1916 - 1920

126 11 0
                                    

အပိုင်း (၁၉၁၆)

      “အတော်ထူးဆန်းလိုက်တာ…ဒီထဲမှာ အရမ်းဖျော့တော့တဲ့ သတ်ဖြတ်ခြင်းစွမ်းအင်ရှိတယ်"
    ပျက်ကိန်း၏ မျက်လုံးထဲက အံ့ဩတုန်လှုပ်မှုများ ကြီးထွားလာသည်။
  
   အဘယ်ကြောင့် ဗုဒ္ဓကန်ထဲတွင် လျို့ဝှက်ဆန်းကြယ်သောတည်ရှိမှုတစ်ခုရှိနေရပါသနည်း…

     “ဟုတ်လား"
    ချင်နန် စစ်နတ်ဘုရား၏ ဘယ်ဘက်မျက်လုံးကို အသုံးပြုလိုက်သည်။
    သူတို့၏ အောက် မနီးမဝေး၌ မီးခိုးရောင်အလင်းတစ်ခုရှိသည်။
    အလင်းရောင်၏ အောက်တွင် အနက်ရောင်ကုန်းမြေတစ်ခုကို သူ ခပ်ပြပြမြင်ရသည်။

    ၎င်းသည် ကြောက်မက်ဖွယ်ရာအော်ရာတစ်မျိုး ဖြစ်သော်လည်း ချင်နန်သည် ၎င်းထံမှ မည်သည့်သတ်ဖြတ်ခြင်းစွမ်းအင်မျှ မတွေ့ပေ။

      “အထဲဝင်ဖို့ ကြိုးစားကြည့်ရအောင်"
    ခဏစဉ်းစားပြီးနောက် ချင်နန်သည် သူ၏ အင်မော်တယ်စွမ်းအင်ကို အသုံးပြု၍ အစီအရင်ကို စူးစမ်းလိုက်သည်။

       အစီအရင်ထဲ ဝင်သွားပြီးနောက် မကြာခင်၌ အင်မော်တယ်စွမ်းအင်က ပျောက်ကွယ်သွာသည်။ ၎င်းသည် မည်သည့် တုံ့ပြန်မှုမျှ မပြပေ။

     “ဒီဗုဒ္ဓကန်က အတော်လေး စိတ်ဝင်စားစရာပဲ"
    ပျက်ကိန်း မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။
     “ချင်နန် ငါ့အထင်အရပြောမယ်ဆို ဗုဒ္ဓနန်ထိုင် မင်းကို ဗုဒ္ဓကန်ထဲမှာ နေခိုင်းတာက ဒီနေရာကြောင့်ဖြစ်လိမ့်မယ်လို့ ထင်တယ်"

    ချင်နန် ခေါင်းညိတ်လိုက်သည်။ သူ့တွင်လည်း အလားတူအတွေးမျိုးရှိသည်။

    ပျက်ကိန်း ထပ်ပေါင်းထည့်ကာပြောလိုက်သည်။
   “ငါတို့... ငါတို့ အထဲကိုသွားကြည့်ရမလား…တကယ်လို့ ဗုဒ္ဓနန်ထိုင်က မင်းကို ဒီပုံမှန်မဟုတ်တဲ့နေရာတွေ့အောင်လို့ အများကြီးကြိုးစားခဲ့ရတယ်ဆိုရင် ငါတို့ အထဲမှာ မမျှော်လင့်ထားတဲ့အရာတချို့ တွေ့နိုင်တယ်"

     “ခင်ဗျားပြောတာမှန်တယ်"
    ချင်နန် မီးခိုးရောင်အလင်းကိုဖြတ်ကျော်၍ အနက်ရောင်ကုန်းမြေပေါ်ဆင်းသက်လိုက်သည်။
      သူ ပတ်ဝန်းကျင်ကို စစ်ဆေးလိုက်သည်။ ပတ်ဝန်းကျင်က အလွန်နက်မှောင်နေသည်။ ထူးဆန်းသောစွမ်းအင်တစ်ခုက ချင်နန်၏ အမြင်အာရုံကို ကန့်သတ်ထားသည်။ သူသည် ကျန်နှစ်ဆယ်အဝေးလောက်ကိုသာ မြင်နိုင်သည်။

အဆန်းကြယ်ဆုံး သိုင်း၀ိဉာဥ် အတွဲ ၂ ( ၁၀၀၁ မှ ၁၉၈၀) ခွင့်ပြုချက်ရပြီးWhere stories live. Discover now