1786 - 1790

289 19 0
                                    

အပိုင်း(၁၇၈၆)ယန်ကူ၏ သေဆုံးခြင်း

    စကားလုံးအနည်းငယ်သည် ယွမ်ကျိနှင့် ရှို့ရှန်လျန်၏ မျက်လုံးထဲ ထိတ်လန့်တုန်လှုပ်မှုများ ဖြစ်ပေါ်သွားစေသည်။
         သူတို့ တွေ့ကြုံရသော ထိတ်လန့်မှုသည် ချင်နန် ပဉ္စမအင်မော်တယ်၏ ဝိညာဉ်နှင့် ခန္ဓာကိုယ် ရခဲ့ကြောင်းကြားချိန်က ထိတ်လန့်တုန်လှုပ်မှုနှင့် နှိုင်းယှဉ်လို့ရသည်။

     သွေးမျက်လုံးသည် ချင်နန်နှင့် ဧကရီဖေးယွဲ့၏ ဆက်ဆံရေးကိုသိပြီးသားဖြစ်သောကြောင့် အတော်လေးတည်ငြိမ်နေသည်။
    သို့သော်လည်း တောက်ပခြင်းရှစ်ပါးနတ်ဆိုးအင်ပါယာမှာ သွေးအန်လုနီးပါးဖြစ်နေသည်။

     အညတရ…
    သူမသည် ကိုးကောင်းကင်အဓိပတိဖြစ်ဖြစ်ချင်းမှာပင် ကိုးကောင်းကင်အဓိပတိများစွာကို သတ်ပစ်ခဲ့သည်။ သူမသည် တဖြည်းဖြည်း အသန်မာဆုံးကိုးကောင်းကင်အဓိပတိဖြစ်လာမည်ဖြစ်သော်လည်း သူမကိုယ် သူမ အညတရဟု သုံးနှုန်းနေပါသလော…
      ကိုးကောင်းကင်အင်မော်တယ်ဘုံတွင် ဧကရီဖေးယွဲ့မည်သူဖြစ်ကြောင်း မသိသည့်လူတစ်ယောက်ရှိပါသလော…

       “တောက်ပခြင်းရှစ်ပါး ဒီမိန်းမက အစွမ်းထက်လို့လား"
     ပျက်ကိန်းသည် လူတိုင်း၏ တုံ့ပြန်မှုကိုကြည့်ကာ မနေနိုင်ဘဲ မေးလိုက်သည်။

     သူသည် ကောင်းကင်ပြုပြင်ခြင်းအိုးထဲတွင် နှစ်ပေါင်းများစွာပိတ်လှောင်ခံထားရပြီး ယင်ယန်လောကထဲတွင် နေထိုင်ခဲ့ရသောကြောင့် အပြင်လောကတွင် ဖြစ်ပျက်နေသည့်ကိစ္စများကို မသိပေ။

       ဧကရီဖေးယွဲ့သည် သူ၏ ခေတ်ကာလက မဟုတ်ကြောင်း သိသာထင်ရှားသည်။ သူ အလွန်ရှုပ်ထွေးနေသည်။ ဧကရီဖေးယွဲ့၏ အော်ရာအရ သူမသည် ကိုးကောင်းကင်အဓိပတိသာဖြစ်သော်လည်း ရှို့ရှန်လျန်တို့သည် အဘယ်ကြောင့် ဤကဲ့သို့တုံ့ပြန်မှုမျိုး ပြနေပါသနည်း…

        “သူက…"
       တောက်ပခြင်းရှစ်ပါးနတ်ဆိုးအင်ပါယာ  ရှင်းပြတော့မည့်အချိနိ၌ ဧကရီဖေးယွဲ့က အေးစက်စွာပြောလိုက်သည်။
       “ပျက်ကိန်း…ကျွန်မမကြာသေးခင်က ယန်ကူနဲ့တွေ့ပြီး မတော်တဆသတ်ပစ်မိခဲ့တယ်…ဒါကြောင့်မလို့ ရှင်က ကျန်တဲ့ ရှေးဦးမိစ္ဆာဆယ်ပါးထဲမှာ အဆင့်တစ်ဖြစ်သွားပြီ"

အဆန်းကြယ်ဆုံး သိုင်း၀ိဉာဥ် အတွဲ ၂ ( ၁၀၀၁ မှ ၁၉၈၀) ခွင့်ပြုချက်ရပြီးWhere stories live. Discover now