၁၁၅၆ - ၁၁၆၀

320 37 0
                                    


အပိုင်း (၁၁၅၆) လူတစ်အုပ်လုံးကို စိန်ခေါ်ခြင်း

     အဖြစ်အပျက်များသည် အလွန်မြန်သောကြောင့် နဂါးအင်ပါယာ၊ ကိုးမြီးသိုင်းဘုရင်သားရဲနှင့် နတ်မိစ္ဆာသိုင်းဘုရင်သားရဲတို့ပင် အချိန်မီမတုံ့ပြန်နိုင်ခဲ့ပေ။

    ၀မ်ကျန်ရွှယ်သည် အလွန်ရက်စက်ကာ အနိုင်ယူပြီးသည့်နောက်တွင်ပင် ကျိုးကျိုးနှင့် ရန်ချီတို့ကို မသန်မစွမ်းတစ်၀က် ဖြစ်သွားအောင်လုပ်လိမ့်မည် သိုင်းဘုရင်များ၊ အကြီးအကဲများနှင့် ဂျီးနီးယပ်များ လုံး၀မထင်ခဲ့ပေ။
ော
      “သေလိုက်စမ်း"
    အထက်မှ အလွန်အေးစက်သော အသံထွက်ပေါ်လာသည်။

     ရုတ်တရက်ဒိုဂျိုတစ်ခုလုံးမှိန်ဖျော့သွားသကဲ့သို့ ကြီးမားသော နဂါးလက်သည်းကြီးသည် ၀မ်ကျန်းရွှယ်ကို ရှေးရှု၍ ကောင်းကင်ကိုဖုံးလွှမ်းသွားသည်။
        အကယ်၍ တိုက်ခိုက်မှုသာ သက်ဆင်းလာပါက ၀မ်ကျန်ရွှယ်သေလိမ့်မည်ဖြစ်သည်။

      “ရပ်လိုက်"
    ကျယ်‌လောင်သော အော်သံနှင့်အတူ နဂါးလက်သည်းဆီသို့ အဝေးမှ ပိန်လှီသည့် လက်တစ်ဖက် တိုး၀င်လာသည်။

    ဘန်း…

    ကောင်းကင်တစ်ခုလုံး ပြိုကျလာသည်ဟု ခံစားလိုက်ရသည်။
     ထို့နောက် ပတ်၀န်းကျင်ကို လေပြင်းများတိုက်ခတ်သွားကာ အကြီးအကဲများနှင့် တပည့်များလေရှိန်ကြောင့် နာကျင်သွားကြသည်။

     သိုင်းဘုရင်နှစ်ယောက်၏ တိုက်ခိုက်မှုသည် ကောင်းကင်နှင့် မြေပြင်ကို တုန်လှုပ်စေရန် လုံ‌လောက်သည်။
     ထို့ပြင် သူတို့သည် သိုင်းဘုရင်အထွတ်အထိပ်အဆင့်များဖြစ်ကြသည်။

     “မျက်လုံးနက်…မင်းငါ့ကိုတားချင်နေတာလား"
     နဂါးအင်ပါယာ၊ ကိုးမြီးသိုင်းဘုရင်သားရဲနှင့် နတ်မိစ္ဆာသိုင်းဘုရင်သားရဲတို့ ကြောက်မက်ဖွယ်ရာအော်ရာများဖြင့် ရှေ့တက်လိုက်သည်။
      မျက်လုံးနက်၏ ရည်ရွယ်ချက်ကို အတည်ပြုပြီးပါက သူတို့ ထသတ်မည့်ပုံရသည်။

      “ကျေးဇူးပြုပြီးစိတ်လျှော့ပါ…၀မ်ကျန်ရွှယ်က သူတို့ကို မသန်မစွမ်းတစ်၀က်ဖြစ်အောင်လုပ်ခဲ့ပေမဲ့ အဲလိုလုပ်ခွင့်ရှိဘူးလို့ ကျုပ်တို့တစ်ခါမှ မပြောခဲ့ဘူးနော်…၀မ်ကျန်ရွှယ်က ရက်စက်ပါတယ်…ဒါပေမဲ့ သူ စည်းမဖောက်ဘူး…တကယ်လို့ ခင်ဗျားတို့သုံးယောက်တိုက်မယ်ဆိုရင် ခင်ဗျားတို့ ကျိုးကြောင်းမဆီလျော်ပဲ ကိုယ့်ကိုယ်ကိုယ်အရှက်ခွဲမိမှာ ကျုပ်စိုးရွံ့မိတယ်"
         မျက်လုံးနက်သိုင်းဘုရင်ပြောလိုက်သည်။

အဆန်းကြယ်ဆုံး သိုင်း၀ိဉာဥ် အတွဲ ၂ ( ၁၀၀၁ မှ ၁၉၈၀) ခွင့်ပြုချက်ရပြီးWhere stories live. Discover now