၁၃၈၆ - ၁၃၉၀

340 36 0
                                    


အပိုင်း (၁၃၈၆) ဘယ်သူမှ ထိခွင့်မရှိဘူး

      “ဘုရင်အဆင့် အသေသတ်ကွက်သုံးပြီလား"
     ကန်းလန်တိုက်တစ်၀န်းမှ ကြောက်မက်ဖွယ်ရာတည်ရှ်ိမှုများ တုန်လှုပ်သွားသည်။

        ဘုရင်အဆင့်၊ နတ်ဘုရားအဆင့်နှင့် ကောင်းကင်တောင်ပိုင်းဂိတ်တို့သည်  တခြားပြင်ဆင်မှုများ လုပ်ထားမည်ဖြစ်သဖြင့် သူတို့ တိုက်ခိုက်မှုကို အများကြီးမအံ့ဩပေ။
       သို့သော်လည်း သူတို့သည် တာအိုမူလတောင်နှင့် အလွန်ကွာဝေးသောကြောင့် ဤကဲ့သို့ တိုက်ခိုက်ရန် ကြီးမားသောကြိုးပမ်းအားထုတ်မှုနှင့် အချိန်တစ်ခုယူရလိမ့်မည်ဖြစ်သည်။
     တစ်ခုတည်းသော ပြဿနာမှာ အဘယ်ကြောင့် ယခုကဲ့သို့ အလွန်အရေးကြီးသောအခြေအနေတွင်ရောက်လာပါသနည်း…

      “ဘုရင်အဆင့် မင်းတို့က ကန်းလန်တိုက်ကြီးက ကျင့်ကြံသူတွေကို နှစ်ပေါင်းတစ်သောင်းကျော်ထိန်းချုပ်ပြီးသွားပြီ…မင်းတို့ ဒီလိုမျိုး ထာ၀ရလုပ်နိုင်မယ်လို့ ထင်နေတာလား…ငါတို့ လုံး၀ပြန်မတိုက်ဘူးလို့ထင်နေတာလား"
     တာအိုမူလတောင်သခင်၏ ခန္ဓာကိုယ်မှ ကြောက်မက်ဖွယ်ရာအော်ရာတစ်ခု ပေါက်ကွဲထွက်လာသည်။ သူသည် မြေပြင်ကို ခြေတစ်ချက်ဆောင့်ကာ ဟင်းလင်းပြင်ထဲ ပျောက်ကွယ်သွားသည်။ သူ ပြင်းထန်သောစွမ်းအားများ ထုတ်ဖော်ကာ အသေသတ်ကွက်ကို တားဆီးလိုက်သည်။
      သူ ယခုအချိန်ထိ မလှုပ်ရှားဘဲနေခြင်းမှာ ဘုရင်အဆင့်၊ နတ်ဘုရားအဆင့်နှင့် ကောင်းကင်တောင်ပိုင်းဂိတ်တို့၏ တိုက်ခိုက်မှုကို မျက်စိဒေါက်ထောက်ကြည့်နေသောကြောင့်ဖြစ်သည်။

      “တာအိုမူလ…မင်းက ငါတို့ဆီက ဆက်ပုန်းနေရမဲ့အစား ချင်နန်ဘက်ကိုရွေးခဲ့တယ်…တကယ်လို့ ဒီလိုဆို ငါတို့မင်းကိုဖယ်ရှားပစ်မယ်"
        နတ်ဘုရားအဆင့်၏ အေးစက်သောအသံ ပေါက်ကွဲထွက်လာပြီး နောက်ထပ်အစွမ်းထက်တိုက်ခိုက်မှုများ ပြုလုပ်လိုက်သည်။

      “ငါ့ကိုဖယ်ရှားမယ်...ဟုတ်လား…မင်းဒါကိုဘယ်လိုလုပ်မလဲဆိုတာ ငါကြည့်ချင်တယ်"
       တာအိုမူလတောင်သခင် လုံး၀အကြောက်အရွံ့ကင်းမဲ့စွာ ရှိနေသည်။
     လေတစ်ချက်အဝှေ့နှင့်အတူ ချက်ချင်းပင် ကောင်းကင်မဲ့ဒိုဂျိုမှ အပြာရောင်အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး ရှေးဟောင်းကြာပန်းပွင့်ကြီးတစ်ခုအဖြစ် ပြောင်းလဲသွားပြီး တိုက်ခိုက်မှုများကို ချေဖျက်လိုက်သည်။
      သူ လွန်ခဲ့တဲ့နှစ်ပေါင်းထောင်ချီလုံးလုံး ဘာမျှမလုပ်ဘဲ နေနေခြင်းမဟုတ်ပေ။ သူသည် ကျင့်ကြံမှု၏ နောက်ကွယ်မှ အစစ်အမှန်ကို သေချာနားလည်ရန် ရှေးဟောင်းနတ်ဆိုးတွင်းနက်ဆီသို့ သွားနေခြင်းဖြစ်သည်။
      သူသည် ၎င်းကို အပြည့်အ၀မကျွမ်းကျင်သည့်တိုင် ယခင်ကထက် များစွာသန်မာလာသည်။
  
     ဘန်း...ဘန်း....ဘန်း...
     အဆက်မပြတ်ပေါက်ကွဲမှုများဖြစ်ပွားသွားသည်။ 
       တာအိုမူလတောင်၏ အပြင်ဘက် ကျယ်ပြောသော ကုန်းမြေ ဟင်းလင်းပြင်၊ တောင်တန်းများ အစရှိသည့်အရာများအားလုံး  လောကပျက်သည့်ပမာ တုန်ခါလာသည်။

အဆန်းကြယ်ဆုံး သိုင်း၀ိဉာဥ် အတွဲ ၂ ( ၁၀၀၁ မှ ၁၉၈၀) ခွင့်ပြုချက်ရပြီးWhere stories live. Discover now