၁၄၃၁ - ၁၄၃၅

333 32 0
                                    


အပိုင်း (၁၄၃၁) ခြိမ်းခြောက်မှု

   ထိုစဉ်အတောအတွင်း မိုးခေါင်နတ်ဆိုးအင်မော်တယ်သင်္ချိုင်း၏ စတုတ္ထထပ်တွင်…

     စတုတ္ထထပ်သည် ပထမအထပ်သုံးထပ်နှင့် ခြားနားသည်။ စတုတ္ထထပ်၌ ကျယ်ပြောသော ချိုင့်ဝှမ်းတစ်ခုနှင့် အရွယ်အစားအမျိုးမျိုး နန်းတော်များရှိနေသည်။
   နန်းတော်တစ်ခုချင်းစီတိုင်းသည် နတ်ဘုရားအလင်းများ ဖုံးလွှမ်းနေပြီး ကြောက်မက်ဖွယ်ရာအော်ရာတစ်ခု ပေးစွမ်းနေသည်။ ပတ်၀န်းကျင်တွင် တားမြစ်အစီအရင်များနှင့် ထောင်ချောက်များပြည့်နှက်နေကာ မြေနတ်ဘုရားအဆင့်ငါးနှင့်ညီမျှသော စွမ်းအားရှိသည့် အစောင့်ဝိညာဉ်ဆယ့်သုံးယောက် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေသည်။
     ထို့ပြင် ချိုင့်ဝှမ်း၏ အဆုံးတွင် ဆယ်ကျန်မြင့်သော ကြေးနီရောင်ကျောက်တိုင်တစ်တိုင်ရှိနေသည်။
      ကျောက်တိုင်ထဲသို့ မိုးခေါင်နတ်ဆိုးဆွဲသီးနီများနှင့် ရွှေခရမ်းဆွဲသီးများထည့်သူသည် အနက်ပိုင်းသို့သွားကာ မိုးခေါင်နတ်ဆိုးအမွေအနှစ်ရရှိလိမ့်မည်ဖြစ်သည်။

      “အစီအရင်တွေဖွဲ့လိုက်ကြ…အစောင့်ဝိညာဉ်တွေမနိုးစေနဲ့"
     ချိုင့်ဝှမ်း၏ ၀င်ပေါက်၌ အဘိုးအိုသုံူယောက် ရပ်နေသည်။ ရက်စက်ကြမ်းကြုတ်သောသွင်ပြင်နှင့် ခရမ်းရောင်ဆံပင်များရှိသည့် ရှေးကဦးဆောင်လာသူ လူအုပ်ကို အသံပို့လွှတ်ကာ ပြောလိုက်သည်။
      သူတို့သည် အဖွဲ့အစည်းသုံးခုကလာသည့် အဘိုးအိုကျီရှူ၊ အဘိုးအိုဟွန်ကျန်နှင့် အဘိုးအိုဝူကွေးတို့ဖြစ်သည်။ သူတို့၏ ကျင့်ကြံမှုများသည် လူသားနတ်ဘုရားတစ်၀က်အဆင့်သို့ ရောက်နေပြီဖြစ်ပြီး ထူးကဲမှုလေးခုထဲက နှစ်ခုကို ကျွမ်းကျင်ထားသည်။
       ဤမိုးခေါင်နတ်ဆိုးစစ်မြေပြင်တွင် မိုးခေါင်နတ်ဆိုးအင်မော်တယ်သင်္ချိုင်းဖွင့်သည်နှင့် လူသားနတ်ဘုရားအဆင့်ကျွမ်းကျင်သူများလည်း ၀င်ခွင့်ရှိသည်။ သို့သော်လည်း သူတို့၏ ကျင့်ကြံမှုများကို လူသားနတ်ဘုရားအဆင့်တစ်သို့ ဖိနှိပ်ခံရလိမ့်မည်ဖြစ်သည်။

      “အမိန့်အတိုင်းပါ"
     လူသားနတ်ဘုရားအဆင့်ကျွမ်းကျင်သူနှစ်ဆယ့်ကိုးယောက်၊ ဟန်မင်လီနှင့် အခြားသူများအပါအ၀င် ပါရမီရှင်နှစ်ဆယ်ကျော် သိုင်းနတ်ဘုရားခြောက်ယောက်နှင့် ရှူဒုံကျယ်နှင့် အခြားသူများကဲ့သို့ အဆင့်မြင့်ပုဂ္ဂိုလ်များ များတုံ့ပြန်လိုက်ပြီးနောက် သူတို့၏ ခန္ဓာကိုယ်ထဲမှ အဆောင်များကို အသက်သွင်းလိုက်သည်။
      သူတို့သည် အစီအရင်များကို အစောင့်ဝိညာဉ်ဆယ့်သုံးယောက်အား တိုက်ခိုက်ဖို့ ဖွဲ့စည်းခြင်းသာမဟုတ်ဘဲ အဘိုးအိုချန်းမင်ကို အလစ်အငိုက်တိုက်ခိုက်ဖို့အတွက်လည်းပါသည်။

အဆန်းကြယ်ဆုံး သိုင်း၀ိဉာဥ် အတွဲ ၂ ( ၁၀၀၁ မှ ၁၉၈၀) ခွင့်ပြုချက်ရပြီးWhere stories live. Discover now