ်းကို လျှော့တွက်ထားတာပဲ"

     ဝှစ်…

    သူ၏ ကျောမှ ရှေးဟောင်းလိပ်ပုံရိပ်ကြီးနှင့်အတူ ထူးဆန်းသောသင်္ကေတများ ပြည့်နှက်နေသည့် ပန်းချီကားတစ်ချပ် ၊ ကြီးမားသောအနက်ရောင်စစ်တုရင်ခုံတစ်ခုံ၊ မီးခိုးရောင်နှင့် အဖြူရောင်စစ်တုရင်ရုပ်များ၊ ပြန့်ကျဲနေသည့် ဝါးချောင်းများ ပေါ်လာသည်။ ၎င်းတို့ တစ်ခုချင်းစီတွင် ကံကြမ္မာ၏ အငွေ့အသက်များ ဖုံးလွှမ်းနေသည်။

      “ကောင်းကင်အံတု၍ တွက်ချက်ခြင်း....ကြီးမြတ်တဲ့တာအို"
    ယင်ယန်တာအိုရှင်၏ ခန္ဓာကိုယ်မှ ပုံရိပ်ယောင် မီးလျှံများ ပေါက်ကွဲထွက်လာပြီး လက်နှစ်ဖက်ဖြင့် မှော်ဆန်သောလက်ဟန်သင်္ကေတများ ပြုလုပ်လိုက်သည်။
     သူသည် ပုံရိပ်များကို တစ်ခုပြီးတစ်ခု အသက်သွင်းလိုက်ပြီးနောက် ၎င်းတို့ထံမှ တောက်ပသော အလင်းများ ထွက်ပေါ်လာသည်။
     တစ်လောကလုံး စောင့်ကြည့်ခံနေရသကဲ့သို့ မရေမတွက်နိုင်သော ပုံရိပ်များ ထွက်ပေါ်လာသည်။

     “သူတို့ ဒီသုံးနေရာမှာပေါ်လာနိုင်တာလား"
   ယင်ယန်တာအိုရှင်၏ မျက်လုံးများ ပုံရိပ်သုံးခုအပေါ်သို့ ကျရောက်နေပြီး အနည်းငယ်တုံ့ဆိုင်းစွာဖြင့် ပြောလိုက်သည်။
      “ဒီလိုဆိုရင် ငါတို့ ကောင်းကင်တိမ်တိုက်တောင်တန်းကိုရွေးမယ်…"

အဆန်းကြယ်ဆုံး သိုင်း၀ိဉာဥ် အတွဲ ၂ ( ၁၀၀၁ မှ ၁၉၈၀) ခွင့်ပြုချက်ရပြီးWhere stories live. Discover now